
=======================


Ref: ဘန်ကောက်ပိုစ်


ထိုင်းတောင်ပိုင်းနယ်စပ်ရှိ နိုင်ငံပိုင် ဆီဆိုင် ၁၁ ဆိုင် ဗုံးခွဲခံရ
=======================
တနင်္ဂနွေနေ့ နံနက်အစောပိုင်းက ထိုင်းတောင်ပိုင်း နယ်စပ်ခရိုင် သုံးခုရှိ နိုင်ငံပိုင်  ပီတီတီ စက်သုံးဆီဆိုင် ၁၁ ဆိုင် သည် ဗုံးခွဲတို-က်ခို-က်ခံခဲ့ရကြောင်းသိရသည်။ ကနဦးသတင်းများအရ အ‌ေ-သအပျောက် များ မရှိကြောင်း သိရသည်။
“မသမာသူများ” က စက်သုံးဆီဆိုင် ၁၁ ဆိုင်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဌာန (အိုင်အက်စ်အိုစီ) က ပြောကြားခဲ့ပြီး မီးငြိမ်းသတ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ဗုံး ၅ လုံးမှာ နာရထီဝပ်ခရိုင်ရှိ  ချိုအိုင်ရုန်၊ ချနယ်၊ ရန်ဂယ်၊  ဝဲင်နှင့် ဆုန်ဂိုင် ကိုလိုက် မြိုနယ်များတွင် လည်းကောင်း၊ ၂ လုံးမှာ ပတ္တနီခရိုင်ရှိ  မုအန်း နှင့် ကာဖို မြိုနယ်များတွင် လည်းကောင်း၊ ကျန် ၄ လုံးမှာ ယဲလားခရိုင်ရှိ ကာဘန်း၊ ဘန်နန်း ဆာတာနှင့်ဘမုအန်း မြိုနယ်များတွင် လည်းကောင်း အသီးသီး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref: ဘန်ကောက်ပိုစ်