YUFL မွ အဂၤလိပ္ဘာသာစကား Online ႏွင့္ On Campus သင္တန္း ဖြင့္လွစ္မည္

YUFL မွ အဂၤလိပ္ဘာသာစကား Online ႏွင့္ On Campus သင္တန္း ဖြင့္လွစ္မည္
==================
တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္သူမ်ားတတ္ေရာက္ႏိုင္မည့္ အဂၤလိပ္ဘာသာစကား Online ႏွင့္ On Campus သင္တန္းကို YUFL မွ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ Diploma in English Communication Skill သင္တန္းကို အြန္လိုင္းမွျဖစ္ေစ၊ ေက်ာင္းတြင္ လူကိုယ္တိုင္ျဖစ္ေစ တက္ေရာက္ႏိုင္မည္ျဖစ္ၿပီး သင္တန္းကို ၂၀၂၆ ခုႏွစ္ ဇန္နဝါရီလ (၁၇) ရက္ေန႔တြင္ ဖြင့္လွစ္မည္ျဖစ္သည္။
Basic I (Online) သင္တန္း ေလွ်ာက္ထားသူမ်ားသည္ အနိမ့္ဆုံးပညာအရည္အခ်င္း တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္ထားရမည္ျဖစ္ၿပီး ဇန္နဝါရီ (၈) ရက္ေန႔၊ ေန႔လည္ (၁၂) နာရီတိတိတြင္ Online Registration ျပဳလုပ္ရမည္ျဖစ္သည္။
လူဦးေရ (၄၀၀) ျပည့္သည္ႏွင့္ Registration Form အား စာရင္းပိတ္မည္ျဖစ္ၿပီး Registration ေအာင္ျမင္သူမ်ားကို ဇန္နဝါရီ (၉) ရက္ေန႔ ည (၈) နာရီတြင္ YUFL Facebook Page တြင္ ေၾကညာေပးမည္ျဖစ္သည္။
Registration ေအာင္ျမင္သူမ်ားသည္ YUFL KBZ Quick Pay ျဖင့္ စာေမးပြဲေၾကး (၃,၀၀၀) က်ပ္ကို ဇန္နဝါရီ (၁၁) ရက္ေန႔မတိုင္မီ ေပးသြင္းရမည္ျဖစ္သည္။
ယင္းအျပင္ ဇန္နဝါရီ (၁၁) ရက္ေန႔ Page တြင္ေၾကညာထားမည့္ Exam Form ၌ေငြသြင္းခ်လန္အား Screenshot ႐ိုက္၍ အခ်က္အလက္ ျပည့္စုံစြာ ျဖည့္စြက္မွသာ စာေမးပြဲေျဖဆိုရမည့္ Link ကို အီးေမးလ္မွတဆင့္ ရရွိမည္ျဖစ္ေၾကာင္း၊ ဇန္နဝါရီ (၁၃) ရက္ေန႔ နံနက္ (၁၀) နာရီတြင္ ဝင္ခြင့္စာေမးပြဲ ေျဖဆိုရမည္ျဖစ္သည္။
ဝင္ခြင့္စာေမးပြဲေအာင္စာရင္းကို ဇန္နဝါရီ (၁၅) ရက္ေန႔ ေၾကညာေပးမည္ျဖစ္ၿပီး အမွတ္အမ်ားဆုံးရရွိသူ (၂၀၀) ဦးသာ သင္တန္းတက္ေရာက္ခြင့္ရရွိမည္ျဖစ္ၿပီး သင္တန္းတက္ေရာက္ခြင့္ မရရွိသူမ်ားအား စာေမးပြဲေၾကး (၃,၀၀၀) က်ပ္အား ျပန္လည္ထုတ္ေပးမည္ မဟုတ္ေၾကာင္း သိရသည္။ #Popular


YUFL မှ အင်္ဂလိပ်ဘာသာစကား Online နှင့် On Campus သင်တန်း ဖွင့်လှစ်မည်
==================
တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများတတ်ရောက်နိုင်မည့် အင်္ဂလိပ်ဘာသာစကား Online နှင့် On Campus သင်တန်းကို YUFL မှ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Diploma in English Communication Skill သင်တန်းကို အွန်လိုင်းမှဖြစ်စေ၊ ကျောင်းတွင် လူကိုယ်တိုင်ဖြစ်စေ တက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်သည်။
Basic I (Online) သင်တန်း လျှောက်ထားသူများသည် အနိမ့်ဆုံးပညာအရည်အချင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားရမည်ဖြစ်ပြီး ဇန်နဝါရီ (၈) ရက်နေ့၊ နေ့လည် (၁၂) နာရီတိတိတွင် Online Registration ပြုလုပ်ရမည်ဖြစ်သည်။
လူဦးရေ (၄၀၀) ပြည့်သည်နှင့် Registration Form အား စာရင်းပိတ်မည်ဖြစ်ပြီး Registration အောင်မြင်သူများကို ဇန်နဝါရီ (၉) ရက်နေ့ ည (၈) နာရီတွင် YUFL Facebook Page တွင် ကြေညာပေးမည်ဖြစ်သည်။
Registration အောင်မြင်သူများသည် YUFL KBZ Quick Pay ဖြင့် စာမေးပွဲကြေး (၃,၀၀၀) ကျပ်ကို ဇန်နဝါရီ (၁၁) ရက်နေ့မတိုင်မီ ပေးသွင်းရမည်ဖြစ်သည်။
ယင်းအပြင် ဇန်နဝါရီ (၁၁) ရက်နေ့ Page တွင်ကြေညာထားမည့် Exam Form ၌ငွေသွင်းချလန်အား Screenshot ရိုက်၍ အချက်အလက် ပြည့်စုံစွာ ဖြည့်စွက်မှသာ စာမေးပွဲဖြေဆိုရမည့် Link ကို အီးမေးလ်မှတဆင့် ရရှိမည်ဖြစ်ကြောင်း၊ ဇန်နဝါရီ (၁၃) ရက်နေ့ နံနက် (၁၀) နာရီတွင် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည်ဖြစ်သည်။
ဝင်ခွင့်စာမေးပွဲအောင်စာရင်းကို ဇန်နဝါရီ (၁၅) ရက်နေ့ ကြေညာပေးမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသူ (၂၀၀) ဦးသာ သင်တန်းတက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး သင်တန်းတက်ရောက်ခွင့် မရရှိသူများအား စာမေးပွဲကြေး (၃,၀၀၀) ကျပ်အား ပြန်လည်ထုတ်ပေးမည် မဟုတ်ကြောင်း သိရသည်။ #Popular