

================
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရွေးကောက်ပွဲအပိုင်း (၁)မှ ရွေးကောက်ခံကိုယ်စားလှယ်များနှင့်တွေ့ဆုံ
================
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၇-၁-၂၀၂၅ ရက်နေ့ နေ့လည်ပိုင်း၌ ရွေးကောက်ပွဲ အပိုင်း(၁)တွင် ရွေးချယ်ခံရသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုယ်စားလှယ်များအား ပါတီဌာနချုပ်ရုံးခွဲ(ရန်ကုန်)၌ တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌမှ အမှာစကားပြောကြားခဲ့ပြီး မဲဆွယ်ကာလအတွင်းက ရရှိခဲ့သည့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များအား သေချာစွာမှတ်တမ်းတင်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။




