=============================
ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းပေါက်ခေါင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ နှင့် ပါတီဝင်များတွေဆုံမိတ်ဆက်ပွဲသို့ တက်ရောက်
=============================
ပေါက်ခေါင်း ဇန်နဝါရီ ၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ပေါက်ခေါင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်သိမ်းသည်ဇန်နဝါရီလ (၈)ရက် နေ့တွင်ပဲခူးတိုင်းဒေသကြီး (အနောက်)၊ ပေါက်ခေါင်းမြို့နယ်၊ ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံအားကစားရုံ၌ ပြုလုပ်
ကျင်းပသော ပေါက်ခေါင်းမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင်ပြည်သူများ၊ပါတီဝင်များ၊ ပါတီ ဝန်းရံသူများတွေ့ဆုံမိတ်ဆက်ပွဲ သို့တက်ရောက်ခဲ့ပါသည်။.
အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး ပေါက်ခေါင်းမြို့နယ်မှပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ကြမည့် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်လောင်းများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားခဲ့ပါသည်။
ထို့နောက် ပါတီဒုတိယဥက္ကဋ္ဌ၊ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ဦးမျိုးဇော်သိမ်းမှနှုတ်ခွန်းဆက်စကားပြောကြား၍ ရွေးကေက်ပွဲကြေညာစာတမ်းအား ရှင်းလင်းခဲ့ပြီးကြွေးကြော်သံများကြွေးကြော်ကာတွေ့ဆုံပွဲပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။