ေတာင္သူမ်ားကို တစ္ဧကလွ်င္ က်ပ္ႏွစ္သိန္းခြဲႏႈန္းနဲ႔ တစ္ရာသီအတိုးမဲ့ထုတ္ေခ်းမည္

ေတာင္သူမ်ားကို တစ္ဧကလွ်င္ က်ပ္ႏွစ္သိန္းခြဲႏႈန္းနဲ႔ တစ္ရာသီအတိုးမဲ့ထုတ္ေခ်းမည္
=================
(ျပည္တြင္း) ဇန္နဝါရီ ၉

ႏိုင္ငံေတာ္မွ Rice Export Zone လုပ္ငန္းစဥ္အတြက္ ႏိုင္ငံစီးပြားဖြံ႕ၿဖိဳးေရးရန္ပုံေငြမွ တစ္ဧကလွ်င္ က်ပ္ႏွစ္သိန္းခြဲ ၂ ဒသမ ၅ သိန္းႏႈန္းနဲ႔ ေတာင္သူလယ္သမားသို႔ သီးႏွံတစ္ရာသီ အတိုးမဲ့ထုတ္ေခ်းေပးမည္ ျဖစ္ေၾကာင္း သိရပါတယ္။

ပို႔ကုန္ ၂ ဆတိုးျမႇင့္ႏိုင္ေရး ရည္မွန္းခ်က္ေအာင္ျမင္ရန္အတြက္ Rice Export Zone မ်ားကို ပို႔ကုန္လုပ္ငန္းရွင္ မ်ားက ဌာနဆိုင္ရာမ်ား၊ ေတာင္သူလယ္သမားမ်ားႏွင့္ ပူးေပါင္း၍ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားရန္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမင္းေနာင္ က Rice Export Zoneမ်ား ေဖာ္ေဆာင္ေရးႏွင့္ ဆန္စပါးမ်ိဳးေစ့ထုတ္လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အစိုးရ-ပုဂၢလိက လုပ္ငန္းညႇိႏႈိင္း အစည္းအေဝးတြင္ ေျပာၾကားခဲ့ပါတယ္။

ႏိုင္ငံေတာ္မွ Rice Export Zone လုပ္ငန္းစဥ္အတြက္ ႏိုင္ငံစီးပြားဖြံ႕ၿဖိဳးေရး ရန္ပုံေငြမွ တစ္ဧကလွ်င္ က်ပ္ ၂ ဒသမ ၅ သိန္းႏႈန္းနဲ႔ ေတာင္သူလယ္သမားသို႔ သီးႏွံတစ္ရာသီ အတိုးမဲ့ထုတ္ေခ်းေပးမည္ျဖစ္ၿပီး၊ ပို႔ကုန္လုပ္ငန္းရွင္ မ်ားမွလည္း တစ္ဧကလွ်င္ က်ပ္ ၂ သိန္းႏႈန္း ထုတ္ေခ်းေပးမွာျဖစ္ပါတယ္။

အဆိုပါေခ်းေငြကို သီးႏွံေပၚခ်ိန္တြင္ ကာလေပါက္ေဈး သတ္မွတ္၍ သီးႏွံမ်ားကို ျပန္လည္ေရာင္းခ်ေပးဆပ္ရမည္ျဖစ္ေၾကာင္း သိရပါတယ္။


တောင်သူများကို တစ်ဧကလျှင် ကျပ်နှစ်သိန်းခွဲနှုန်းနဲ့ တစ်ရာသီအတိုးမဲ့ထုတ်ချေးမည်
=================
(ပြည်တွင်း) ဇန်နဝါရီ ၉

နိုင်ငံတော်မှ Rice Export Zone လုပ်ငန်းစဉ်အတွက် နိုင်ငံစီးပွားဖွံ့ဖြိုးရေးရန်ပုံငွေမှ တစ်ဧကလျှင် ကျပ်နှစ်သိန်းခွဲ ၂ ဒသမ ၅ သိန်းနှုန်းနဲ့ တောင်သူလယ်သမားသို့ သီးနှံတစ်ရာသီ အတိုးမဲ့ထုတ်ချေးပေးမည် ဖြစ်ကြောင်း သိရပါတယ်။

ပို့ကုန် ၂ ဆတိုးမြှင့်နိုင်ရေး ရည်မှန်းချက်အောင်မြင်ရန်အတွက် Rice Export Zone များကို ပို့ကုန်လုပ်ငန်းရှင် များက ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က Rice Export Zoneများ ဖော်ဆောင်ရေးနှင့် ဆန်စပါးမျိုးစေ့ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်မှ Rice Export Zone လုပ်ငန်းစဉ်အတွက် နိုင်ငံစီးပွားဖွံ့ဖြိုးရေး ရန်ပုံငွေမှ တစ်ဧကလျှင် ကျပ် ၂ ဒသမ ၅ သိန်းနှုန်းနဲ့ တောင်သူလယ်သမားသို့ သီးနှံတစ်ရာသီ အတိုးမဲ့ထုတ်ချေးပေးမည်ဖြစ်ပြီး၊ ပို့ကုန်လုပ်ငန်းရှင် များမှလည်း တစ်ဧကလျှင် ကျပ် ၂ သိန်းနှုန်း ထုတ်ချေးပေးမှာဖြစ်ပါတယ်။

အဆိုပါချေးငွေကို သီးနှံပေါ်ချိန်တွင် ကာလပေါက်ဈေး သတ်မှတ်၍ သီးနှံများကို ပြန်လည်ရောင်းချပေးဆပ်ရမည်ဖြစ်ကြောင်း သိရပါတယ်။