လာမယ့္ေဖေဖာ္ဝါရီလ ၇ ရက္မွာ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲ က်င္းပမည္

လာမယ့္ေဖေဖာ္ဝါရီလ ၇ ရက္မွာ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲ က်င္းပမည္
===================
(ျပည္တြင္း) ဇန္နဝါရီ ၉

၂၀၂၅ ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲကို လာမည့္ ေဖေဖာ္ဝါရီလ ၇ ရက္မွာ ေနျပည္ေတာ္ရွိ MICC-1 ၌က်င္းပမည္ျဖစ္ရာ ေအာင္ျမင္စြာက်င္းပႏိုင္ေရးအတြက္ အခမ္းအနားက်င္းပေရးဦးစီးေကာ္မတီ၏ လုပ္ငန္း ညႇိႏႈိင္းအစည္းအေဝးကို ဇန္နဝါရီလ ၇ ရက္မြန္းလြဲပိုင္းကျပဳလုပ္ခဲ့ပါတယ္။

အဆိုပါ အခမ္းအနားမွာ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲ အခမ္းအနားက်င္းပေရးဦးစီးေကာ္မတီဥကၠ႒၊ ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးဦးေမာင္ေမာင္အုန္းက ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲႏွင့္ ပတ္သတ္၍ အထက္အပါအတိုင္းေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။

ဆက္လက္ၿပီ ျပည္‌ေထာင္စုဝန္ႀကီးက အကယ္ဒမီဆုမ်ားအတြက္ ၂၀၂၅ ခုႏွစ္အတြင္း ႐ုံတင္ဇာတ္ကားမ်ား ထဲမွ ေ႐ြးခ်ယ္ထားေသာ ဆန္ခါတင္ဇာတ္ကားမ်ားကို ဆုေ႐ြးခ်ယ္ေရးဆပ္ေကာ္မတီက အေသးစိတ္ၾကည့္ရႈစစ္ေဆး ေနၿပီး အခမ္းအနားျပင္ဆင္ေရးကိုလည္း Forever Group Company Limited ႏွင့္ေပါင္းစပ္၍ ယခင္ႏွစ္မ်ားထက္ ပိုမိုေကာင္းမြန္ေအာင္ ေဆာင္႐ြက္သြားမည္ျဖစ္ရာ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲကို ခမ္းခမ္းနားနားက်င္းပႏိုင္ရန္ သက္ဆိုင္ရာက႑အလိုက္ အားလုံးဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္ၾကေစလိုေၾကာင္း တိုက္တြန္းေျပာၾကားခဲ့ပါတယ္။


လာမယ့်ဖေဖော်ဝါရီလ ၇ ရက်မှာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပမည်
===================
(ပြည်တွင်း) ဇန်နဝါရီ ၉

၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို လာမည့် ဖေဖော်ဝါရီလ ၇ ရက်မှာ နေပြည်တော်ရှိ MICC-1 ၌ကျင်းပမည်ဖြစ်ရာ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၇ ရက်မွန်းလွဲပိုင်းကပြုလုပ်ခဲ့ပါတယ်။

အဆိုပါ အခမ်းအနားမှာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲနှင့် ပတ်သတ်၍ အထက်အပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

ဆက်လက်ပြီ ပြည်‌ထောင်စုဝန်ကြီးက အကယ်ဒမီဆုများအတွက် ၂၀၂၅ ခုနှစ်အတွင်း ရုံတင်ဇာတ်ကားများ ထဲမှ ရွေးချယ်ထားသော ဆန်ခါတင်ဇာတ်ကားများကို ဆုရွေးချယ်ရေးဆပ်ကော်မတီက အသေးစိတ်ကြည့်ရှုစစ်ဆေး နေပြီး အခမ်းအနားပြင်ဆင်ရေးကိုလည်း Forever Group Company Limited နှင့်ပေါင်းစပ်၍ ယခင်နှစ်များထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို ခမ်းခမ်းနားနားကျင်းပနိုင်ရန် သက်ဆိုင်ရာကဏ္ဍအလိုက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။