

=======================
ဇန်နဝါရီ ၈ ရက်
ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း သာပေါင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ၊ပါတီဝန်းရံသူများနှင့်တွေ့ဆုံ
=======================
ဇန်နဝါရီ ၈ ရက်
ယနေ့နံနက် ၁၀ နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ တွင်ကျင်းပပြုလုပ်သော လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ပါတီဝန်းရံသူများတွေ့ဆုံပွဲသို့ တတ်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း မှရွေးကောက်ပွဲအောင်နိုင်ရေးအတွက်လမ်းညွှန်မှာကြားခဲ့ပီးတတ်ရောက်လာကြသူများမှမေးမြန်းတင်ပြချက်များအား ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပါသည်။
တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း နှင့်အတး၊ ပုသိမ်ခရိုင်ပါတီဥက္ကဌ ဦးဝင်းမောင်၊ သာပေါင်းမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ သာပေါင်းမြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝန်းရံကြသူများတတ်ရောက်ခဲ့ကြပါသည်။




