ထိုင္းႏိုင္ငံအတြင္းျပဳလုပ္ေပးေနသည့္ အလုပ္သမားဝန္ႀကီးဌာန CI သက္ေသခံလက္မွတ္ ထုတ္ေပးျခင္း သတ္မွတ္ရက္ထက္ ၁၆ ရက္ ထပ္မံတိုးျမႇင့္ေပး

ထိုင္းႏိုင္ငံအတြင္းျပဳလုပ္ေပးေနသည့္ အလုပ္သမားဝန္ႀကီးဌာန CI သက္ေသခံလက္မွတ္ ထုတ္ေပးျခင္း သတ္မွတ္ရက္ထက္ ၁၆ ရက္ ထပ္မံတိုးျမႇင့္ေပး
=================
(ျပည္တြင္း) ဇန္နဝါရီ ၉
ထိုင္းႏိုင္ငံအတြင္း စခန္းမ်ားဖြင့္လွစ္၍ ျပဳလုပ္ေပးေနသည့္ အလုပ္သမားဝန္ႀကီးဌာန က Cl သက္ေသခံ လက္မွတ္ထုတ္ေပးျခင္းကို သတ္မွတ္ ရက္ထက္ ၁၆ ရက္ ထပ္တိုးေပးလိုက္ေၾကာင္း သိရပါတယ္။
လက္ရွိတြင္ ထိုင္းႏိုင္ငံအတြင္း မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ CI ထုတ္ေပးျခင္းကို စမုစခြန္၊ စမုပရာကန္၊ ခ်င္းမိုင္၊ ဆူရတ္ဌာနီ စတဲ့ ၿမိဳ႕မ်ားႏွင့္ Mobile Unit တစ္ခုျဖင့္ ကရာဘီၿမိဳ႕တို႔တြင္ ဖြင့္လွစ္၍ ေဆာင္႐ြက္ေပးလ်က္ ရွိပါတယ္။
အလုပ္သမားဝန္ႀကီးဌာန က CI သက္တမ္းတိုးထုတ္ေပးျခင္းလုပ္ငန္းစဥ္မ်ားအား ၿပီးခဲ့တဲ့ ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလ ၃၁ ရက္တြင္ ၿပီးစီးမည္ျဖစ္ေၾကာင္းႏွင့္ သက္တမ္းတိုးရန္က်န္ရွိသူမ်ားသည္ ၎ရက္မတိုင္မီတြင္ အၿပီးအစီး သက္တမ္းတိုးေဆာင္႐ြက္ၾကရန္ အသိေပးထုတ္ျပန္ထားပါတယ္။
ယခုအခါမွာ သက္တမ္းတိုးျပဳလုပ္ရန္ 7-Eleven ဆိုင္မ်ားတြင္ ေငြေပးသြင္းၿပီးသူမ်ား က်န္ရွိေနသျဖင့္ ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ေနၾကသည့္ ျမန္မာအလုပ္သမားမ်ား၏ အလုပ္အကိုင္အခြင့္အလမ္းမ်ား နစ္နာဆုံးရႈံးမႈမရွိေစေရးအတြက္ လုပ္ငန္းေဆာင္႐ြက္မႈ ကာလကို ေနာက္ဆုံးအႀကိမ္အျဖစ္ ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီလ ၁၆ ရက္အထိ ထပ္မံတိုးျမႇင့္ေပးထားေၾကာင္း သိရပါတယ္။
ဒါေၾကာင့္ CI သက္တမ္းတိုးျပဳလုပ္ရန္ က်န္ရွိေနေသးသည့္ ထိုင္းေရာက္ျမန္မာလုပ္သားမ်ားအေနနဲ႔ ထပ္တိုး သတ္မွတ္ေပးထားတဲ့ကာလအမီ အျမန္ဆုံးသြားေရာက္ေဆာင္႐ြက္ၾကရန္ အလုပ္သမားဝန္ႀကီးဌာနက အသိေပးထားပါတယ္။
ထိုင်းနိုင်ငံအတွင်းပြုလုပ်ပေးနေသည့် အလုပ်သမားဝန်ကြီးဌာန CI သက်သေခံလက်မှတ် ထုတ်ပေးခြင်း သတ်မှတ်ရက်ထက် ၁၆ ရက် ထပ်မံတိုးမြှင့်ပေး
=================
(ပြည်တွင်း) ဇန်နဝါရီ ၉
ထိုင်းနိုင်ငံအတွင်း စခန်းများဖွင့်လှစ်၍ ပြုလုပ်ပေးနေသည့် အလုပ်သမားဝန်ကြီးဌာန က Cl သက်သေခံ လက်မှတ်ထုတ်ပေးခြင်းကို သတ်မှတ် ရက်ထက် ၁၆ ရက် ထပ်တိုးပေးလိုက်ကြောင်း သိရပါတယ်။
လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ထုတ်ပေးခြင်းကို စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီ စတဲ့ မြို့များနှင့် Mobile Unit တစ်ခုဖြင့် ကရာဘီမြို့တို့တွင် ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက် ရှိပါတယ်။
အလုပ်သမားဝန်ကြီးဌာန က CI သက်တမ်းတိုးထုတ်ပေးခြင်းလုပ်ငန်းစဉ်များအား ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် ပြီးစီးမည်ဖြစ်ကြောင်းနှင့် သက်တမ်းတိုးရန်ကျန်ရှိသူများသည် ၎င်းရက်မတိုင်မီတွင် အပြီးအစီး သက်တမ်းတိုးဆောင်ရွက်ကြရန် အသိပေးထုတ်ပြန်ထားပါတယ်။
ယခုအခါမှာ သက်တမ်းတိုးပြုလုပ်ရန် 7-Eleven ဆိုင်များတွင် ငွေပေးသွင်းပြီးသူများ ကျန်ရှိနေသဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် လုပ်ငန်းဆောင်ရွက်မှု ကာလကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်အထိ ထပ်မံတိုးမြှင့်ပေးထားကြောင်း သိရပါတယ်။
ဒါကြောင့် CI သက်တမ်းတိုးပြုလုပ်ရန် ကျန်ရှိနေသေးသည့် ထိုင်းရောက်မြန်မာလုပ်သားများအနေနဲ့ ထပ်တိုး သတ်မှတ်ပေးထားတဲ့ကာလအမီ အမြန်ဆုံးသွားရောက်ဆောင်ရွက်ကြရန် အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။




