
========================
Ref: IE
ပျံသန်းလာတဲ့ဒရုန်းများကို အချိန်ပိုင်းအတွင်း ဖျက်ဆီးနိုင်တဲ့ တရုတ်နိုင်ငံရဲ့ မိုက်ခရိုဝေ့လက်နက်သစ်
========================
တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များအနေနဲ့ မိုက်ခရိုဝေ့ကိုအသုံးပြုပြီး ရန်သူ့ဒရုန်းများနဲ့ ဒုံးပျံတွေကိုဖျက်ဆီးနိုင်တဲ့ လက်နက်အသစ်တစ်မျိုးကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ဒီလက်နက်ဟာ သာမန်ကျည်ဆန်တွေကိုသုံးစရာမလိုဘဲ အလွန်အားကောင်းတဲ့ မိုက်ခရိုဝေ့တွေကိုစုစည်းပြီး ပစ်ခတ်တာဖြစ်ပါတယ်။
အဲ့ဒီလှိုင်းတွေဟာ ရန်သူ့စက်ပစ္စည်းများရဲ့ လျှပ်စစ်ပတ်လမ်းတွေကို ခဏချင်းမှာပင်လောင်ကျွမ်းပျက်စီးသွားအောင် လုပ်နိုင်စွမ်း ရှိပါတယ်။ အထူးသဖြင့် အုပ်စုလိုက် တိုက်ခိုက်လာတဲ့ ဒရုန်းအုပ်တွေကို ဟန့်တားတဲ့နေရာမှာ ထိရောက်မှုရှိပြီး ၃ ကီလိုမီတာ အကွာအဝေးအထိ ပစ်ခတ်နိုင်ပါတယ်။
ဒီနည်းပညာဟာ အဏုမြူပေါက်ကွဲမှုကနေထွက်ပေါ်လာတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေရဲ့ အာနိသင်မျိုးကို ဖန်တီးထားတာပါ။ ဒါကြောင့် အနာဂတ်စစ်မြေပြင်တွေမှာ ရန်သူ့ဒရုန်းတွေရဲ့ရန်မှ ကာကွယ်နိုင်စေဖို့ ဒီမိုက်ခရိုဝေ့လက်နက်ဟာ အလွန်အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်လာပြီး ခေတ်သစ်စစ်ပွဲရဲ့ ပုံစံကိုပြောင်းလဲပစ်မယ့် လက်နက်တစ်ခု ဖြစ်လာနိုင်ပါတယ်။
Ref: IE




