ေဖာင္းႂကြနံပါတ္ျပားေစ်းႏႈန္း တိုးျမႇင့္ေျပာင္းလဲေကာက္ခံ

ေဖာင္းႂကြနံပါတ္ျပားေစ်းႏႈန္း တိုးျမႇင့္ေျပာင္းလဲေကာက္ခံ
===============================
ကုန္းလမ္းပိုေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ တပ္ဆင္ေပးေနသည့္ ေမာ္ေတာ္ယာဥ္ေဖာင္းႂကြနံပါတ္ျပားမ်ားအား ေဈးႏႈန္းေျပာင္းလဲေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။
လက္ရွိေကာက္ခံေနေသာႏႈန္းထားမ်ားသည္ ၂၀၂၀ ျပည့္ႏွစ္ သတ္မွတ္ထားေသာႏႈန္းထားမ်ားျဖစ္ေသာေၾကာင့္ လက္ရွိေငြေၾကးေဈးကြက္ႏွင့္ ေလ်ာ္ညီမႈရွိေစရန္ ၂၀၂၆ခုႏွစ္ ဇန္နဝါရီ ၁ ရက္ေန႔မွစ၍ ေမာ္ေတာ္ယာဥ္ေဖာင္းႂကြနံပါတ္ျပားမ်ား ေဈးႏႈန္းေျပာင္းလဲေကာက္ခံျခင္းျဖစ္ေၾကာင္း အသိေပးထားသည္။
ေျပာင္းလဲေကာက္ခံမည့္ေဈးႏႈန္းမ်ားမွာ ေမာ္ေတာ္ယာဥ္ ၄၀၀၀၀ က်ပ္၊ ေထာ္လာဂ်ီ ၄၀၀၀၀က်ပ္၊ ေမာ္ေတာ္ဆိုင္ကယ္ ၇၀၀၀ က်ပ္၊ သုံးဘီးတပ္ယာဥ္ ၁၀၀၀၀ က်ပ္၊ ေနာက္တြဲယာဥ္ ၂၀၀၀၀ က်ပ္တို ျဖစ္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ၂၀၂၅ ခုႏွစ္ ဒီဇင္ဘာလကုန္အထိ ကုန္းလမ္းပိုေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန၏ စာရင္းမ်ားအရ မွတ္ပုံတင္ထားသည့္ လူစီးေမာ္ေတာ္ယာဥ္ ၆၄၆၀၀၀ ေက်ာ္ရွိၿပီး မွတ္ပုံတင္ထားသည့္ ေထာ္လာဂ်ီ ၃၃၀၀၀ ေက်ာ္၊ သုံးဘီးတပ္ယာဥ္ ၁၂၀၀၀၀ ေက်ာ္၊ ေနာက္တြဲယာဥ္ ၂၃၀၀၀ ေက်ာ္ႏွင့္ ေမာ္ေတာ္ဆိုင္ကယ္ ၄ သန္း ၂ သိန္းေက်ာ္ ရွိေၾကာင္း သိရသည္။ #Popular
ဖောင်းကြွနံပါတ်ပြားစျေးနှုန်း တိုးမြှင့်ပြောင်းလဲကောက်ခံ
===============================
ကုန်းလမ်းပိုဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တပ်ဆင်ပေးနေသည့် မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားများအား ဈေးနှုန်းပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိကောက်ခံနေသောနှုန်းထားများသည် ၂၀၂၀ ပြည့်နှစ် သတ်မှတ်ထားသောနှုန်းထားများဖြစ်သောကြောင့် လက်ရှိငွေကြေးဈေးကွက်နှင့် လျော်ညီမှုရှိစေရန် ၂၀၂၆ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှစ၍ မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားများ ဈေးနှုန်းပြောင်းလဲကောက်ခံခြင်းဖြစ်ကြောင်း အသိပေးထားသည်။
ပြောင်းလဲကောက်ခံမည့်ဈေးနှုန်းများမှာ မော်တော်ယာဉ် ၄၀၀၀၀ ကျပ်၊ ထော်လာဂျီ ၄၀၀၀၀ကျပ်၊ မော်တော်ဆိုင်ကယ် ၇၀၀၀ ကျပ်၊ သုံးဘီးတပ်ယာဉ် ၁၀၀၀၀ ကျပ်၊ နောက်တွဲယာဉ် ၂၀၀၀၀ ကျပ်တို ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်အထိ ကုန်းလမ်းပိုဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ မှတ်ပုံတင်ထားသည့် လူစီးမော်တော်ယာဉ် ၆၄၆၀၀၀ ကျော်ရှိပြီး မှတ်ပုံတင်ထားသည့် ထော်လာဂျီ ၃၃၀၀၀ ကျော်၊ သုံးဘီးတပ်ယာဉ် ၁၂၀၀၀၀ ကျော်၊ နောက်တွဲယာဉ် ၂၃၀၀၀ ကျော်နှင့် မော်တော်ဆိုင်ကယ် ၄ သန်း ၂ သိန်းကျော် ရှိကြောင်း သိရသည်။ #Popular




