အသံထက္ျမန္ႏႈန္းလြန္ ဟိုက္ပါဆိုးနစ္ဒုံးက်ည္စမ္းသပ္မႈကို ကင္ဂ်ဳံအန္ ကိုယ္တိုင္ႀကီးၾကပ္

အသံထက္ျမန္ႏႈန္းလြန္ ဟိုက္ပါဆိုးနစ္ဒုံးက်ည္စမ္းသပ္မႈကို ကင္ဂ်ဳံအန္ ကိုယ္တိုင္ႀကီးၾကပ္
==============================
(ႏိုင္ငံတကာ) ဇန္နဝါရီ ၆
ေျမာက္ကိုရီးယားတပ္မေတာ္က ဇန္နဝါရီလ ၄ ရက္တြင္ ျပဳလုပ္ခဲ့ေသာ အသံထက္ျမန္ႏႈန္းလြန္ ဟိုက္ပါ ဆိုးနစ္ဒုံးက်ည္စမ္းသပ္မႈကို ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ကိုယ္တိုင္ ႀကီးၾကပ္ခဲ့ေၾကာင္း RT သတင္း ဌာနက ေဖာ္ျပထားသည္။
စမ္းသပ္မႈအတြင္း အသုံးျပဳခဲ့သည့္ ဟိုက္ပါဆိုးနစ္ဒုံးက်ည္သည္ အသံျမန္ႏႈန္းထက္ ငါးဆ ပိုေသာ ခရီးအကြာအေဝး မိုင္ ၆၀၀ ေက်ာ္ကို အျမန္ႏႈန္း၊ တစ္နည္းအားျဖင့္ တစ္နာရီလွ်င္ မိုင္ ၃,၈၅၀ အျမန္ႏႈန္းျဖင့္ ပ်ံသန္းခဲ့ေၾကာင္း ေျမာက္ကိုရီးယားအစိုးရ၏ ေကစီအင္န္ေအသတင္းဌာနက သတင္းထုတ္ျပန္ထားသည္။
လက္ရွိေပၚေပါက္ေနသည့္ ပထဝီႏိုင္ငံေရးတင္းမာမႈမ်ားႏွင့္ ႏိုင္ငံတကာျပႆနာမ်ား၏အေျခအေနအရ ေျမာက္ကိုရီးယားႏိုင္ငံအေနျဖင့္ အားကိုးအားထားျပဳႏိုင္မည့္ န်ဴကလီးယားလက္နက္အရံအတားစနစ္ကို ထိန္းထားႏိုင္ေရးအတြက္ မဟာဗ်ဴဟာအရ အလြန္အေရးႀကီးေၾကာင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ က ေျပာၾကားထားသည္။
ေျမာက္ကိုရီးယားႏိုင္ငံသည္ ဗင္နီဇြဲလားႏိုင္ငံကို အေမရိကန္ႏိုင္ငံက တိုက္ခိုက္ခဲ့မႈကို ေဝဖန္ ရႈတ္ခ်ခဲ့ၿပီးေနာက္ ဟိုက္ပါဆိုးနစ္ဒုံးက်ည္စမ္းသပ္မႈ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။ ေျမာက္ကိုရီးယားႏိုင္ငံသည္ ၿပီးခဲ့သည့္ ေအာက္တိုဘာလကလည္း ဟိုက္ပါဆိုးနစ္ဒုံးက်ည္စမ္းသပ္မႈကို ေနာက္ဆုံးတစ္ႀကိမ္ျပဳလုပ္ခဲ့သည္။
ေျမာက္ကိုရီးယား၏ န်ဴကလီးယားအရံအတားစနစ္မ်ားထဲတြင္ န်ဴကလီးယားထိပ္ဖူးသယ္ေဆာင္ႏိုင္သည့္ ဟိုက္ပါဆိုးနစ္ ဒုံးက်ည္စနစ္မ်ားလည္း ပါဝင္ေၾကာင္း RT သတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။
အသံထက်မြန်နှုန်းလွန် ဟိုက်ပါဆိုးနစ်ဒုံးကျည်စမ်းသပ်မှုကို ကင်ဂျုံအန် ကိုယ်တိုင်ကြီးကြပ်
==============================
(နိုင်ငံတကာ) ဇန်နဝါရီ ၆
မြောက်ကိုရီးယားတပ်မတော်က ဇန်နဝါရီလ ၄ ရက်တွင် ပြုလုပ်ခဲ့သော အသံထက်မြန်နှုန်းလွန် ဟိုက်ပါ ဆိုးနစ်ဒုံးကျည်စမ်းသပ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ခဲ့ကြောင်း RT သတင်း ဌာနက ဖော်ပြထားသည်။
စမ်းသပ်မှုအတွင်း အသုံးပြုခဲ့သည့် ဟိုက်ပါဆိုးနစ်ဒုံးကျည်သည် အသံမြန်နှုန်းထက် ငါးဆ ပိုသော ခရီးအကွာအဝေး မိုင် ၆၀၀ ကျော်ကို အမြန်နှုန်း၊ တစ်နည်းအားဖြင့် တစ်နာရီလျှင် မိုင် ၃,၈၅၀ အမြန်နှုန်းဖြင့် ပျံသန်းခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရ၏ ကေစီအင်န်အေသတင်းဌာနက သတင်းထုတ်ပြန်ထားသည်။
လက်ရှိပေါ်ပေါက်နေသည့် ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် နိုင်ငံတကာပြဿနာများ၏အခြေအနေအရ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အားကိုးအားထားပြုနိုင်မည့် နျူကလီးယားလက်နက်အရံအတားစနစ်ကို ထိန်းထားနိုင်ရေးအတွက် မဟာဗျူဟာအရ အလွန်အရေးကြီးကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် က ပြောကြားထားသည်။
မြောက်ကိုရီးယားနိုင်ငံသည် ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်နိုင်ငံက တိုက်ခိုက်ခဲ့မှုကို ဝေဖန် ရှုတ်ချခဲ့ပြီးနောက် ဟိုက်ပါဆိုးနစ်ဒုံးကျည်စမ်းသပ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သည့် အောက်တိုဘာလကလည်း ဟိုက်ပါဆိုးနစ်ဒုံးကျည်စမ်းသပ်မှုကို နောက်ဆုံးတစ်ကြိမ်ပြုလုပ်ခဲ့သည်။
မြောက်ကိုရီးယား၏ နျူကလီးယားအရံအတားစနစ်များထဲတွင် နျူကလီးယားထိပ်ဖူးသယ်ဆောင်နိုင်သည့် ဟိုက်ပါဆိုးနစ် ဒုံးကျည်စနစ်များလည်း ပါဝင်ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။




