ျပည္ခိုင္ၿဖိဳးပါတီဒုတိယဥကၠ႒၊ ေပါက္ေခါင္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးမ်ိဳးေဇာ္သိမ္း ႐ြာခြဲပါတီေခါင္းေဆာင္မ်ားႏွင့္ ေတြ႕ဆုံ

ျပည္ခိုင္ၿဖိဳးပါတီဒုတိယဥကၠ႒၊ ေပါက္ေခါင္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးမ်ိဳးေဇာ္သိမ္း ႐ြာခြဲပါတီေခါင္းေဆာင္မ်ားႏွင့္ ေတြ႕ဆုံ
=======================
ေပါက္ေခါင္း ဇန္နဝါရီ ၅

ျပည္ခိုင္ၿဖိဳးပါတီဒုတိယဥကၠ႒၊ ေပါက္ေခါင္း ၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးမ်ိဳးေဇာ္သိမ္းသည္ ေပါက္ေခါင္းၿမိဳနယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးသန္းထူးေအာင္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးၿဖိဳးျမင့္သူ၊အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေဒၚခင္ေ႐ႊျမင့္၊ တိုင္းပါတီအတြင္းေရးမႉး ဦးေက်ာ္ေက်ာ္လင္းတို႔ႏွင့္အတူဇန္နဝါရီ (၅)ရက္ေန႔၊ ေန႔လည္ပိုင္း၌ ပဲခူတိုင္းေဒသႀကီး(အေနာက္)၊ ေပါက္ေခါင္းၿမိဳနယ္ပါတီ႐ုံး၌ ႐ြာခြဲပါတီေခါင္းေဆာင္ႏွင့္ေတြ႕ဆုံခဲ့ပါသည္။

ေတြ႕ဆုံရာတြင္ ပါတီဒုတိယဥကၠ႒မွ ေ႐ြးေကာက္ပြဲက်င္းပသည့္ေန႔အတြက္ ႀကိဳတင္ျပင္ဆင္ထားရမည့္အေၾကာင္း အရာမ်ားႏွင့္မိမိတို႔ပါတီဝင္မ်ားအားလုံး မဲေပးႏိုင္ေရးကိစၥမ်ား၊ စည္း႐ုံးလႈပ္ရွား ေဆာင္႐ြက္ျခင္း မျပဳလုပ္ရေသာေန႔ Silent Day ေန႔တြင္ လုပ္ေဆာင္ရမည့္ အေၾကာင္းအရာမ်ားေဆြးေႏြးမွာၾကားခဲ့ၿပီးတက္ေရာက္လာေသာ႐ြာခြဲပါတီေခါင္းေဆာင္မ်ား၏တင္ျပခ်က္မ်ားအေပၚေပါင္းစပ္ညႇိႏွိင္းေဆာင္႐ြက္ေပးခဲ့ေၾကာင္း သတင္းရရွိပါသည္။


ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်သိမ်း ရွာခွဲပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ
=======================
ပေါက်ခေါင်း ဇန်နဝါရီ ၅

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ၊ ပေါက်ခေါင်း မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်သိမ်းသည် ပေါက်ခေါင်းမြိုနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းထူးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးမြင့်သူ၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဒေါ်ခင်ရွှေမြင့်၊ တိုင်းပါတီအတွင်းရေးမှူး ဦးကျော်ကျော်လင်းတို့နှင့်အတူဇန်နဝါရီ (၅)ရက်နေ့၊ နေ့လည်ပိုင်း၌ ပဲခူတိုင်းဒေသကြီး(အနောက်)၊ ပေါက်ခေါင်းမြိုနယ်ပါတီရုံး၌ ရွာခွဲပါတီခေါင်းဆောင်နှင့်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် ပါတီဒုတိယဥက္ကဋ္ဌမှ ရွေးကောက်ပွဲကျင်းပသည့်နေ့အတွက် ကြိုတင်ပြင်ဆင်ထားရမည့်အကြောင်း အရာများနှင့်မိမိတို့ပါတီဝင်များအားလုံး မဲပေးနိုင်ရေးကိစ္စများ၊ စည်းရုံးလှုပ်ရှား ဆောင်ရွက်ခြင်း မပြုလုပ်ရသောနေ့ Silent Day နေ့တွင် လုပ်ဆောင်ရမည့် အကြောင်းအရာများဆွေးနွေးမှာကြားခဲ့ပြီးတက်ရောက်လာသောရွာခွဲပါတီခေါင်းဆောင်များ၏တင်ပြချက်များအပေါ်ပေါင်းစပ်ညှိနှိင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။