လိုင္ေဘရီးယန္းႏိုင္ငံသား တိုက္စစ္မႉး ဘလာမိုဝီးကို ရန္ကုန္ယူႏိုက္တက္က ရာသီကုန္ထိစာခ်ဳပ္ခ်ဳပ္ဆို ေခၚယူ

လိုင္ေဘရီးယန္းႏိုင္ငံသား တိုက္စစ္မႉး ဘလာမိုဝီးကို ရန္ကုန္ယူႏိုက္တက္က ရာသီကုန္ထိစာခ်ဳပ္ခ်ဳပ္ဆို ေခၚယူ
=====================
လိုင္ေဘရီးယန္းႏိုင္ငံသား တိုက္စစ္မႉး ဘလာမိုဝီး ကို ရန္ကုန္ယူႏိုက္တက္အသင္းက ရာသီကုန္အထိစာခ်ဳပ္ခ်ဳပ္ဆို ေခၚယူလိုက္ၿပီျဖစ္ေၾကာင္း အသင္းက တရားဝင္အသိေပးထားပါတယ္။
ရန္ကုန္ယူႏိုက္တက္အသင္းအေနျဖင့္ လာမည့္ ျမန္မာေနရွင္နယ္လိဂ္ ဒုတိယအေက်ာ့ပြဲစဥ္မ်ားအတြက္ တိုက္စစ္အားျဖည့္မႈအျဖစ္ ေခၚယူလိုက္ျခင္းျဖစ္ ေၾကာင္း ဆိုပါတယ္။
တိုက္စစ္မႈး ဘလာမိုဝီးသည္ လာမည့္ ျမန္မာေနရွင္နယ္လိဂ္ (ဒုတိယအေက်ာ့) ပြဲစဥ္မ်ားမွစတင္ပါဝင္ ကစားသြားမည္ျဖစ္ၿပီး ေက်ာနံပါတ္(၁၂) ကိုဝတ္ဆင္သြားမည္ျဖစ္ေၾကာင္း သိရပါတယ္။
အသက္ (၂၄) ႏွစ္အ႐ြယ္ရွိ တိုက္စစ္မႉး ဘလာမိုဝီး သည္ River Gee County အသင္းႏွင့္အတူ ကစားသမားဘဝကိုစတင္ခဲ့ၿပီး Golden Boot ဆုကိုပါဆြတ္ ခူးႏိုင္ခဲ့သည့္ တိုက္စစ္မႈးတစ္ဦးျဖစ္ပါတယ္။
ထို႔ေနာက္ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားအျဖစ္ Wintown United, Paynesville FC အသင္းတို႔တြင္ေျခစြမ္းျပကစားခဲ့ၿပီးေနာက္ ရန္ကုန္ယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕လာခဲ့ျခင္း ျဖစ္ပါတယ္။
လိုင်ဘေရီးယန်းနိုင်ငံသား တိုက်စစ်မှူး ဘလာမိုဝီးကို ရန်ကုန်ယူနိုက်တက်က ရာသီကုန်ထိစာချုပ်ချုပ်ဆို ခေါ်ယူ
=====================
လိုင်ဘေရီးယန်းနိုင်ငံသား တိုက်စစ်မှူး ဘလာမိုဝီး ကို ရန်ကုန်ယူနိုက်တက်အသင်းက ရာသီကုန်အထိစာချုပ်ချုပ်ဆို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အသင်းက တရားဝင်အသိပေးထားပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် လာမည့် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်များအတွက် တိုက်စစ်အားဖြည့်မှုအဖြစ် ခေါ်ယူလိုက်ခြင်းဖြစ် ကြောင်း ဆိုပါတယ်။
တိုက်စစ်မှုး ဘလာမိုဝီးသည် လာမည့် မြန်မာနေရှင်နယ်လိဂ် (ဒုတိယအကျော့) ပွဲစဉ်များမှစတင်ပါဝင် ကစားသွားမည်ဖြစ်ပြီး ကျောနံပါတ်(၁၂) ကိုဝတ်ဆင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
အသက် (၂၄) နှစ်အရွယ်ရှိ တိုက်စစ်မှူး ဘလာမိုဝီး သည် River Gee County အသင်းနှင့်အတူ ကစားသမားဘဝကိုစတင်ခဲ့ပြီး Golden Boot ဆုကိုပါဆွတ် ခူးနိုင်ခဲ့သည့် တိုက်စစ်မှုးတစ်ဦးဖြစ်ပါတယ်။
ထို့နောက် ပရော်ဖက်ရှင်နယ်ဘောလုံးသမားအဖြစ် Wintown United, Paynesville FC အသင်းတို့တွင်ခြေစွမ်းပြကစားခဲ့ပြီးနောက် ရန်ကုန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်ပါတယ်။




