ဖာဂူဆန္ေခတ္လြန္ မန္ယူႏိုက္တက္နည္းျပမ်ားထဲ အာမိုရင္မ္ မွတ္တမ္းအဆိုးဆုံးျဖစ္ခဲ့

ဖာဂူဆန္ေခတ္လြန္ မန္ယူႏိုက္တက္နည္းျပမ်ားထဲ အာမိုရင္မ္ မွတ္တမ္းအဆိုးဆုံးျဖစ္ခဲ့
================================
ဖာဂူဆန္ေခတ္လြန္ မန္ယူႏိုက္တက္အသင္းကို ကိုင္တြယ္ခဲ့ဖူးတဲ့ နည္းျပေတြထဲမွာ အခုရာထူးက ထုတ္ပယ္ခံခဲ့ရတဲ့ ႐ူဘင္အာမိုရင္မ္က မွတ္တမ္းအဆိုးဆုံး ျဖစ္ခဲ့ပါတယ္။
မန္ယူႏိုက္တက္အသင္းဟာ အခုရာသီ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာ အဆင့္ေျခာက္ေနရာ ရပ္တည္ေနၿပီး ေနာက္ဆုံးေျခာက္ပြဲမွာ ႏွစ္ပြဲသာ အႏိုင္ရသလို၊ ကစားၿပီးခဲ့တဲ့ လိဂ္ပြဲ ၂၀ ပြဲမွာလည္း ရွစ္ပြဲသာ ႏိုင္ခဲ့လို႔ ႏိုင္ပြဲရာခိုင္ႏႈန္းကလည္း ၄၀ ရာခိုင္ႏႈန္းပဲ ရွိခဲ့ပါတယ္။
အာမိုရင္မ္(၄၀ ႏွစ္)လက္ထက္ ၿပိဳင္ပြဲစုံ ၆၃ ပြဲမွာ မန္ယူႏိုက္တက္အသင္းက ၂၄ ပြဲႏိုင္၊ ၁၈ ပြဲသေရ၊ ၂၁ ပြဲရႈံး ရလဒ္ ထြက္ေပၚခဲ့ၿပီး အႏိုင္ရာခိုင္ႏႈန္းကလည္း ၃၁.၉ ရာခိုင္ႏႈန္းသာရွိလို အသင္းအၿမဲတမ္းနည္းျပေတြထဲ အနည္းဆုံးျဖစ္ခဲ့တယ္။
ဒါ့အျပင္ ပရီးမီးယားလိဂ္ပြဲေတြမွာ သူ႔ရဲ႕ပ်မ္းမွ်ရမွတ္က ၁.၂၃ မွတ္သာ ရွိခဲ့လို ၂၀၁၃ ခုႏွစ္မွာ ဂႏၴဝင္နည္းျပ ဖာဂူဆန္ အသင္းကေနထြက္ခြာၿပီးကတည္းက အသင္းနည္းျပျဖစ္လာသူေတြထဲ အဆိုး႐ြားဆုံးအျဖစ္ မွတ္ တမ္းဝင္ခဲ့တယ္။
ကိုင္တြယ္ရတဲ့ လိဂ္ပြဲနဲ႔ အခ်ိဳးခ်ၾကည့္မႈမွာ တစ္ပြဲပ်မ္းမွ်ေပးဂိုး ၁.၅၃ ဂိုး၊ clean sheet ၁၅ ရာခိုင္ႏႈန္းသာ ရွိခဲ့တာကလည္း မန္ယူႏိုက္တက္နည္းျပေတြထဲ အနည္းဆုံးပါပဲ။
မန္ယူႏိုက္တက္အသင္းကို အာမိုရင္မ္ စတင္ကိုင္တြယ္ကတည္းက ပရီးမီးယားလိဂ္မွာ အသင္းထက္ ရမွတ္ နည္းတာဆိုလို႔ သုံးသင္းသာရွိၿပီး မန္ယူႏိုက္တက္(၅၈ မွတ္)ထက္ စပါး(၄၆ မွတ္)၊ ဝက္စ္ဟမ္း(၄၅ မွတ္)၊ ဝုလ္ဗ္(၃၉ မွတ္)အသင္းေတြသာ ရမွတ္ေလ်ာ့နည္းခဲ့တာ ျဖစ္ပါတယ္။ #Eleven
ဖာဂူဆန်ခေတ်လွန် မန်ယူနိုက်တက်နည်းပြများထဲ အာမိုရင်မ် မှတ်တမ်းအဆိုးဆုံးဖြစ်ခဲ့
================================
ဖာဂူဆန်ခေတ်လွန် မန်ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြတွေထဲမှာ အခုရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ ရူဘင်အာမိုရင်မ်က မှတ်တမ်းအဆိုးဆုံး ဖြစ်ခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ အခုရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်ခြောက်နေရာ ရပ်တည်နေပြီး နောက်ဆုံးခြောက်ပွဲမှာ နှစ်ပွဲသာ အနိုင်ရသလို၊ ကစားပြီးခဲ့တဲ့ လိဂ်ပွဲ ၂၀ ပွဲမှာလည်း ရှစ်ပွဲသာ နိုင်ခဲ့လို့ နိုင်ပွဲရာခိုင်နှုန်းကလည်း ၄၀ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။
အာမိုရင်မ်(၄၀ နှစ်)လက်ထက် ပြိုင်ပွဲစုံ ၆၃ ပွဲမှာ မန်ယူနိုက်တက်အသင်းက ၂၄ ပွဲနိုင်၊ ၁၈ ပွဲသရေ၊ ၂၁ ပွဲရှုံး ရလဒ် ထွက်ပေါ်ခဲ့ပြီး အနိုင်ရာခိုင်နှုန်းကလည်း ၃၁.၉ ရာခိုင်နှုန်းသာရှိလို အသင်းအမြဲတမ်းနည်းပြတွေထဲ အနည်းဆုံးဖြစ်ခဲ့တယ်။
ဒါ့အပြင် ပရီးမီးယားလိဂ်ပွဲတွေမှာ သူ့ရဲ့ပျမ်းမျှရမှတ်က ၁.၂၃ မှတ်သာ ရှိခဲ့လို ၂၀၁၃ ခုနှစ်မှာ ဂန္ထဝင်နည်းပြ ဖာဂူဆန် အသင်းကနေထွက်ခွာပြီးကတည်းက အသင်းနည်းပြဖြစ်လာသူတွေထဲ အဆိုးရွားဆုံးအဖြစ် မှတ် တမ်းဝင်ခဲ့တယ်။
ကိုင်တွယ်ရတဲ့ လိဂ်ပွဲနဲ့ အချိုးချကြည့်မှုမှာ တစ်ပွဲပျမ်းမျှပေးဂိုး ၁.၅၃ ဂိုး၊ clean sheet ၁၅ ရာခိုင်နှုန်းသာ ရှိခဲ့တာကလည်း မန်ယူနိုက်တက်နည်းပြတွေထဲ အနည်းဆုံးပါပဲ။
မန်ယူနိုက်တက်အသင်းကို အာမိုရင်မ် စတင်ကိုင်တွယ်ကတည်းက ပရီးမီးယားလိဂ်မှာ အသင်းထက် ရမှတ် နည်းတာဆိုလို့ သုံးသင်းသာရှိပြီး မန်ယူနိုက်တက်(၅၈ မှတ်)ထက် စပါး(၄၆ မှတ်)၊ ဝက်စ်ဟမ်း(၄၅ မှတ်)၊ ဝုလ်ဗ်(၃၉ မှတ်)အသင်းတွေသာ ရမှတ်လျော့နည်းခဲ့တာ ဖြစ်ပါတယ်။ #Eleven




