“ပါကစၥတန္၏ျပည္တြင္းထုတ္ခ႐ုစ္ဒုံးက်ည္ ေျမျပင္၊ ပင္လယ္ျပင္ပစ္မွတ္မ်ားကို တိက်စြာပစ္ခတ္ႏိုင္ဟုဆို”

“ပါကစၥတန္၏ျပည္တြင္းထုတ္ခ႐ုစ္ဒုံးက်ည္ ေျမျပင္၊ ပင္လယ္ျပင္ပစ္မွတ္မ်ားကို တိက်စြာပစ္ခတ္ႏိုင္ဟုဆို”
====================
ပါကစၥတန္ႏိုင္ငံသည္ ျပည္တြင္းထုတ္တီမူးအာ (Taimoor) ေလေၾကာင္းပစ္ခ႐ုစ္ဒုံးက်ည္ကို ဇန္နဝါရီ ၃ ရက္ က စမ္းသပ္ပစ္ခတ္မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း ပါကစၥတန္စစ္ဘက္က ေျပာသည္။
အဆိုပါဒုံးက်ည္စနစ္သည္ ကီလိုမီတာ ၆၀၀ အကြာအေဝးအတြင္းရွိ ေျမျပင္၊ ပင္လယ္ျပင္ပစ္မွတ္မ်ားကို အလြန္တိက်စြာ ပစ္ခတ္တိုက္ခိုက္ ႏိုင္စြမ္းရွိေၾကာင္း ပါကစၥတန္စစ္ဘက္ျပန္ၾကားေရးဌာနက ေျပာသည္။
ေခတ္မီဆန္းသစ္ေသာ လမ္းေၾကာင္း ရွာေဖြ ေရးႏွင့္လမ္းၫႊန္ထိန္းခ်ဳပ္မႈစနစ္တပ္ဆင္ထားေသာ တီမူးအာခ႐ုစ္ဒုံးက်ည္သည္ အလြန္နိမ့္ ေသာ အျမင့္ေပမ်ားတြင္ ပ်ံသန္းႏိုင္ရန္ ဒီဇိုင္းထုတ္ထားေသာေၾကာင့္ ရန္သူ႔ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ႏွင့္ဒုံးက်ည္ကာကြယ္ေရး စနစ္မ်ားကို ထိေရာက္စြာ ေရွာင္ကြင္းႏိုင္မည္ျဖစ္ေၾကာင္း အဆိုပါဌာနက ေျပာသည္။
တီမူးအာခ႐ုစ္ဒုံးက်ည္၏ တိက်စြာပစ္ခတ္ႏိုင္မႈစြမ္းရည္က ပါကစၥတန္ေလတပ္၏ ပုံမွန္စစ္ဘက္ေရးရာ ဟန႔္တားမႈစြမ္းေဆာင္ရည္ႏွင့္ စစ္ဆင္ေရးတြင္ လိုက္ေလ်ာညီေထြရွိမႈတို႔ကို သိသိသာသာတိုးျမႇင့္ေပးႏိုင္မည္ ျဖစ္ ေၾကာင္း၊ ထို႔ျပင္ ပါကစၥတန္ႏိုင္ငံ၏အလုံးစုံေသာကာကြယ္ေရးစြမ္းေဆာင္ရည္ကို ပိုမိုအားေကာင္းလာေစမည္ ျဖစ္ ေၾကာင္း ဆင္ဟြာသတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။
“ပါကစ္စတန်၏ပြည်တွင်းထုတ်ခရုစ်ဒုံးကျည် မြေပြင်၊ ပင်လယ်ပြင်ပစ်မှတ်များကို တိကျစွာပစ်ခတ်နိုင်ဟုဆို”
====================
ပါကစ္စတန်နိုင်ငံသည် ပြည်တွင်းထုတ်တီမူးအာ (Taimoor) လေကြောင်းပစ်ခရုစ်ဒုံးကျည်ကို ဇန်နဝါရီ ၃ ရက် က စမ်းသပ်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ပါကစ္စတန်စစ်ဘက်က ပြောသည်။
အဆိုပါဒုံးကျည်စနစ်သည် ကီလိုမီတာ ၆၀၀ အကွာအဝေးအတွင်းရှိ မြေပြင်၊ ပင်လယ်ပြင်ပစ်မှတ်များကို အလွန်တိကျစွာ ပစ်ခတ်တိုက်ခိုက် နိုင်စွမ်းရှိကြောင်း ပါကစ္စတန်စစ်ဘက်ပြန်ကြားရေးဌာနက ပြောသည်။
ခေတ်မီဆန်းသစ်သော လမ်းကြောင်း ရှာဖွေ ရေးနှင့်လမ်းညွှန်ထိန်းချုပ်မှုစနစ်တပ်ဆင်ထားသော တီမူးအာခရုစ်ဒုံးကျည်သည် အလွန်နိမ့် သော အမြင့်ပေများတွင် ပျံသန်းနိုင်ရန် ဒီဇိုင်းထုတ်ထားသောကြောင့် ရန်သူ့လေကြောင်းရန် ကာကွယ်ရေးစနစ်နှင့်ဒုံးကျည်ကာကွယ်ရေး စနစ်များကို ထိရောက်စွာ ရှောင်ကွင်းနိုင်မည်ဖြစ်ကြောင်း အဆိုပါဌာနက ပြောသည်။
တီမူးအာခရုစ်ဒုံးကျည်၏ တိကျစွာပစ်ခတ်နိုင်မှုစွမ်းရည်က ပါကစ္စတန်လေတပ်၏ ပုံမှန်စစ်ဘက်ရေးရာ ဟန့်တားမှုစွမ်းဆောင်ရည်နှင့် စစ်ဆင်ရေးတွင် လိုက်လျောညီထွေရှိမှုတို့ကို သိသိသာသာတိုးမြှင့်ပေးနိုင်မည် ဖြစ် ကြောင်း၊ ထို့ပြင် ပါကစ္စတန်နိုင်ငံ၏အလုံးစုံသောကာကွယ်ရေးစွမ်းဆောင်ရည်ကို ပိုမိုအားကောင်းလာစေမည် ဖြစ် ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။




