ကေလာ- ေ႐ႊေညာင္-ကေလာရႈခင္းၾကည့္ Sight Seeing ရထားခရီးစဥ္ အထူးရထားေျပးဆြဲေပး

ကေလာ- ေ႐ႊေညာင္-ကေလာရႈခင္းၾကည့္ Sight Seeing ရထားခရီးစဥ္ အထူးရထားေျပးဆြဲေပး
===========================
(ျပည္တြင္း) ဇန္နဝါရီ ၆

ကေလာႏွင့္ေ႐ႊေညာင္ရွိ ရႈေမွ်ာ္ခင္းမ်ား ၾကည့္ရႈႏိုင္ရန္ ကေလာ-ေ႐ႊေညာင္-ကေလာအတြက္ Sightseeing Package နဲ႔ စင္းလုံးငွားရထားခရီးစဥ္မ်ားကို အထူးရထားတြဲဆိုင္းမ်ား တပ္ဆင္၍ ေျပးဆြဲေပးလ်က္ရွိေၾကာင္း ျမန္မာ့ မီးရထားမွ သိရပါတယ္။

အဆိုပါရထားခရီးစဥ္က သာစည္- ေ႐ႊေညာင္- ေတာင္ႀကီး ရထားလမ္းပိုင္းအတြင္းရွိ ေတာင္ႀကီး-ေပါမူ- ေတာင္ႀကီး ခရီးစဥ္ကဲ့သို႔ Sight-Seeing ရထားခရီးစဥ္မ်ားကို ေျပးဆြဲေပးလ်က္ရွိပါတယ္။

ရထားခရီးစဥ္မ်ားကို ဒီဇင္ဘာလကုန္ပိုင္းမွစတင္၍ အပတ္စဥ္စေနႏွင့္ တနဂၤေႏြ႐ုံးပိတ္ရက္မ်ားတြင္ ပုံမွန္ ေျပးဆြဲလ်က္ရွိကာ ဟဲဟိုးဘဝသံသရာတံတားကို ေလ့လာၾကည့္ရႈျခင္း၊ လမ္းခရီးရွိ ေရေျမေတာေတာင္သဘာဝ ရႈခင္းမ်ားကို ေလ့လာၾကည့္ရႈျခင္းႏွင့္ ေဒသႏၲရဗဟုသုတမ်ားရရွိေစရန္ ေျပးဆြဲေပးျခင္းျဖစ္ပါတယ္။

ေျပးဆြဲေပးမယ့္ အထူးရထားမ်ားက ခရီးသည္ ၄၀ ဦး လိုက္ပါစီးနင္းႏိုင္မည့္ ျမင္းေကာင္ေရ ၂,၀၀၀ အားရွိ ဒီဇယ္စက္ေခါင္းတပ္ ရထားတြဲမ်ားျဖစ္ၿပီး ခရီးသည္ ၁၅ ဦး လိုက္ပါ စီးနင္းႏိုင္တဲ့ ႐ိုး႐ိုးတန္းတစ္တြဲ၊ အထက္တန္း ႏွစ္တြဲႏွင့္ ရထားထိန္းတြဲတစ္တြဲ ပါဝင္ပါတယ္။

အထူးရထားတြဲဆိုင္းကို Package နဲ႔ စင္းလုံးငွားရမ္းခက ကေလာ-ေ႐ႊေညာင္အသြားအျပန္ လူတစ္ဦးလွ်င္ ႐ိုး႐ိုးတန္း ေငြက်ပ္ ၃၀,၀၀၀၊ အထက္တန္းေငြက်ပ္ ၅၀,၀၀၀ ျဖင့္ ၂၀၂၆ ခုႏွစ္ ဇန္နဝါရီမွစတင္၍ ေျပးဆြဲေပးလ်က္ ရွိပါတယ္။

ကေလာ-ေ႐ႊေညာင္အသြားအျပန္ခရီးစဥ္အတြက္ စိတ္ပါဝင္စားတဲ့ ခရီးသြားကုမၸဏီမ်ား၊ ခရီးသြားေအဂ်င္စီမ်ား၊ ပုဂၢလိကေက်ာင္းမ်ားသည့္ ရထားအဆိုင္းလိုက္(စင္းလုံး)ငွားရမ္းလိုပါက ျမန္မာ့မီးရထားသို႔ ဖုန္းျဖင့္ဆက္သြယ္ ႏိုင္ေၾကာင္း သိရပါတယ္။


ကလော- ရွှေညောင်-ကလောရှုခင်းကြည့် Sight Seeing ရထားခရီးစဉ် အထူးရထားပြေးဆွဲပေး
===========================
(ပြည်တွင်း) ဇန်နဝါရီ ၆

ကလောနှင့်ရွှေညောင်ရှိ ရှုမျှော်ခင်းများ ကြည့်ရှုနိုင်ရန် ကလော-ရွှေညောင်-ကလောအတွက် Sightseeing Package နဲ့ စင်းလုံးငှားရထားခရီးစဉ်များကို အထူးရထားတွဲဆိုင်းများ တပ်ဆင်၍ ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့ မီးရထားမှ သိရပါတယ်။

အဆိုပါရထားခရီးစဉ်က သာစည်- ရွှေညောင်- တောင်ကြီး ရထားလမ်းပိုင်းအတွင်းရှိ တောင်ကြီး-ပေါမူ- တောင်ကြီး ခရီးစဉ်ကဲ့သို့ Sight-Seeing ရထားခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိပါတယ်။

ရထားခရီးစဉ်များကို ဒီဇင်ဘာလကုန်ပိုင်းမှစတင်၍ အပတ်စဉ်စနေနှင့် တနင်္ဂနွေရုံးပိတ်ရက်များတွင် ပုံမှန် ပြေးဆွဲလျက်ရှိကာ ဟဲဟိုးဘဝသံသရာတံတားကို လေ့လာကြည့်ရှုခြင်း၊ လမ်းခရီးရှိ ရေမြေတောတောင်သဘာဝ ရှုခင်းများကို လေ့လာကြည့်ရှုခြင်းနှင့် ဒေသန္တရဗဟုသုတများရရှိစေရန် ပြေးဆွဲပေးခြင်းဖြစ်ပါတယ်။

ပြေးဆွဲပေးမယ့် အထူးရထားများက ခရီးသည် ၄၀ ဦး လိုက်ပါစီးနင်းနိုင်မည့် မြင်းကောင်ရေ ၂,၀၀၀ အားရှိ ဒီဇယ်စက်ခေါင်းတပ် ရထားတွဲများဖြစ်ပြီး ခရီးသည် ၁၅ ဦး လိုက်ပါ စီးနင်းနိုင်တဲ့ ရိုးရိုးတန်းတစ်တွဲ၊ အထက်တန်း နှစ်တွဲနှင့် ရထားထိန်းတွဲတစ်တွဲ ပါဝင်ပါတယ်။

အထူးရထားတွဲဆိုင်းကို Package နဲ့ စင်းလုံးငှားရမ်းခက ကလော-ရွှေညောင်အသွားအပြန် လူတစ်ဦးလျှင် ရိုးရိုးတန်း ငွေကျပ် ၃၀,၀၀၀၊ အထက်တန်းငွေကျပ် ၅၀,၀၀၀ ဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှစတင်၍ ပြေးဆွဲပေးလျက် ရှိပါတယ်။

ကလော-ရွှေညောင်အသွားအပြန်ခရီးစဉ်အတွက် စိတ်ပါဝင်စားတဲ့ ခရီးသွားကုမ္ပဏီများ၊ ခရီးသွားအေဂျင်စီများ၊ ပုဂ္ဂလိကကျောင်းများသည့် ရထားအဆိုင်းလိုက်(စင်းလုံး)ငှားရမ်းလိုပါက မြန်မာ့မီးရထားသို့ ဖုန်းဖြင့်ဆက်သွယ် နိုင်ကြောင်း သိရပါတယ်။