Year: 2026
ပဲခူးတိုင်းဒေသကြီး(အနောက်)၊ တိုင်း၊ ခရိုင်၊ မြို့နယ်တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊ အောက်မြန်မာပြည်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခင်ရွှေမြင့်တက်ရောက်

ပြည် မတ် ၁၀
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင်ပါတီရုံး၌တိုင်း/ခရိုင်/မြို့နယ်တွေ့ဆုံပွဲကျင်းပခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊ အောက်မြန်မာပြည်အမျိုးသမီးရေးရာတာဝန်ခံဒေါ်ခင်ရွှေမြင့်၊တိုင်းပါတီဥက္ကဋ္ဌဦးအောင်ချိုဦး၊တိုင်းပါတီအတွင်းရေးမှူးဦးကျော်ကျော်လင်းနှင့် တိုင်းပါတီကော်မတီဝင်များ၊ခရိုင်ပါတီဥက္ကဋ္ဌ ဒေါ်ဆွေဆွေသင်းနှင့်ခရိုင်ကော်မတီဝင်များ၊ ပြည်မြို့နယ်ဥက္ကဋ္ဌဒေါ်မိုးမိုးစံ၊ရွှေတောင်မြို့နယ် ဥက္ကဋ္ဌဦးခင်အောင်ဝင်း၊ပန်းတောင်းမြို့နယ်ဥက္ကဋ္ဌ ဦးသန်းဇော်နှင့် ပေါက်ခေါင်းမြို့နယ်ဥက္ကဋ္ဌ ဦးဝင်းထွန်းမြင့်တို့တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် တိုင်း/ခရိုင်ပါတီ တာဝန်ရှိသူများမှပါတီ၏ ရှေ့ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ၊ မြို့နယ်ဥက္ကဋ္ဌများမှ မိမိမြို့နယ်အလိုက် ပါတီအောင်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး တိုင်း/ခရိုင်ပါတီတာဝန်ရှိသူများကလိုအပ်သည်များပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြပါသည်။
Read moreရှေးဟောင်းသမိုင်းဝင် ရန်အောင်မြင်ရွှေလက်လှစေတီတော်မြတ်ကြီး၏ (၉၃)ကြိမ်မြောက်ဆွမ်းဆန်စိမ်းတော် လောင်းလှူပွဲသို့ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှ တက်ရောက်ကြည်ညိုလောင်းလှူ



နေပြည်တော် မတ် ၉
ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ရှေးဟောင်းသမိုင်းဝင် ရန်အောင်မြင်ရွှေလက်လှစေတီတော်မြတ်ကြီး၏ (၉၃)ကြိမ်မြောက်ဆွမ်းဆန်စိမ်းတော်လောင်းလှူပွဲ ကိုယနေ့(၉-၃-၂၀၂၅)မွန်းလွဲ(၂)နာရီအချိန်၌ ရွှေလက်လှစေတီတော်တွင်ပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွမ်းဆန်စိမ်းတော်လောင်းလှူပွဲသို့ ဌာနဆိုင်ရာဝန်ထမ်းများ၊စေတနာရှင်အလှူရှင်များနှင့် အတူပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး၊အမျိုးသမီး ရေးရာတာဝန်ခံဒေါက်တာစန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင်၊လူငယ်ရေးရာတာဝန်ခံ ဒေါ်သိင်္ဂီဝင်းရွှေနှင့်ဗဟိုကော်မတီဝင်များ၊ဌာနချုပ်မှူး ဦးသောင်းရွှေ၊ဌာနမှူးများ၊ဌာနစုမှူးများ၊
ဦးစီးရုံးဝန်ထမ်းများနှင့်မိသားစုဝင်များမှတက်ရောက်ကြည်ညိုပြီးသံဃာ(၁၅၀)ပါးနှင့်သီလရှင် ဆရာလေးများအားဆွမ်းဆန်စိမ်းတော်များလောင်းလှူခဲ့ပါသည်။
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၁၄ ဦး လွှဲပြောင်းပေးအပ်ခဲ့ပြီး ၁၄၀ ဦးကို ထပ်မံစစ်ဆေး ဖော်ထုတ်

မြန်မာ – တရုတ် – ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation)ဖြင့် အွန်လိုင်းအသုံးပြု လိမ်လည်မှု (Online Scam)နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling)လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ် သက်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းလျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး နှင့် KK Park နယ်မြေများတွင် အွန်လိုင်း လောင်း ကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၁၄ ဦးကို ယနေ့တွင် သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၄၀ကို ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
Read moreတိုင်းကော်မတီဝင် များ၊ ခရိုင်/မြို့နယ် ဥက္ကဋ္ဌများ ၊ကော်မတီဝင်များနှင့်ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ၊အောက်မြန်မာပြည်အမျိုးသမီးရေးရာတာဝန်ခံဒေါ်ခင်ရွှေမြင့်၊ တိုင်းပါတီဥက္ကဌ ဗဟိုအလုပ်အမှုဆောင်ဦးအောင်ချိုဦးတို့တွေ့ဆုံ

သာယာဝတီ မတ် ၈
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) သာယာဝတီမြို့နယ်၊ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊အောက်မြန်မာပြည်အမျိုးသမီးရေးရာတာဝန်ခံဒေါ်ခင်ရွှေမြင့်၊တိုင်းပါတီဥက္ကဌ ဗဟိုအလုပ်အမှုဆောင်ဦးအောင်ချိုဦးတို့သည်တိုင်းကော်မတီဝင် များ၊ ခရိုင်ဥက္ကဌ၊ ခရိုင်ကော်မတီဝင်များ နှင့် မြို့နယ်ဥက္ကဌများ တွေ့ဆုံခဲ့ပြိး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု့ဆောင်ကော်မတီ စုံညီအစည်းအဝေး(၃/၂၀၂၅) ၏ညှိနှိုင်းဆွေးနွေးချက်ပါအချက်များနှင့်အညီ ခရိုင်အတွင်းရှိ ခြောက်မြို့နယ်၏ အားသာချက် အားနည်းချက်များ အသေးစိတ်ဆွေးနွေး၍ အောင်နိုင်ရေးအတွက် အားထည့်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့် United Russia Party “For the Freedom of Nation” လှုပ်ရှားမှု အမြဲတမ်းကော်မတီ၏ Expert Council ဒုတိယအကြိမ် အစည်းအဝေးအား Video Link ဖြင့်တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်သည် United Russia Party မှ “For the Freedom of Nation” လှုပ်ရှားမှု အမြဲတမ်းကော်မတီ၏ Expert Council ဒုတိယအကြိမ် အစည်းအဝေးအား ၂၀၂၅ ခုနှစ်၊ မတ်လ ၆ ရက် ၁၈၃၀ နာရီချိန်တွင် Video Link ဖြင့်တက်ရောက်ခဲ့ပါသည်။
Read moreT-72 တင့်များအတွက် လိုအပ်သည့်အင်ဂျင်များအား ရုရှားမှဝယ်ယူရန် သဘောတူညီချက်တစ်ရပ်ကို အိန္ဒိယ လက်မှတ်ရေးထိုး

အိန္ဒိယနိုင်ငံသည် ၎င်းတို့၏ ကြည်းတပ်မတော်တွင် အသုံးပြုနေသည့် T-72 တင့်များအတွက် လိုအပ်သည့် အင်ဂျင်များကို ရုရှားနိုင်ငံမှဝယ်ယူရန် ဒေါ်လာ ၂၄၈ သန်း တန်ဖိုးရှိ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုး ခဲ့ကြောင်း ရုရှားနိုင်ငံပိုင် လက်နက်ကုမ္ပဏီကြီးဖြစ်သည့် Rosoboronexport က ထုတ်ပြန်သည်။
Read moreလာမည့် ၂၀၃၀ ပြည့်နှစ်ကမ္ဘာ့ဖလားတွင် အသင်း ၆၄ သင်းအထိတိုးမြှင့်ရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်စီစဉ်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ကျင်းပခဲ့သောအစည်းအဝေးတွင် လာမည့် ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်း ၆၄ သင်းထိ တိုးမြှင့်ကစားရန် ဆုံးဖြတ်ခဲ့ကြောင်းသိရပါတယ်။
လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကို၊ ကနေဒါနိုင်ငံတို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ၃၂ သင်းမှ ၄၈ သင်းထိပထမဆုံးအကြိမ် တိုးမြှင့်ထားကာ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆော်ဒီအာရေဗျနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိရန် သေချာနေတာဖြစ်ပါတယ်။
Read more









