ONE Friday Fights 101 ပြိုင်ပွဲတွင် အဲမွီနှင့် သွေးလင်းထက်တို့၏ တွဲဆိုင်းများ ပါဝင်

မတ် (၂၁) ရက်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် ONE Friday Fights 101 ပြိုင်ပွဲတွင် မြန်မာဖိုက်တာနှစ်ဦးဖြစ်သည့် အဲမွီနှင့် သွေးလင်းထက်တို့၏ တွဲဆိုင်းများ ပါဝင်လာကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် တွဲဆိုင်းစုစုပေါင်း (၁၂)ပွဲ ပါဝင်မည်ဖြစ်ပြီး အဲမွီတွဲဆိုင်းကို ပွဲစဉ် (၆)၊ သွေးလင်းထက်တွဲဆိုင်းကို ပွဲစဉ် (၇)တွင် ကျင်းပမည်ဖြစ်သည်။

Read more

ဤဝဘ်ဆိုနိုက်ကလပ်မီးလောင်မှု နောက်ဆက်တွဲ လူ ၁၅ ဦးဖမ်းဆီးခံရ

လူ ၆၀ နီးပါး သေဆုံးခဲ့သည့် မြောက်မက်ဆီဒိုးနီးယား နိုက်ကလပ်မီးလောင်မှု နောက်ဆက်တွဲ လူ ၁၅ ဦးဖမ်းဆီးခံရကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုအား မြောက်မက်ဆီဒိုနီးယား ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် ကိုင်တွယ်နေပြီး မီးလောင်မှုနောက်ဆက်တွယ်အဖြစ် လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှုများ သံသယဖြစ်ဖွယ်တွေရကြောင်း ၎င်းကဆိုသည်။

မြောက်မက်ဆီဒိုးနီးယားမြို့တော်နှင့် မိုင် ၆၀ ခန့်အကွာတွင် ဖွင့်လှစ်ထားသော အဆိုပါ နိုက်ကလပ်သည် တရားဝင်ဖွင့်လှစ်ခွင့်လိုင်စင်မရှိပဲ ယခင်က ကောဇောထုပ်လုပ်သည့်ဂိုဒေါင်ဖြစ်ကြောင်းဒေသတွင်း သတင်းဌာနများကဆိုသည်။

Read more

နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ် ပြည်တွင်းဆုဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ နယူးကာဆယ်

မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ ကရာဘောင် လိဂ်ဖလားဗိုလ်လုပွဲမှာ နယူးကာဆယ်အသင်းဟာ လီဗာပူးကို အနိုင်ရပြီး နှစ်ပေါင်း ၇၀ အတွင်းမှာ ပထမဆုံးအကြိမ် ပြည်တွင်းဆုဖလားတလုံး ပြန်လည်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

နယူးကာဆယ်အသင်းဟာ လီဗာပူးနဲ့ ဗိုလ်လုပွဲမှာ ဒမ်နီဘမ်း၊ အီဆက်ခ်တို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်ဂိုး ၂ ဂိုး ရရှိခဲ့ပြီး ပွဲပြီးခါနီးမှာ ချေပဂိုးတဂိုး ပြန်ပေးခဲ့ရကာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့တာပါ။

Read more

အင်္ဂလန်အသင်းပွဲစဉ်များကို လွဲချော်ဖွယ်ရှိတဲ့ ပယ်မာ

ကြွက်သားဒဏ်ရာရနေတဲ့ ကွင်းလယ်ကစားသမား ကိုးလ်ပယ်မာအနေနဲ့ လာမယ့် အင်္ဂလန်အသင်းရဲ့ ပွဲတွေကို လွဲချော်ဖွယ်ရှိတယ်လို့ ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ပြောသွားခဲ့ပါတယ်။ ပယ်မာဟာ ဒီဒဏ်ရာကို စနေနေ့ အသင်းလေ့ကျင့်ရေးမှာ ရရှိခဲ့တာဖြစ်ပြီး တနင်္ဂနွေညမှာ ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကို လွဲချော်ခဲ့ရပါတယ်။

Read more

သမ္မတဟောင်းအဖမ်းခံရမှုကြောင့် ဖိလစ်ပိုင်ပြည်သူသောင်းနှင့်ချီ ဆန္ဒထုတ်ဖော်

နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး(ICC) သို့ ဖမ်းဆီးပို့ဆောင်ခံရသည့် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးအား ဖိလစ်ပိုင်ပြည်သူ သောင်းနှင့်ချီ ထောက်ခံ ဆန္ဒထုတ်ဖော်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသားများသည် ဖိလစ်ပိုင်နိုင်ငံရှိမြို့ကြီးများအပြင် ကနေဒါ၊ ဖင်လန်၊ ဒူဘိုင်း၊ စပိန်၊ ကိုရီးယားနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော ဖိလစ်ပိုင်နိုင်ငံသားများလည်း စုဝေးဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“သမ္မတ ဒူတာတေး ဖိလစ်ပိုင်နိုင်ငံကို ပြန်ရောက်တဲ့အထိ ကျွန်တော်တို့ရဲ့ထောက်ခံမှုကို ပြသသွားမှာပါ”ဟု ထောက်ခံသူများကဆိုသည်။

Read more

ပြည်သူများနှင့် ထိတွေ့ ဆက်ဆံရာတွင် မိသားစု မောင်နှမများအကြား ရင်ကြားစေ့ရေးအသွင် မိသားစု စိတ်ဓါတ်ဖြင့် နှစ်သိမ့် စည်းရုံးဆောင်ရွက် သွားကြရန် ရှမ်းပြည်နယ်တောင်ပိုင်း ပြည်နယ်ကော်မတီဝင်များ တွေ့ဆုံ ပွဲ၌ ပါတီ ဒုဥက္ကဋ္ဌမှာကြား

Read more

ရုရှားတပ်ဖွဲ့ဝင်များ၏ စစ်ဆင်နိုင်မှုစွမ်းဆောင်ရည်က မယုံကြည်နိုင်လောက်အောင် ထူးခြားကောင်းမွန်ဟု ထရမ့်ပြော

ကာ့စ်ဒေသတွင် ရုရှားတပ်ဖွဲ့ဝင်များ၏ စစ်ဆင်နိုင်မှုစွမ်းဆောင်ရည်သည် မယုံကြည်နိုင်လောက်အောင် ထူးခြားကောင်းမွန်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားလိုက်သည်။

အမေရိကန်အစိုးရသည် ယူကရိန်းနိုင်ငံသို့ ငွေကြေးနှင့်စစ်ရေးအကူအညီ အများအပြားကို နှစ်ပေါင်းများစွာ ကြာအောင် ပေးအပ်ခဲ့သော်လည်း ရုရှားတပ်ဖွဲ့ဝင်များက ကာ့စ်ဒေသတွင် ယူကရိန်းစစ်သည် အမြောက်အမြားအား ဝိုင်းရံပိတ်ဆို့ထားနိုင်ခြင်းသည် ယုံကြည်နိုင်ဖွယ်မရှိဟု ထရမ့် က မတ်လ ၁၄ ရက်တွင် တရားရေးဝန်ကြီးဌာန၌ ပြောကြားသည့် မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

Read more