Year: 2026
သင်္ကြန်ပိတ်ရက်နေရပ်ပြန်မည့်သူများ အဆင်ပြေစေရန် ကားလက်မှတ်များကို ပုံမှန်နှုန်းထားများနဲ့ဆောင်ရွက်ပေးမည်

သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း မန္တလေးမြို့မှ နေရပ်အသီးသီးသို့ပြန်ကြမယ့်ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ခရီးသွားပြည်သူများ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်စေရေးအတွက် ကားလက်မှတ်များကို ပုံမှန်နှုန်း ထားများနဲ့ အခက်အခဲမရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီမှ သိရပါတယ်။
Read moreထိုင်း-မြန်မာနယ်စပ်ဂိတ်တစ်ခုကို ထိုင်းနိုင်ငံဘက်က ပိတ်သိမ်း

ထိုင်း-မြန်မာနယ်စပ်က နယ်စပ်ဂိတ်တစ်ခုဖြစ်တဲ့ ဂိတ်အမှတ်(၄၈)ကို ထိုင်းနိုင်ငံဘက်က တရားဝင်ပိတ်လိုက်တယ်လို့ သိရပါတယ်။
နယ်စပ်မြစ်ဖြစ်တဲ့ သောင်ရင်းမြစ်ကူးဂိတ်(၅၉)ဂိတ်ရှိတဲ့အနက်က မဲဆောက်ခရိုင်၊ မဲကုရပ်ကွက်မှာရှိတဲ့ ဂိတ်အမှတ်(၄၈)ကို ထိုင်းအာဏာပိုင်တွေက ပိတ်လိုက်တာဖြစ်တယ်လို့ အဲ့ဒီဂိတ်တွေကနေ ကူးသန်ရောင်းဝယ်မှုပြုလုပ်နေသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံ တာခ်ခရိုင်မြို့တော်ဝန်နဲ့ နယ်စပ်ဒေသလုံခြုံရေးအဖွဲ့တွေက အဲ့ဒီဂိတ်ကိုပိတ်သိမ်းလိုက်တယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က ကြေညာခဲ့တယ်လို့လည်း သိရပါတယ်။
Read moreအမေရိကန်၏ ထိပ်တန်းလျှို့ဝှက်ချက်များ သတင်းထောက်တစ်ဦးထံမှားယွင်းပေးပို့မိခဲ့

အမေရိကန်၏အမျိုးသားလုံခြုံရေးအကြံပေးက စစ်ဆင်ရေးဆိုင်ရာ ထိပ်တန်း လျှို့ဝှက်ချက်အချို့ သတင်းထောက်တစ်ဦးထံ မှားယွင်း ပေးပို့မိခဲ့ကြောင်းသိရသည်။
အမျိုးသားလုံခြုံရေးအကြံပေး Mike Waltz သည် ယီမင်နိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မည့် စစ်ဆင်ရေးဆိုင်ရာ စီမံချက်အချို့အား နာမည်ကြီးသတင်းထောက်တစ်ဦးထံ မှားယွင်းပေးပို့မိခဲ့သည်။
Read moreဘတ် သန်း ၇၀ ကျော် ရှာပေးနိုင်ခဲ့တဲ့ ONE 172

ONE 172 ပြိုင်ပွဲ တိုက်ရိုတ်ပြသနေတော့ ပရိသတ် တစ်ချို့ သတိထားမိလောက်ပါတယ်။
ONE Championship က ဒီပြိုင်ပွဲရောက်မှ ကွင်းထဲက ပရိသတ်တွေကို ခဏခဏ ရိုတ်ပြတာပါ။
ယခင်ပွဲတွေတုန်းက အဲဒီလိုမျိုး လုံးဝ မပြသလို ၊ လာကြည့်တဲ့ ပရိသတ်တွေ ပေါ်အောင်လဲ Lighting ချိန်ထားတာမျိုး မရှိပါဘူး။
Read moreစတုတ္ထ အကြိမ်မြောက် ဂင်းနစ်ဂုဏ်ပြုမှတ်တမ်းကို ရယူနိုင်ခဲ့တဲ့ စီရော်နယ်လ်ဒို

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက ကစားသမားဘဝတွင် စတုတ္ထ အကြိမ်မြောက် ဂင်းနစ်ဂုဏ်ပြုမှတ်တမ်းကို ဒိန်းမတ်နှင့်ပွဲမတိုင်မီ လက်ခံရယူခဲ့ပါတယ်။
စီရော်နယ်လ်ဒို(၄၀ နှစ်)ဟာ နိုင်ငံတကာဘောလုံးသမိုင်းတွင် နိုင်ပွဲအများဆုံး ကစားသမားအဖြစ် ၁၃၂ ပွဲနှင့် ယင်းမှတ်တမ်း ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။
စီရော်နယ်လ်ဒို၏ အခြားဂင်းနစ်မှတ်တမ်းသုံးခုမှာ နိုင်ငံတကာဘောလုံးသမိုင်းတွင် ဂိုးအများဆုံး၊ ချန်ပီယံလိဂ်တွင် သွင်းဂိုး ၁၀၀ ပြည့်သည့် ပထမဆုံးကစားသမား၊ Instagramတွင် Follower
အများဆုံးစသည့် မှတ်တမ်းများနှင့် ပိုင်ဆိုင်ခဲ့ပါတယ်။
ပထမဆုံးအမျိုးသမီး IOC ဥက္ကဋ္ဌအဖြစ် ဇင်ဘာဘွေရေကူးမယ်ဟောင်း ကိုဗင်ထရီ ကိုရွေးချယ်

နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) ရဲ့ ပထမဆုံးအမျိုးသမီးဥက္ကဋ္ဌအဖြစ် ဇင်ဘာဘွေရေကူးအားကစားမယ် ဟောင်း ကာစတီ ကိုဗင်ထရီ ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။
မတ်လ ၂၀ ရက်က ဂရိနိုင်ငံမှာ ကျင်းပတဲ့ (၁၄၄) ကြိမ်မြောက် IOC အစည်းအဝေးမှာ ဥက္ကဋ္ဌရွေးကောက်ပွဲ အတွက် မဲပေးမှုပြုလုပ်ခဲ့ပြီး အသက် ၄၁ နှစ်ရှိပြီဖြစ်သူ ကိုဗင်ထရီ က ပြိုင်ဘက်ဖြစ်သူ အမျိုးသားကိုယ်စားလှယ် ခြောက်ဦးကိုကျော်ဖြတ်ကာ မဲအများဆုံးရရှိခဲ့တာ ဖြစ်ပါတယ်။
Read more








