လေဖြတ် လေဖြန်း အကြောကပ် သူတို့အတွက် ဆေးနည်း။”

 

 

ကြောင်ပန်း (၂) မျိုးရှိသည်။ အရွက်ကိုခွဲ၍ သတ်မှတ်ကြသည်-

(၁) ကြောင်ပန်းကြီး။ အရွက် (၅) ရွက်စုထွက်က ကြောင်ပန်းကြီး ဖြစ်၏။ အရွက်ရှည်ကာ ချွန်သည်။ ညိုရောင်ဖြစ်သည်။

(၂) ကြောင်ပန်းငယ်။ အရွက် (၃) ရွက် ထွက်ပါက ကြောင်ပန်းငယ် ဖြစ်သည်။ အရွက်ခတ်ဝိုင်းဝိုင်း အသွင်ရှိသည်။

Read more

Skincare အသုံးပြုပုံ အဆင့်ဆင့်……

မနက်ပိုင်း

(၁) မျက်နှာသစ်ပါ။
(၂) Toner လိမ်းပါ။
(၃) ပြီးရင်serum လိမ်းပေးပါ။
(၄) အစိုဓာတ်ထိန်း moisturizer ဆက်သုံးနိုင်ပါတယ်။
(၅) ပြီးရင် နေလောင်ကာ sunscreen လိမ်းပေးပါ။
(၆) နောက်ဆုံးရောက်မှသာ makeup primer (သို့) foundation တခုခုသုံးရပါတယ်။

ညပိုင်း

Read more

ကိုရီးယားခွင့်ပြန်လုပ်သားများ အလုပ်သမားဝန်ကြီးဌာနမှ ကြေညာသည့် ထွက်ခွာခွင့်စာရင်းပါမှသာ ပြန်လည်ထွက်ခွာခွင့်ရမည်

ကိုရီးယားနိုင်ငံသို့ အလုပ်သွားလုပ်ပြီး ခွင့်ဖြင့် ပြန်လာသည့် မြန်မာအလုပ်သမားများအနေဖြင့်အလုပ်သမားဝန်ကြီးဌာနက ကြေညာပေးသည့်ထွက်ခွာခွင့် အမည်စာရင်းပါဝင်မှသာ ကိုရီးယားသို့ ပြန်လည်ထွက်ခွာခွင့် ရရှိမည်ဖြစ်ကြောင်း မေ ၇ ရက်က အစိုးရအလုပ်အကိုင်အေဂျင်စီ POEA မှ ကြေညာထားသည်။
ကိုရီးယားနိုင်ငံမှမြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်ရောက်လာပါက အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီထံသို့ မပျက်မကွက် သတင်းပေးပို့ရမည်ဖြစ်ပြီး ပြန်လည်ထွက်ခွာရမည့် နေ့ရက်အား Safe Migiation ၏ တယ်လီဂရမ်ချန်နယ်မှ ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုရီးယားသို့ မြန်မာလုပ်သားစေလွှတ်မှုကို အစိုးရအလုပ်အကိုင် အေဂျင်စီ POEA မှစီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပြီး သွားရောက်လုပ်ကိုင်ကြသည့် အမျိုးသားအများစုမှာအသက် (၁၈) နှစ်မှ (၃၅) နှစ်ကြားအရွယ်များဖြစ်ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့်အသက်(၁၈) နှစ်မှ(၃၅) နှစ်အတွင်း အသက်ကန့်သတ်ချက် အကျုံးဝင်အမျိုးသားများအား ပြည်ပထွက်အလုပ်လုပ်ခွင့် ကန့်သတ်ကြောင်းသာ ပြည်ပအလုပ်အကိုင် အေဂျင်စီများသို့ တရားဝင်အသိပေးအကြောင်းကြားထားကြောင်း သိရသည်။

Read more

အမေရိကန်ဖွား ကာဒီနယ် ရောဘတ် ပရီဗော့စ်အား ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်တင်မြှောက်

ကာဒီနယ် ရောဘတ် ပရီဗော့စ်(Robert Prevost)သည် ပထမဆုံး‌သော အမေရိကန်ဖွား ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး လီယို (၁၄) အဖြစ် ထင်ရှားမည်ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးလီယိုသည် ပုပ်ရဟန်းမင်းကြီးအဖြစ် ပထမဆုံးမိန့်ခွန်းပြောကြားရာတွင် ကမ္ဘာကြီးငြိမ်းချမ်း‌စေရေးကို တောင်းဆိုခဲ့ပြီး ကွယ်လွန်ခဲ့သည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဂုဏ်‌ကျေးဇူးများကိုလည်း ဂါရဝပြုပြောကြားခဲ့သည်။

Read more

ကဝမြို့နယ်က ဒီရေတောတစ်ခုကို ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်

၂၀၁၈ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င)အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးပြီး အမိန့်ကြော်ငြာစာအမှတ် (၄၂/၂၀၂၅)အရ ၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း(၄)ရက် (၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်)မှစပြီး သတ်မှတ်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

Read more

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌ ဦးမျိုးဇော်သိမ်း ကရင်ပြည်နယ်ပါတီတာဝန်ရှိသူများ၊ခရိုင်/မြို့နယ်ဥက္ကဌများနှင့် တွေ့ဆုံ၍ အစည်းအဝေးပြုလုပ်

ဘားအံ မေ ၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်း‌‌ရေးမှူးဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည် ပါတီဗဟိုအတွင်းရေးမှူး ဦးသူရိန်‌ဇော် ၊ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါ်နန်းနီနီအေးတို့နှင့်အတူ ၂၀၂၅ ခုနှစ်‌၊ မေလ ၆ ရက်နေ့‌တွင် ဘားအံမြို့၌ ပြည်နယ်ပါတီ‌ကော်မတီဝင်များခရိုင်၊မြို့နယ်ဥက္ကဌများနှင့် တွေ့ဆုံခဲ့ပါသည်။
ထို့နောက်ပါတီဒုတိယဥက္ကဋ္ဌသည်အစည်းအဝေးသို့တက်ရောက်လာကြသော တိုင်း/ ခရိုင်/မြို့နယ်ပါတီများမှ တာဝန်ရှိသူများအား မိမိဒေသနှင့်ပြည်သူကို ရှေးရှုသောနိုင်ငံရေးခံယူချက်ဖြင့် ဆောင်ရွက်ရေး၊ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား လက်တွေကျကျဆောင်ရွက်ရေး အသေးစိတ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ မြို့မိမြို့ဖများ၊တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ နှင့်တွေ့ဆုံ

ဘားအံ မေ ၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်း‌‌ရေးမှူး
ဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည် ပါတီဗဟိုအတွင်းရေးမှူး ဦးသူရိန်‌ဇော် ၊ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါ်နန်းနီနီအေးတို့နှင့်အတူ ၂၀၂၅ ခုနှစ်‌၊ မေလ ၆ ရက်နေ့‌တွင် ဘားအံမြို့၌ မြို့မိမြို့ဖများ၊တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ဆုံခဲ့ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဥက္ကဌနှင့် ဗဟိုအတွင်းရေးမှူးတို့သည် တက်ရောက်လာကြသူများနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိဖြစ်ပေါ်‌နေသော နိုင်ငံရေး၊စီးပွားရေးအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌ ဦးမျိုးဇော်သိမ်း ကရင်ပြည်နယ်ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံ


ဘားအံ မေ ၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်း‌‌ရေးမှူး ဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည် ပါတီဗဟိုအတွင်းရေးမှူး ဦးသူရိန်‌ဇော် ၊ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါ်နန်းနီနီအေးတို့နှင့် အတူ ၂၀၂၅ ခုနှစ်‌၊ မေလ ၆ ရက်နေ့‌ တွင် ဘားအံမြို့၌ ပြည်နယ်၊ခရိုင်၊မြို့နယ်နှင့်ရပ်‌ကျေးပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။
ထို့နောက်ပါတီဒုတိယဥက္ကဋ္ဌသည်အစည်းအဝေးသို့တက်ရောက်လာကြသော တိုင်း/ ခရိုင်/မြို့နယ်ပါတီများမှ တာဝန်ရှိသူများနှင့်သက်ဆိုင်ရာ နယ်မြေအလိုက် ရွေးကောက်ပွဲအောင်နိုင်ရေးနှင့်ပတ်သက်ပြီး အပြန်အလှန် ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား အသေးစိတ် သုံးသပ်ဆွေးနွေးခဲ့‌ကြောင်း သတင်းရရှိပါသည်။

Read more