ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင် ဒေါက်တာမောင်သင်းနှင့်တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များသည် G-12 စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် ကျောင်းသား/သူများအား သွား ရောက်တွေ့ဆုံ အားပေးစကားပြောကြား

သာစည် မေ ၁၁
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊မန္တလေးတိုင်းဒေသကြီးပါတီ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးကျော်စန်း၊ဦးမျိုးမြင့်၊မိတ္ထီလာခရိုင်ပါတီကော်မတီဝင် ဦးလွင်မျိုးထွန်း၊သာစည်မြို့နယ်ပါတီဥက္ကဌ ဒေါ်ကြူကြူမော်နှင့်ကော်မတီဝင်များသည် G-12 စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် ကျောင်းသား/သူများအား သင်ခန်းစာများ သင်ကြားပေးနေသော သာစည်မြို့နယ်၊ဟံဇားကျေးရွာရှိ ဟံဇားအထကစာသင် ကျောင်းသို့ သွားရောက်ကာ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းမှ G-12 စာမေးပွဲ ပြန် လည်ဖြေဆိုမည့် Camp ဝင်ရောက်နေသော ကျောင်းသား/သူများအား တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပါသည်။

Read more

ယခုနှစ် ဘောလုံးအကယ်ဒမီကျောင်းအတွက် ပဏာမ ရွေးချယ်ခံထားရသည့် လူငယ် (၂၀၀)ဦးကျော် နောက်ဆုံးဇကာတင် ရွေးချယ်ပွဲပြုလုပ်မည်

၂၀၂၅ -၂၀၂၆ ပညာသင်နှစ် ဘောလုံးအကယ်ဒမီကျောင်းအတွက် ပဏာမရွေးချယ်ခံထားရတဲ့ သက်တမ်းအလိုက် လူငယ်ကစားသမား ၂၀၀ ကျော်ကို နောက်ဆုံးဇကာတင် ရွေးချယ်ပွဲပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။
အခုလိုရွေးချယ်ရာမှာ ယူ-၁၂ ကစားသမား ၅၂ ဦးကို မေလ ၁၃ ရက်မှာလည်းကောင်း၊ ယူ-၁၃ ကစားသမား ၇၁ ဦးကို မေလ ၁၄ ရက်မှာ လည်းကောင်း၊ ယူ-၁၄ ကစားသမား ၁၀၁ ဦးကို မေလ ၁၅ ရက်မှာလည်ကောင်း ရန်ကုန်မြို့ သုဝဏ္ဏ လေ့ကျင့်ရေးကွင်း(၁)မှာ ထပ်မံရွေးချယ်သွားမည်ဖြစ်တယ်လို့ သိရပါတယ်။

Read more

လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အသုံးပြုပြီး ဟိုက်ဒရိုဂျင် နဲ့ ရေ ပေါင်းစပ်ကာ သန့်ရှင်း

သိပ္ပံပညာရှင်တွေဟာ လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အသုံးပြုပြီး ဟိုက်ဒရိုဂျင် နဲ့ ရေ ပေါင်းစပ်ကာ သန့်ရှင်းတဲ့ သဘာဝ ကာဗွန်လောင်စာကို ထုတ်လုပ်နိုင်တဲ့ နည်းပညာကို တီထွင်ခဲ့ကြပါတယ် အဲ့ဒီ လောင်စာဟာ ဓာတုဗေဒအရ ဓာတ်ဆီ နဲ့ တူညီသော်လည်း အသုံးပြုတဲ့အခါ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေမဲ့အရာတွေကို မထုတ်လွတ်ပေးပါ

#knowledge #ဗဟုသုတ #facts #WhatTheFacts

Read more

𝐕𝐚𝐬𝐞𝐥𝐢𝐧𝐞နဲ့♥️အလှပရေးရာ 💆

👀မျက်တောင်👀

ညအိပ်ယာ ဝင်ခါနီးတိုင်း အုန်းဆီနဲ့ Vaseline ကိုရောစပ်ပြီး မျက်တောင်လေးတွေအပေါ် အသာအယာလိမ်းပေးပါ။

မိက်တောင်ရှည်ပြီးကော့စေပါတယ်

🤓မျက်ခုံးမွေး🤓

မျက်ခုံးလေးတွေကို တစ်နေ့တာလုံး သပ်သပ်ရပ်ရပ် အကြာကြီးခံချင်တယ်ဆို Vaseline လေး နည်းနည်းလောက်လိမ်းပြီးမှ ပုံသွင်းပါ။

💅လက်သည်းအိမ်💅

Vaseline လေးတွေကို လက်သည်းအိမ်လေးပေါ်တင်၊ အသားအယာလေးလိမ်းပြီး နှိပ်နယ်ပေးသွားရင် နူးညံ့ပျော့ပျောင်းပြီး လှပတဲ့လက်ချောင်းလေးတွေရရှိစေပါတယ်

Read more

နှလုံးကြီးခြင်း (Cardiomegaly)

✍️နှလုံးကြီးခြင်းသည် နှလုံးအရွယ် အစား ပုံမှန်ထက် ကြီးမားလာခြင်းကို ဆိုလိုပါသည်။ သီးခြားရောဂါတစ်ခုမဟုတ်ဘဲ အခြားသော နှလုံးပြဿနာများ သို့မဟုတ် ကျန်းမာရေးအခြေအနေများကြောင့် ဖြစ်ပေါ်လာသော လက္ခဏာတစ်ခုဖြစ်သည်။

✍️ဖြစ်ရတဲ့ အကြောင်းရင်းများ

1️⃣သွေးတိုးရောဂါ

သွေးဖိအားများခြင်းကြောင့် နှလုံးကို ပိုမိုအလုပ်လုပ်စေပြီး အရွယ်ကြီးလာစေသည်။

2️⃣နှလုံးအဆို့ရှင်ပြဿနာများ

အဆို့ရှင်ကျဉ်းခြင်း၊ လုံးဝမပိတ်ခြင်းတို့ကြောင့် နှလုံးအလုပ်လုပ်ရခက်ခဲသည်။

Read more

ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် စပါးကို ကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ရန် မန်ယူအသင်း ရေပန်းစား

ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းက စပါးအသင်းကို ကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ဖို့ အလေးသာနေပါတယ်။

Opta အချက်အလက် ကုမ္ပဏီကထုတ်ပြန်တဲ့ စူပါကွန်ပြူတာရဲ့ တွက်ချက်မှုအရ မန်ယူအသင်းက စပါးအသင်းထက်ပိုပြီး ချန်ပီယံဖြစ်ဖို့ ရာခိုင်နှုန်းများနေတာပါ။

မန်ယူအသင်းက ချန်ပီယံဖြစ်ဖို့ ၅၀ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး စပါးအသင်းက ၄၉ ဒသမ ၃ ရာခိုင်နှုန်း အခွင့်အရေးရှိကြောင်း သတ်မှတ်ခံရတာပါ။

Read more

ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲကို ရန်ကုန်စာဖြေဌာနတွင် ပြောင်းရွှေ့ဖြေဆိုရမည်

မန္တလေးငလျင်ကြောင့် မန္တလေးမြို့အတွင်းရှိ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) စာဖြေဌာနများအဖြစ်အသုံးပြုမည့် တက္ကသိုလ်နှင့်ကျောင်းများ ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်တွင် စာမေးပွဲကျင်းပပြုလုပ်ရန် အခက်အခဲများရှိသည့်အတွက် မန္တလေးစာဖြေဌာနအတွက် လျှောက်ထားခဲ့သည့် စာဖြေသူများ Level အားလုံး ရန်ကုန်မြို့တွင် ပြောင်းလဲဖြေဆိုသွားရမှာဖြစ်တယ်လို့ သိရပါတယ်။

Read more

ကျောက်ဆည်မြို့နယ်အတွင်းက ၃၇၇၁ ဧကကျယ်တဲ့မြေကို မန်းချောင်းကြိုးပြင်ကာကွယ်တော”အဖြစ်သတ်မှတ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၃၇၇၁ ဧကရှိသောနယ်မြေကို “ရမန်းချောင်းကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာ စာအမှတ်(၄၄/၂၀၂၅)အရ ၁၃၈၇ ခုနှစ် ကဆုန်လဆန်း ၄ ရက်၊ ၂၀၂၅ ခုနှစ် ဧပြီ ၃၀ ရက်မှစ၍ သတ်မှတ်ကြောင်း ကြေညာထားသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်များကို ကျင့်သုံးကာ​ ကြေညာထားခြင်းဖြစ်သည်။

Read more