ယခုလအတွင်း ပြန်ဖွင့်နိုင်ရန် လားရှိးလေဆိပ် ပြန်လည်ပြုပြင်နေ


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးမြိုရှိ လေဆိပ်ကို ယခုလအတွင်း ပြန်ဖွင့်နိုင်ရန် ပြန်လည်ပြုပြင်နေကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိတွင်လည်း လားရှိး – မန္တလေး နှင့် လားရှိး – ရန်ကုန် စသည့် အသွားအပြန်ခရီးစဉ်များအတွက် လက်မှတ်များကို ကြိုတင်ရောင်းချနေမှုရှိနေကြောင်း ခရီးသွားလက်မှတ်ရောင်းချသည့် အေဂျင်စီများကလည်း ပြောသည်။

Read more

ဂျပန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မည်

ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ နှင့် တောင်ကိုရီးယား ကမ်းတက်တပ်ဖွဲ့ တို့သည် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို လာမည့်လအစောပိုင်းတွင် ဆောင်ရွက်မည်ဟု သိရသည်။

မြောက်ကိုရီးယားနှင့် အခြားကမ္ဘာ့နိုင်ငံများအား ရင်ဆိုင်ရန်အတွက် ဂျပန်နှင့် တောင်ကိုရီးယားအကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို ယခုပူးတွဲစစ်ရေး လေ့ကျင့်မှုဖြင့် မြှင့်တင်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

Read more

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အပူလှိုင်းကျရောက်နေသဖြင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်


ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လက်ရှိအချိန်၌ အပူလှိုင်းကျရောက်နေသဖြင့် အရေးပေါ်သတိပေး ချက်ထုတ်ပြန်ထားပြီး နိုင်ငံသားများ အား အပူဒဏ် ကာကွယ်ရေးအတွက် အစီအမံများဆောင်ရွက်ရန် တာဝန်ရှိသူများက ညွှန်ကြားထားကြောင်း သိရ သည်။

သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ ကာယ လုပ်သားများနှင့်နာတာရှည်ရောဂါခံစားနေရသူများ အား နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန်ညွှန်ကြားထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးလုပ်ငန်းဌာနက ပြောကြား သည်။ နိုင်ငံသားများအား အိမ်တွင်းနှင့် အိမ်ပြင်ပတွင် ကိုယ်လက်လှုပ်ရှားမှုများ မဆောင်ရွက်ရန်နှင့် ရေများများသောက်သုံးရန် တာဝန်ရှိသူများက ညွှန်ကြားခဲ့သည်။ ထို့ပြင် ကိုယ်အပူချိန်မြင့်တက်မှု မရှိစေရေးအတွက် ရေများများချိုးရန်လည်း ညွှန်ကြားခဲ့သည်။

Read more

ပြည်ပနိုင်ငံသား(၃၃၆)ဦးကို ထပ်မံလွှဲပြောင်းပေး

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာကာ အွန်လိုင်းလိ-မ်လ-ည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင်ဆက်စပ်ပါဝင်၍ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းခဲ့သော ပြည်ပနိုင်ငံသားများအနက် ပြည်ပနိုင်ငံသား (၃၃၆)ဦးကို ယနေ့ မေ ၁၃ ရက်က ထပ်မံလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံသား(၃၅)ဦး၊ တောင်အာဖရိက နိုင်ငံသား(၁)ဦး၊ ဗီယက်နမ်နိုင်ငံသား(၂၁၁)ဦးနှင့် အီသီယိုးပီးယားနိုင်ငံသား(၈၉)ဦး(စုစုပေါင်း ၃၃၆ ဦး)တို့အား မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ် ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

Read more

“ဒန့်သလွန်အစေ့ခြောက်အစွမ်း (ဆေ၊းမြီးတို)”

(၁) ဒန့်သလွန်ရွက် ဟင်းချိုချက်သောက်ခြင်း။ကြော်စားခြင်းဖြင့်
အစာကြေစေသည်။သွေးတိုး အမူးရောဂါ သက်သာစေသည်။

(၂) ဒန့်သလွန်ရွက်အစိမ်းကို ထောင်း အရည်ညှစ် ဆားအနည်းငယ်
ခပ်၍ တိုက်လျှင် ချောင်းဆိုး။ကိုယ်ပူ အဖျားရောဂါ သက်သာစေသည်။

(၃) ဒန့်သလွန်ရွက် သတ္တုရည်ကို မျက်စဉ်းခပ်ပေးလျှင် ခေါင်းကြီးကိုက်
ရောဂါ သက်သာစေသည်။

Read more

#တိုနာ (Toner)သုံးနည်းမသိသေးတဲ့သူတွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်💜🙂💜

#အရင်ကဆိုရင် toner ကို လုံးဝ
မလိုအပ်ဘူး ထင်ခဲ့တာ🌼
အရည်လိုပဲ ဘာမှ ထူးခြားမှုမရှိဘူး ပေါ့
တကယ် skin care သုံးပြီး တကယ်လေ့လာကြည့်တော့ မှ အသားအရေ ထိန်းသိမ်းမှု အပိုင်းမှာ toner က အခြေခံအကျဆုံးထဲ က တစ်ခု ဆိုတာ
သိလာရတယ် ✨
#နေ့ဘက် မိတ်ကပ် လိမ်းတဲ့ အခါ toner
လိုအပ်သလို ညဘက် အိပ်ခါ နီး အားဖြည့်ရည်တွေ မသုံးခင် toner ဆိုတာ မဖြစ်မနေ သုံးသင့်တဲ့ အရာဆိုတာ လုံးဝ နားလည် လာရတယ်✨

Read more

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ရီးယဲလ်မက်ဒရစ်အသင်းကို အလွန်ဆို ကိုင်တွယ်ဖွယ်ရှိ

ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ရန် သေချာနေသည့် စပိန်လူမျိုးနည်းပြ ရှာဘီအလွန်ဆိုကို လာမည့်လ၌ကျင်းပမည့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲအမီ ခန့်အပ်နိုင်ရန် အလိုရှိနေကြောင်း သိရသည်။

အလွန်ဆို(၄၃ နှစ်)သည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်နိုင်ရန် ဇွန်လ ၁ ရက်တွင် မက်ဒရစ်မြို့သို့ သွားရောက်မည် ဖြစ်ပြီး ဇွန်လ ၁၈ ရက်တွင် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းနှင့် အုပ်စုအဖွင့်ပွဲ ကစားရမည်ဖြစ်သည်။

Read more

အမေရိကန်နှင့်တရုတ်တို့က ကုန်သွယ်ခွန်များတိုးမြှင့်မှုကို ယာယီရပ်ဆိုင်းရန်သဘောတူညီချက်ရ

အမေရိကန်နိုင်ငံနှင့်တရုတ်နိုင်ငံတို့မှ အဆင့်မြင့်တာဝန်ရှိသူများက ၎င်းတို့နှစ်နိုင်ငံကြား ဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် တစ်နိုင်ငံကတစ်နိုင်ငံအပေါ် ချမှတ်ထားသည့် သွင်းကုန်စည်းကြပ်အခွန်များ တိုးမြှင့် ကောက်ခံမှုကို ခေတ္တရပ်ဆိုင်းရန် သဘောတူလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါနှစ်နိုင်ငံကြား ကုန်သွယ်ရေး ပဋိပက္ခများဖြစ်ပွားလာပါက နှစ်နိုင်ငံစလုံးတွင် စီးပွားရေးကျဆင်းမှုသာမက ဘဏ္ဍာရေးဈေးကွက်ကိုလည်း ကမောက်ကမ ဖြစ်သွားစေနိုင်သည်။

Read more

ရန်ကုန်မြို Yangon Convention Center (YCC)၌ ထိုင်းကုန်စည်ပြပွဲ ကျင်းပမည်

ထိုင်းကုန်စည်ပြပွဲ (THAI EXPO YANGON 2025)ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ Yangon Convention Center(YCC)၌ ဇွန်လ ၆ ရက်မှ ၈ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

Read more

ဆင်းဒူးစစ်ဆင်ရေး၌ အကြမ်းဖက်သမား ၁၀၀ ကျော်သေဆုံးဟုဆို

အိန္ဒိယနိုင်ငံ က ပါကစ္စတန်နိုင်ငံ၌ရှိသော အကြမ်းဖက်သမားများကိုပစ်မှတ်ထားသည့် ဆင်းဒူးစစ်ဆင်ရေး ဆောင်ရွက်မှုအတွင်း အကြမ်းဖက်သမားအယောက် ၁၀၀ ကျော်သေဆုံးပြီး ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင် ၄၀ ကျော် ကွယ်လွန်သွားကြောင်း အိန္ဒိယစစ်ဘက်မှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦး က ပြောသည်။

Read more