ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌ ဦးမျိုးဇော်သိမ်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ


ရန်ကုန် မေ ၁၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်းရေးမှူးဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်/ခရိုင် တစ်ခုချင်းအလိုက် ပါတီတာဝန်ရှိသူများ၊ တိုင်းပါတီကော်မတီဝင်များအား တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်အသေးစိတ်ပေါင်းစပ်ညှိနှိုင်းဆွေးနွေးမှုများအား ၂၀၂၅ခုနှစ် မေလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၃)ရက်တိုင်တိုင်တွေ့ဆုံဆောင်ရွက်ခဲ့ပါသည်။

Read more

သံရုံးနေအိမ်က မဆင်းဘဲ ပေကပ်နေထိုင်နေတဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်းကို ဗြိတိန်ရဲတပ်ဖွဲ့က တရားစွဲ

လန်ဒန်မြို့က မြန်မာ သံရုံးနေအိမ်ကနေ မဖယ်ပေးဘဲ အတင်းပေကပ်နေထိုင်နေတဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းကို ဗြိတိန်ရဲတပ်ဖွဲ့က တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

ဦးကျော်စွာမင်းမှာ နစကအစိုးရတက်လာပြီးနောက် သံအမတ်ရာထူးကနေ ဖြုတ်ချခံရပေမယ့် သံရုံးနေအိမ်ကနေ ထွက်ခွာပေးဖို့ ငြင်းဆန်နေခဲ့တာဖြစ်တဲ့အတွက် ဗြိတိန်ရဲတပ်ဖွဲ့က ပိုင်နက်ကျူးလွန်မှုနဲ့ စွဲချက်တင်ထားတယ်လို့ Reuters က သတင်းဌာနက ရေးသားထားပါတယ်။

Read more

နည်းလမ်းမှန်မှန်နဲ့ ခေါင်းလျှော်ကြရဲ့လား

စနစ်တကျ ခေါင်းလျှော်မယ်ဆိုရင် ကျွန်မတို့ရဲ့ဆံသားတွေကို သိသိသာသာ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့် ဆံသားလေး သိသိသာသာပြောင်းလဲသွားဖို့ဆိုရင် ခေါင်းလျှော်နေစဉ်အတွင်း လိုက်နာသင့်တဲ့ စည်းမျဉ်းငါးချက်ကတော့

(၁) ခေါင်းလျှော်ရည်ကို မှန်မှန်ကန်ကန်ရွေးချယ်ပါ

ဆံသားပေါ်မူတည်ပြီး ခေါင်းလျှော်ရည်ကို ရွေးချယ်ဝယ်ယူပါ။ ဘယ်လိုခေါင်းလျှော်ရည် အမျိုးအစားကို ဝယ်ရမလဲ မသိရင် ဆံသားကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ကြည့်လို့ရပါတယ်။ ပျော့ဆေးတစ်ခါတည်းပါတဲ့ ခေါင်းလျှော်ရည်ကို ဝယ်မယ့်အစား ဆံသားကောင်းစေဖို့အတွက် ခေါင်းလျှော်ရည်သပ်သပ်၊ ပျော့ဆေးသပ်သပ် ဝယ်ယူပါ။

Read more

ဂျပန်က အာကာသမှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မည်

ဂျပန်က အာကာသမှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပြီး ကမ္ဘာကို ပို့တဲ့ ကမ္ဘာ့ ပထမဆုံး နိုင်ငံ ဖြစ်လာတော့မှာပါ။ ဂျပန်က အာကာသမှာ Solar Panel Station တည်ဆောက်ပြီး နေရောင်ခြည် ကနေ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှာပါ။

Read more

သဘာဝချောင်းဆိုးပျောက်ဆေးဖြစ်တဲ့ ဇီယာရွက်ထူရဲ့ ကျန်းမာရေးအကျိုးပြုပုံနှင့် ဆေးနည်းတိုများ

ကျန်းမာရေးအတွက်သာမက စူးရှတဲ့ရနံ့ကြောင့် ဟင်းခတ်အမွှေးအကြိုင်အနေနဲ့လည်း သုံးကြပါတယ်။

အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေနိုင်တယ်

အအေးမိတာကြောင့် လည်ချောင်းနာနေ နှာစေးနှာပိတ် ချောင်းဆိုးနေမယ်ဆိုရင်တော့ ဇီယာရွက်ကို ရေစင်အောင်ဆေးပြီး ဝါးစားပေးပါ။ ဒါမှမဟုတ် ရေနွေးဆူဆူထဲကို ထည့်ပြီးသောက်ပေးပါ။ ချွဲတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်းတလျှောက်မှာ ဘက်တီးရီးယားတွေရှိနေရင်လည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပြီး ကိုယ်ခံအားကိုလည်း ကောင်းစေနိုင်ပါတယ်။

🍃နှာခေါင်းပိတ်တာကိုသက်သာပျောက်ကင်းစေခြင်း

Read more

အေစီမီလန်ကို အနိုင်ယူပြီး ဘိုလော့နာအသင်း ကိုပါအီတာလီယာဖလား ဆွတ်ခူး

Soccer Football – Coppa Italia – Final – AC Milan v Bologna – Stadio Olimpico, Rome, Italy – May 14, 2025
Bologna’s Riccardo Orsolini lifts the trophy as he celebrates with teammates after winning the Coppa Italia REUTERS/Matteo Ciambelli

ယနေ့နံနက်အစောပိုင်းက ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲမှာ ဘိုလော့နာ အသင်းက ပွဲချိန် ၅၃ မိနစ်မှာ သွင်းယူခဲ့တဲ့ အမ်ဒိုယီရဲ့ဂိုးနဲ့ အနိုင်ရရှိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Read more

ယူရိုပါလိဂ်ဗိုလ်လုပွဲရဲ့ ကွင်းလယ်ဒိုင်အဖြစ် ဖီးလစ်ဇွာယာ ကိုင်တွယ်မည်

မေလ ၂၂ ရက်မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားကြမယ့် မန်ယူအသင်းနှင့် စပါးအသင်းတို့ပွဲစဉ်ကို ကွင်းလယ်ဒိုင်အဖြစ် ဂျာမန်လူမျိုး ဖီးလစ်ဇွာယာ က ကိုင်တွယ်သွားမယ်လို့ သိရပါတယ်။

ဖီးလစ်ဇွာယာ ဟာ ဥရောပ၏ အကောင်းအဆုံးဒိုင်လူကြီးမှားထဲမှ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနှင့် အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်ကို ကိုင်တွယ်ခဲ့တာလည်း ဖြစ်ပါတယ်။

Read more

နေ့သင်တန်းများ ဖွင့်လှစ်ကြောင်း ကြေညာ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာနရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ဘွဲကြိုတန်းများနှင့် ဘွဲလွန်တန်းများကို မေလ (၂၂) ရက်မှ စတင်၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာ ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မေလ (၂၂) ရက်မှ စတင်၍ နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး ဇွန် (၂) ရက်မှ စတင်၍ ကျောင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

Read more

ဒါဗာအိုမြို့တော်ဝန်အဖြစ် ဒူတာတေရွေးကောက်ခံရ

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂိုဒူတာ တေသည် ICC ၌ထိန်းသိမ်းခံထားရသော် လည်း ၎င်း၏မွေးရပ်မြေဖြစ်သည့် ဒါဗာ အိုမြို့၌ မြို့တော်ဝန်အဖြစ်ရွေးကောက်ခံ ရကြောင်း ရွေးကောက်ပွဲဘုတ်အဖွဲ့က

မေလ ၁၃ ရက်တွင်ထတ်ပြန်ထားသည်။ ဒူတာတေသည် ၎င်း၏ပြိုင်ဘက်ထက် ထောက်ခံမဲရှစ်ဆကျော်ရရှိပြီး မြို့တော် ဝန်အဖြစ်ရွေးကောက်ခံရခြင်းဖြစ်သည်။ အလားတူ လက်ရှိမြို့တော်ဝန်အဖြစ် ဘာဝန်ယူနေသည့် ဒူတာတေ၏အငယ်ဆုံးသား ဆီဘက်ရှန်က ဒုတိယမြို့တော်ဝန် ဖြစ်လာသည်။

Read more