ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ နှင့် ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်နိုင်ငံ၊ Minsk မြို့တွင် ကျင်းပသော International Inter-Party Conference သို့ တက်ရောက်လျက်ရှိ



မေ ၁၇၊ နေပြည်တော်

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Belaya Rus ပါတီ ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၊ Minsk မြို့တွင် ကျင်းပသော International Inter-Party Conference ဒုတိယနေ့အစီအစဉ်များကို တက်ရောက်လျက်ရှိသည်။

Read more

နိုင်ငံချစ်စိတ်ဖြင့် တိုင်းပြည်နှင့်ပြည်သူအတွက် နိုင်ငံ့အရေးကို စည်းလုံးညီညွတ်စွာလုပ်ဆောင်ကြရန် မကွေးတိုင်းဒေသကြီး တိုင်းပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲ ၌ ပါတီဒုတိယဥက္ကဋ္ဌဦးလှထွန်း မှာကြား




မကွေး မေ ၁၆

ဒုတိယဥက္ကဋ္ဌဦးလှထွန်းသည် (၁၆-၅-၂၀၂၅)ရက်နေ့က ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့်တို့ လိုက်ပါလျက် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ တိုင်းပါတီခန်းမ၌ တိုင်း၊ခရိုင်၊မြို့နယ်ပါတီတာဝန်ရှိသူများနှင့် သွားရောက် တွေ့ဆုံခဲ့ပါသည်။

Read more




——————————————————-
ဘယ်လာရုစ်နိုင်ငံ၊ မင်းစ်မြိုတွင် မေလ (၁၅)ရက်မှ (၁၇)ရက်နေ့ထိ ကျင်းပမည့် နှစ်(၈၀)ပြည့် Great Patriotic War အခမ်းအနား တက်ရောက်ရန် နှစ်နိုင်ငံပါတီချင်း ပါတီလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးရန်အတွက် ဘယ်လာရုစ်နိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့၏ မှတ်တမ်းပုံရိပ်များ

Read more

စမတ်ဖုန်းကို အားသွင်းပေးနိုင်တဲ့ ရှူးဖိနပ်ကို တီထွင်လိုက်တဲ့ အသက် ၁၅ နှစ်အရွယ် ဖိလစ်ပိုင် ကျောင်းသား

သင်လမ်းလျှောက်တိုင်း သင့်စမတ်ဖုန်းကို အားသွင်းနိုင်မယ်ဆိုရင် တော်တော်မိုက်မှာပါ။ အခုတော့ ဒါဟာ တကယ် ဖြစ်လာပါပြီ။

ဖိလစ်ပိုင်မှ အသက် ၁၅ နှစ်အရွယ် ကျောင်းသား Angelo Casimiro က လမ်းလျှောက်တာနဲ့ စမတ်ဖုန်းကို အားသွင်းပေးနိုင်တဲ့ ရှူးဖိနပ်ကို တီထွင်လိုက်ပါတယ်။ သဘောတရားက ရိုးရှင်းပါတယ်။ ရွေ့လျား စွမ်းအင် ကနေ လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲပေးတာ ဖြစ်ပါတယ်။

Read more

ခါးနာသက်သာစေမယ့် လွယ်ကူတဲ့ အကြောလျော့နည်းတွေ

အချိန်ကြာကြာထိုင်ပြီး အလုပ်လုပ်ရတဲ့ ဝန်ထမ်း တော်တော်များများဟာ ခါးနာ/နောက်ကျောနာ ဝေဒနာကို ခံစားရလေ့ရှိပါတယ်။ တကယ်တော့ ကိုယ်လက်လုပ်ရှားမှုနည်းပြီး နောက်ကျော သွေးစီးဆင်းမှုတွေ မကောင်းတော့ အညောင်းမိပြီး လေးလံ ထိုင်းမိုင်းနေတာပါ။

တစ်ခါတစ်လေ ပိုပြင်းထန်လာတတ်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ခြေထောက်တွေ ကျဉ်လာတတ်ပါတယ်။ ဝေဒနာက အရမ်းပြင်းထန်လာရင်တော့ ဆရာဝန်ဆီမှာ ဆေးကုသမှု ခံယူသင့်ပါတယ်။

Read more

ဟောင်ကောင်နှင့်စင်ကာပူတို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများမြင့်တက်လာ

လူဦးရေထူထပ်သော ဟောင်ကောင် နှင့်စင်ကာပူတို့၌ ကိုဗစ်-၁၉ ရောဂါဖြစ် ပွားမှုများ ပြန်လည်မြင့်တက်လာလျက် ရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူများက မေလ ၁၅ ရက်တွင်သတိပေးထားသည်။ ဟောင်ကောင်ဒေသ) ရောကို ကူးစက် မှုအခြေအနေက အလွန်မြင့်မားနေကြာင်း ရောဂါစစ်ဆေးတွေ့ရှိမှုပမာဏမှာလည်း တစ်နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာကြောင်း ကျန်းမာရေးဌာန မှ ကူးစက်ရောဂါဌာနမှူး သဲဘတ်ဩက ပြောသည်။ လ၃ရက်အထိ တစ်ပတ်တာကာလ အတွင်း အတွင်း ရောဂါကူးစက်ခံရသူ ၃၁ ဦး ရှိကာ ထိုသို့ကူးစက်ခံရပြီးနောက်သေဆုံး၊ သူများလည်းပါဝင်ကြောင်း ကျန်းမာရေး ဌာနကထုတ်ပြန်ထားသည်။

Read more

အူထိုင်းဌာနီအသင်းနှင့် လမ်းခွဲလိုက်ပြီဖြစ်သည့် မြန်မာတိုက်စစ်မှူး အောင်သူ

ထိုင်းလိဂ်(၁)ကလပ် အူထိုင်းဌာနီအက်ဖ်စီအသင်းတွင် ပါဝင်ကစားနေသည့် မြန်မာတိုက်စစ်မှူး အောင်သူမှာ စာချုပ်သက်တမ်းပြည့်ပြီဖြစ်သဖြင့် အသင်းနှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း မေလ (၁၅) ရက်တွင် အသင်းက အသိပေးထားသည်။

ယခု ၂၀၂၄-၂၅ ဘောလုံးရာသီအပြီး အသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ခြင်းကြောင့် လမ်းခွဲခဲ့ခြင်းဖြစ်ကာ အသင်း၌ ပါဝင်ကစားနေစဉ်ကာလအတွင်း ပရော်ဖက်ရှင်နယ်ဆန်မှုအပေါ် ကျေးဇူးတင်ကြောင်း အသိ ပေးချက်တွင် ထည့်သွင်းပြောကြားထားသည်။

Read more

အိန္ဒိယနှင့်ပါကစ္စတန်တို့က သံတမန်များကိုအပြန်အလှန်နှင်ထုတ်

အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့က သံတမန်များကို အပြန်အလှန်နှင်ထုတ်လိုက်ကြောင်း သိရသည်။

နှင်ထုတ်ခံရသည့်သံတမန်များသည် သူလျှိုလုပ်ငန်းများကို လုပ်ဆောင်သည်ဟူသော စွပ်စွဲချက်များဖြင့် နှင်ထုတ်ခံ ရခြင်းဖြစ်သည်ဟု နှစ်နိုင်ငံစလုံးမှတာဝန်ရှိသူများက ပြောသည်။

အိန္ဒိယအစိုးရသည် နယူးဒေလီမြို့ရှိ ပါကစ္စတန် သံရုံးမှ တာဝန်ရှိသူတစ်ဦးကို နှင်ထုတ်လိုက်ကြောင်းနှင့် ၂၄ နာရီအတွင်း နိုင်ငံအတွင်းမှထွက်သွားရန်လည်း တောင်းဆိုလိုက်ကြောင်း ထုတ်ပြန်ထားသည်ဟု အိန္ဒိယသတင်းဌာနတစ်ခုက ဖော်ပြထားသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဘယ်လာရုစ်နိုင်ငံ၊ Belaya Rus ပါတီ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန်နှင့် နှစ်(၈၀)ပြည့် Great Patriotic war အခမ်းအနားတက်ရောက်ရန် ဘယ်လာရုစ်နိုင်ငံသို့ထွက်ခွာ



မေ ၁၅၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံ၊ Belays Rus ပါတီ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၊ မင်းစ်မြို့တွင် မေလ (၁၅)ရက်မှ (၁၇)ရက်နေ့ထိ ကျင်းပမည့် နှစ်(၈၀)ပြည့် Great Patriotic War အခမ်းအနား တက်ရောက်ရန် ဘယ်လာရုစ်နိုင်ငံသို့ ၂၀၂၅ ခုနှစ်၊ မေလ (၁၄)ရက်နေ့ ၁၈၀၀ နာရီချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ပါသည်။

Read more