Year: 2026
ONE Friday Fights 109 မြန်မာဖိုက်တာ အဲမွီ တွဲဆိုင်းပါဝင်မည်

မေ ၂၃ ရက်တွင် ထိုင်းနိုင်ငံ၌ ကျင်းပ ONE Friday Fights 109 = မြန်မာဖိုက်တာ အဲမွီ တွဲဆိုင်းပါဝင်လာမည်ဖြစ်ပါတယ်။
အဲမွီဟာ ထိုင်းလူငယ်ဖိုက်တာ ဝပ်တီရိုင် နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ပြီး Co-Main – Event အဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။
Read moreသီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၌ (၁၂) ကြိမ်မြောက်အဖြစ် အခမဲ့မျက်စိခွဲစိတ်ကုသပေးမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ(မြောက်ပိုင်း)မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၏ သီတဂူစက္ခုဒါနဆေးရုံ၌ အနယ်နယ်အရပ်ရပ်မှ မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးလျက်ရှိရာ ယခုအခါမှာ(၁၂)ကြိမ်မြောက်အဖြစ် ကုသမှုကို မေလ ၂၃ ရက်မှ စတင်ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
(၁၂)ကြိမ်မြောက်အဖြစ် မျက်စိခွဲစိတ်ကုသမှုတွင် လူနာသစ်များကို လတ်တလောလက်ခံဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်း၊ (၁၁)ကြိမ် မြောက်ခွဲစိတ်ကုသမှု ဆောင်ရွက်ချိန်တွင် မန္တလေးမြေငလျင်ကြီးကြောင့် ခေတ္တရပ်နားခဲ့ရပြီး ယခုအချိန်မှာတော့ မျက်စိစမ်းသပ်စစ်ဆေးပြီး လူနာ ၂၀၀ ကျော်ရှိရာ ၎င်းတို့အား (၁၂)ကြိမ်မြောက်တွင် ပြန်လည် စစ်ဆေး ခွဲစိတ် ကုသပေးမှာဖြစ်ပါတယ်။
Read moreလောင်းကြေးကြီးလွန်းတဲ့ ထရမ်ရဲ့ ကုန်သွယ်ရေးမူဝါဒအသစ်

(ဆောင်းပါးကဏ္ဍ) မေ ၂၀
နေဇင်လတ်
ထရမ့်ကတော့ “အကြီးအကျယ်စွန့်စားမှု” တွေကိုလုပ်နေပါပြီ။ ပထမ Canada, Mexico ကိုအခွန်တိုးတယ်။ ကုန်သွယ်လိုငွေအများဆုံးပြတဲ့ နိုင်ငံနှစ်ခုဖြစ်လို့ပါ။နောက်ပိုင်း“ရန်သူ- မိတ်ဆွေမချန်ပဲ ကုန်သွယ်ခွန်တွေတိုးခဲ့တယ်။ နောက်တစ်ခါ မော်တော်ကားဘက်အခွန်တိုးတယ်။ နောက်ဆုံး ကုန်သွယ်ခွန်မူဝါဒအသစ်အရ နိုင်ငံအားလုံးနဲ့သက်ဆိုင်တယ်ဆိုပြီးဖြစ်လာခဲ့ပြန်ပါတယ်။ ပီပီပြင်ပြင် တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်ဖြစ်သွားခဲ့ပါပြီ။
Read moreပြည်ခိုင်ဖြိုးပါတီ၏ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ကူညီထောက်ပံ့သည့်အလှူတွင် အလှူရှင်များပါဝင်လှူဒါန်း



နေပြည်တော် မေ ၁၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သည့် ငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်တို့မှ ဘေးဒုက္ခများတွေ့ကြုံခံစားရသော နေရာဒေသအချို့မှ ပြည်သူများအား ကူညီထောက်ပံ့မှုများကို စတင်ဖြစ်ပွားသည့်ရက်မှ ယနေ့အချိန်ထိဆောင်ရွက်လျက်ရှိပါသည်။
Read moreပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းနှင့် မန္တလေးတိုင်းဒေသကြီး ပါတီတာဝန်ရှိသူများပြင်ဦးလွင်မြို့နယ် ဒေသခံပြည်သူများနှင့်တွေ့ဆုံ


ပြင်ဦးလွင် မေ ၁၇
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ နယ်၊ရပ်ကွက်ကြီး(၁၀)၊ခါတော်မီ သာသနာ့ဗိမာန်တွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ဒေါက်တာမောင်သင်း၊ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်၊ တိုင်းကော်မတီဝင်များ၊ခရိုင်ဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့်ခရိုင်ကော်မတီဝင်များ၊
မြို့နယ်ဥက္ကဌ၊အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ရပ်ကွက်ပါတီကော်မတီဝင်များ၊ရပ်မိရပ်ဖများ၊ပါတီဝင်များ၊ပါတီဝန်းရံသူများ၊လူငယ်/အမျိုးသမီးပါတီဝင်များ၊First Time Voters များ၊ဒေသခံပြည်သူများ၊စုစုပေါင်းအင်အား ၁၅၀ဦး တက်ရောက်ခဲ့ကြပါသည်။
အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင် ကင်ဆာရောဂါ ခံစားနေရသည်ဟုဆို

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်ဟာ ပြင်းထန်တယ်လို့ ယူဆရတဲ့ ဆီးကျိတ်ကင်ဆာရောဂါကို ခံစားနေရတယ်လို့ သိရပါတယ်။
၎င်း ကင်ဆာဆဲလ်တွေဟာ အရိုးတွေထိ ပျံ့နှံနေပြီလို့ သူ့ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
Read moreမေလ ၁၇ ရက် ည ၁၀ နာရီ ၂၆ မိနစ်ဝန်းကျင်က လှုပ်ခတ်ခဲ့တဲ့ ငလျင်



မေလ ၁၇ ရက် ည ၁၀ နာရီ ၂၆ မိနစ်ဝန်းကျင်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရွှေကူဘုန်းကြီးကျောင်းတိုက်အတွင်းမှာဖွင့်ထားတဲ့ ငလျင်ကယ်ဆယ်ရေးစခန်းပေါ် သစ်ပင်လဲပြိုကျလာလို့ ဒုက္ခသည် ကလေးတဦးနဲ့ လူကြီးတဦး ပိမိခဲ့တယ်လို့သိရပါတယ်
လူမှုကူညီရေးအသင်းက ကြိုးစားကယ်ထုတ်ခဲ့ပေမဲ့ ကလေးကော လူကြီးပါ သေဆုံးသွားခဲ့တယ်လို့ “မဏီစလ”လူမှုကူညီရေးအသင်း(မန္တလေး)က ထုတ်ပြန်ပါတယ်။
–
FA ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးရရှိသွားတဲ့ ခရစ္စတယ်ပဲလေ့စ်

မန်စီးတီးအသင်းကို အနိုင်ယူကာ FA ဖလားချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးရရှိခဲ့သည့် ခရစ္စတယ်ပဲလေ့စ်အသင်းသည် သမိုင်းတစ်လျှောက် ၄၅ သင်းမြောက် ချန်ပီယံအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ထို့ကြောင့် လာမည့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ လိဂ်အဆင့် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကြောင်း သိရပါတယ်။
၂၀၂၄-၂၅ ရာသီ FA ဖလား ဗိုလ်လုပွဲကို မေ ၁၇ ရက်က လန်ဒန်မြို့ရှိ ဝင်ဘလေကွင်း၌ ကျင်းပရာ ပဲလေ့စ်အသင်းက မန်စီးတီးအသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။
Read more














