ဒီရေတစ်ဖန်ခွက်က ကျောက်ကပ်ကို အားဖြည့်ပေးတယ်၊

ဒီရေတစ်ဖန်ခွက်က ကျောက်ကပ်ကို အားဖြည့်ပေးတယ်၊ အသည်းကို အားဖြည့်ပေးတယ်၊ သွေးကို အားဖြည့်ပေးတယ်၊ မောပန်းနွမ်းနယ်တာကို ပြေစေတယ်၊ အူလမ်းကြောင်းရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်၊ အစာအိမ်အနာကို သက်သာစေပါတယ်။

ရေမှာပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်၊ အဆီ နဲ့ ဆီးချိုကို လျှော့ချပေးပါတယ်။

Read more

ဝမ်းချုပ်ပြီး ဝမ်းမသွားရင် ဝမ်းနှုတ်ဆေးဝယ်ဖို့ ပိုက်ဆံအကုန်မခံပါနဲ့

ငုဝါသီးနဲ့ အူထဲက အညစ်အကြေးတွေ အကုန်ရှင်းထုတ်လိုက်ပါ………။

ငုဝါသီးအသား ၂-၃ ဆစ်လောက်ကို ရေနဲ့ပြုတ်ပြီး သောက်ပါ။ ဒါမှမဟုတ် ငုဝါသီးအသားထုတ်ပြီး ခွက်ထဲထည့် ရေနွေးနဲ့ဖျော် ညအိပ်ရာဝင်ခါနီးသောက်ပါ။ တစ်ညအိပ်ပြီးတာနဲ့ တစ်ညတည်းနဲ့ မနက်ရောက်ရင် အူထဲက အညစ်အကြေးတွေ အကုန်သွားပါလိမ့်မည်။ ဝမ်းမှန်စေတဲ့ဆေးဖြစ်ပြီး ဝမ်းချုပ်သူတိုင်း၊ ဝမ်းမှန်စေဖို့ ငုဝါသီးက အကူအညီဖြစ်စေပါတယ်။ ဗိုက်မနာဘူး။ အသ-က်အရွယ်မရွေး ဝမ်းချုပ်တာကို သ´က်သာစေတယ်။

Read more

AI စက်ရုပ် သူနာပြုတွေ ထိုင်ဝမ် ဆေးရုံတွေမှာ အလုပ်လုပ်နေပြီ

ထိုင်ဝမ်နိုင်ငံရဲ့ ဆေးရုံတွေမှာ Foxconn နှင့် Nvidia တို့မှ ပူးပေါင်းတီထွင်ထားသော “Nurabot” အမည်ရှိ ဉာဏ်ရည်တု (AI) နည်းပညာသုံး စက်ရုပ်သူနာပြုတွေက လုပ်ငန်းတာဝန်တွေ စတင်ထမ်းဆောင်နေပါပြီ။အဲဒီ စက်ရုပ်သူနာပြုတွေဟာ ဆေးဝါးသယ်ယူပို့ဆောင်ခြင်း၊ ဆေးရုံ၏ လူနာဆောင်တွေအတွင်း လှည့်လည်စစ်ဆေးခြင်း နှင့် ဧည့်သည်တွေအား လမ်းညွှန်ခြင်းစတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ပြီး၊ လူသားသူနာပြုတွေရဲ့ လုပ်ငန်းတာဝန်တွေကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။

Read more

တစ်ရာသီအတွင်း ဆုဖလားသုံးလုံးအထိ ရယူဆွတ်ခူးနိုင်မယ့်အခွင့်အရေးနဲ့ PSG အသင်းနီးစပ်လာ

PSG အသင်းသည် ပြင်သစ်ဖလား (Coupe de France) ချန်ပီယံဆုကို ၁၆ ကြိမ်မြောက် ဆွတ်ခူးရရှိပြီး ဖလားသုံးလုံးချန်ပီယံဖြစ်ရန် နီးစပ်လာလာပြီဖြစ်ကြောင်း သိရသည်။

၂၀၂၄-၂၅ ရာသီ ပြင်သစ်ဖလားဗိုလ်လုပွဲကို မေ ၂၄ ရက်က Stade de France ကွင်း၌ ကျင်းပရာ PSG အသင်းက Reims အသင်းကို (၃-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ သည်။

Read more

အလွန်ဆိုကို နည်းပြသစ်ခန့်အပ်ကြောင်း ရီးယဲလ်မက်ဒရစ်အသင်းအတည်ပြု

ရီးယဲလ်မက်ဒရစ်အသင်းသည် စပိန်လူမျိုးနည်းပြ ရှာဘီအလွန်ဆို(၄၃ နှစ်)ကို အသင်းနည်းပြအဖြစ် ခန့်အပ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

အလွန်ဆိုသည် ရီးယဲလ်အသင်းနှင့် သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

အစောပိုင်းကတည်းက ရီးယဲလ်အသင်းနှင့် သတင်းထွက်နေသည့် အလွန်ဆိုသည် ယခုလအစောပိုင်းက လေဗာကူဆင်အသင်းနှင့် လမ်းခွဲတော့ မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ရာသီကုန်တွင် အသင်းမှ ထွက်ခွာလာခဲ့သည်။

Read more

ပရီးမီးယားလိဂ် တစ်ကျော့ပြန် ဆန်းဒါးလန်းနှင့် ငါးကြိမ်မြောက် တန်းတက်ခွင့်

——————-
ပရီးမီးယားလိဂ် အဆင့်ကို တန်းတက်ဖို့ ယှဉ်ပြိုင်ရတဲ့ အင်္ဂလန် ချန်ပီယံရှစ် ပြိုင်ပွဲ play-off ပွဲစဉ်တွေရဲ့ ဗိုလ်လုပွဲကို စနေနေ့က ကျင်းပခဲ့ရာမှာ ဆန်းဒါးလန်း အသင်းက ရှက်ဖီးယူနိုက်တက် အသင်းကို နာကျင်အချိန်ပိုမှာ အနိုင်ဂိုးသွင်းပြီး ၂-၁ ဂိုး ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

Read more

ပန်းလှိုင်မြစ်ရေကြောင့် ညောင်တုန်းက နေအိမ် အလုံး ၂၀ ရေထဲမျောပါ

ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် ညောင်တုန်းမြို့နယ်က နေအိမ် အလုံး၂၀ ရေထဲမျောပါခဲ့ရတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာ(အနောက်ကျွန်း)ကျေးရွာအနီးက နေအိမ်(၁၃)လုံးနဲ့ ယအမှတ်(၄)ရပ်ကွက်၊ တိုးချဲ့နယ်မြေအနီးက လူနေအိမ်(၇)လုံး မျောပါခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။

မေလ ၂၅ ရက်နေ့၊ မွန်းလွဲ ၁ နာရီအချိန်ခန့်ကဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပြီး ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးအနီးက ပြိုကျနိုင်ခြေရှိတဲ့ နေအိမ်မတွေကိုလည်း ညောင်တုန်းမြို့နယ်မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ကူညီရွှေ့ပြောင်းတာတွေလုပ်ဆောင်ပေးနေတယ်လို့လည်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ပြောပါတယ်။
____________________________________

Read more

ရေရှည်ငြိမ်းချမ်းရေးအတွက် အဆိုပြုချက်မူကြမ်းတစ်ရပ် ယူကရိန်းသို့ပေးပို့မည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီး ပြောကြား

အကျဉ်းသားချင်းအပြန်အလှန် ဖလှယ်မှုအစီအစဉ် ပြီးဆုံးချိန်တွင် ရေရှည်ငြိမ်းချမ်းရေးသဘောတူညီချက် တစ်ရပ် ရယူရေးအတွက် လိုအပ်သည့်အချက်များပါဝင်သော အဆိုပြုချက်မူကြမ်းတစ်ရပ်ကို ယူကရိန်းအစိုးရထံ ပေးအပ်ရန် အသင့်ရှိကြောင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်က မေလ ၂၃ ရက်တွင် ပြောကြား ထားသည်။

ရုရှားနိုင်ငံအနေဖြင့် သုံးနှစ်ကျော်ကြာမြင့်နေပြီဖြစ်သော ယူကရိန်းစစ်ပွဲအတွက် အဖြေရှာမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး၏ ကြေညာချက်၌ ဖော်ပြထားသည်။

Read more