ဘိုလော့ဂ်နာကိုအနိုင်ယူပြီး အီတလီစူပါဖလားမှာ ဗိုလ်စွဲခဲ့တဲ့ နာပိုလီ

ဘိုလော့ဂ်နာကိုအနိုင်ယူပြီး အီတလီစူပါဖလားမှာ ဗိုလ်စွဲခဲ့တဲ့ နာပိုလီ

====================

နာပိုလီအသင်းဟာ အီတလီစူပါဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဘိုလော့ဂ်နာအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

နာပိုလီအတွက်ဂိုးတွေကို တောင်ပံကစားသမား နေရိစ်က ၃၉၊ ၅၇ မိနစ်တွေမှာ သွင်းယူခဲ့တာပါ။

နေရိစ်ဟာ ဆီမီးဖိုင်နယ်မှာလည်း တစ်ဂိုးသွင်းခဲ့လို့ စူပါဖလားမှာ သုံးဂိုး သွင်းယူခဲ့ပါတယ်။

နာပိုလီအသင်းကတော့ စူပါဖလားမှာ တတိယအကြိမ်မြောက် ဗိုလ်စွဲခဲ့တာဖြစ်တယ်။

အီတလီစူပါဖလားဟာ မူလက စီးရီးအေချန်ပီယံနဲ့ ကိုပါအီတာလီယာချန်ပီယံ ယှဉ်ပြိုင်ရတာဖြစ်ပြီး ၂၀၂၃ ပြိုင်ပွဲကစလို့ စီးရီးအေဒုတိယနဲ့ ကိုပါအီတာလီယာဒုတိယအသင်းတွေပါ ထပ်ဖြည့်ကာ လေးသင်းနဲ့ ကျင်းပခဲ့ပါတယ်။

အခုပြိုင်ပွဲကို ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပခဲ့ပြီး ၂၀၂၉ ပြိုင်ပွဲအထိ ဆော်ဒီမှာပဲ ကျင်းပသွားဖို့ရှိပါတယ်။