ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲသို့တက်ရောက်



ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲသို့တက်ရောက်
============
ဒီဇင်ဘာ ၂၀၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင်တို့သည် ကရင်တိုင်းရင်းသားတို့၏ ဖိတ်ကြားချက်အရ ၁၉-၁၂-၂၀၂၅ ရက်နေ့ ညနေပိုင်းတွင် ဇေယျာသီရိမြို့နယ် ပုပ္ပားကုန်းရပ်ကွက်တွင် ကျင်းပပြုလုပ်သော ကရင်အမျိုးသားနှစ်သစ်ကူးပွဲသို့ တက်ရောက်ခဲ့ပြီး ကရင်ရိုးရာယဉ်ကျေးမှုအကများအားပေးခြင်း၊ ဆုတောင်းမေတ္တာချီးမွမ်းခြင်းတို့အား ခံယူပြီး ကရင်တိုင်းရင်းသားများနှင့်အတူ ရိုးရှင်းစွာ ရင်းနှီးချစ်ခင်စွာဖြင့် ဆင်နွဲခဲ့ကြပါသည်။




