ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရွေးကောက်ပွဲကြေညာစာတမ်း ရှင်းလင်းခြင်းနှင့် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်အပ်နှံခြင်းအခမ်းအနားသို့ တက်ရောက်





ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရွေးကောက်ပွဲကြေညာစာတမ်း ရှင်းလင်းခြင်းနှင့် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်အပ်နှံခြင်းအခမ်းအနားသို့ တက်ရောက်
==============================
ဒီဇင်ဘာ ၁၇၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၁၆-၁၂-၂၀၂၅ ရက်နေ့ နံနက်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၌ ကျင်းပပြုလုပ်သည့် ပါတီ၏ရွေးကောက်ပွဲကြေညာစာတမ်း ရှင်းလင်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်အပ်နှံခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားကို တက်ရောက်လာသူအားလုံးက နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး ကရင်ပြည်နယ် ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ကြမည့် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်လောင်းများအား ပြည်သူများထံသို့ တစ်ဉီးချင်းမိတ်ဆက်အပ်နှံပါသည်။
ထို့နောက် ပါတီဥက္ကဋ္ဌ ဉီးခင်ရီက အမှာစကားပြောကြားရာ “မကြာမီ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ ထူးခြားမှုနှင့် အရေးကြီးမှု၊ ပြည်သူတစ်ဉီး၏ တာဝန်ဝတ္တရားတစ်ခုဖြစ်သည့် မပျက်မကွက် မဲပေးရန်လိုအပ်မှု၊ မိမိမဲပေးရမည့် ပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းအား အသည်းကြားက မဲတစ်ပြားဆိုတာထက် ဦးနှောက်ဖြင့် သေချာစဉ်းစားချင့်ချိန်၍ မဲပေးရန်လိုကြောင်း အတွေ့အကြုံရှိသူ လုပ်ကိုင်ဆောင်ရွက်ခဲ့ဘူးသောသူ လုပ်ကိုင်လိုစိတ်ရှိသောသူ ပညာတတ်သောသူနှင့် အင်အားတောင့်တင်းခိုင်မာသော အဖွဲ့အစည်းရှိသောသူများကို ရွေးချယ်မဲပေးရန်လိုကြောင်း၊ အဆိုပါအချက်များဖြင့် ကိုက်ညီမှုရှိသူများသည် ကရက်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီတွင် များစွာရှိကြောင်း၊ ပြည်ခိုင်ဖြိုးပါတီကိုသာ စိတ်ချယုံကြည်စွာ မဲပေးကြရန်” ပြောကြားပါသည်။
ဆက်လက်ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီက လူငယ်၊ အမျိုးသမီး၊ တောင်သူလယ်သမား၊ အလုပ်သမား၊ ကုန်ဈေးနှုန်း၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများအပါအဝင် ပါတီမှချမှတ်ထားသော အာမခံချက်များအား အသေးစိတ်ရှင်းလင်းပြောကြားပါသည်။ ၎င်းနောက် ပါတီဥက္ကဋ္ဌက ကရင်ပြည်နယ်အတွက် အောင်နိုင်ရေးအလံအား ပေးအပ်ရာ ကရင်ပြည်နယ် ပါတီဥက္ကဋ္ဌ ဒေါ်နန်းနီနီအေးနှင့် ပါတီတာဝန်ရှိသူများက လက်ခံယူခဲ့ပြီး အောင်နိုင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးပြီး အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။




