ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲရွှေတံဆိပ်ဆုကို ဖိလစ်ပိုင်အသင်း ရရှိ

ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲရွှေတံဆိပ်ဆုကို ဖိလစ်ပိုင်အသင်း ရရှိ
===================
ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဖိလစ်ပိုင်အမျိုးသမီး ဘောလုံးအသင်းသည် အိမ်ရှင် ထိုင်းနှင့် ဗီယက်နမ်တို့ကိုအနိုင်ယူကာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိသွားပြီးဖြစ်သည်။
ယခုလို ရရှိခဲ့ခြင်းမှာ ဖိလစ်ပိုင်အမျိုးသမီး ဘောလုံးအသင်း၏ သမိုင်းတလျှောက် ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့သည့် ရွှေတံဆိပ်ဆုလည်း ဖြစ်သည်။
ဖိလစ်ပိုင်အသင်းနှင့် ဗီယက်နမ်အသင်းသည် ယမန်နေ့ ဒီဇင်ဘာ (၁၇) ရက်က ဗိုလ်လုပွဲယှဉ်ပြိုင်ကစားခဲ့ကြပြီးနောက်ပွဲချိန် မိနစ် (၉၀) အတွင်း သရေကျခဲ့ရာမှ ပင်နယ်တီအဆုံးအဖြတ်ဖြင့် ဖိလစ်ပိုင်အသင်းက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်အမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲတလျှောက်၌ မြန်မာအမျိုးသမီး အသင်းတစ်သင်းကိုသာ ရှုံးနိမ့်ခဲ့ပြီး ကျန် အာဆီယံထိပ်သီး ထိုင်းနှင့် ဗီယက်နမ်အသင်းတို့ကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်အမျိုးသမီးဘောလုံးအသင်းသည် ပြီးခဲ့သည် (၆) နှစ်အတွင်း လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီးနောက် ဒေသတွင်းပြိုင်ပွဲ၏ အမြင့်ဆုံး ဆုတံဆိပ်ကိုရရှိခဲ့ခြင်းလည်း ဖြစ်သည်။
ဓာတ်ပုံ – iSports/ The Village




