ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီ စည်ပင်သာယာကျေးရွာနှင့် သိုင်ချောင်း ကျေးရွာတို့မှ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီ စည်ပင်သာယာကျေးရွာနှင့် သိုင်ချောင်း ကျေးရွာတို့မှ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

===============

ဒီဇင်ဘာ ၁၆၊ ဇေယျာသီရိ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီသည် ၁၄-၁၂-၂၀၂၅ ရက်နေ့တွင် ဇေယျာသီရိမြို့နယ် စည်ပင်သာယာကျေးရွာနှင့် သိုက်ချောင်းကျေးရွာတို့မှ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ ကိုယ်စားလှယ်လောင်းအချက်အလက်များနှင့် နှုတ်ခွန်းဆက်အမှာစကားပြောကြားကာ ရွေးကောက်ပွဲတစ်ခု၏ အရေးပါမှု၊ မဲပေးခြင်းဖြင့် ပြည်သူတစ်ဦး၏ တာဝန်ကျေပွန်မှု၊ မဲပေးရာတွင် သေချာစဉ်းစားဆုံးဖြတ်ပေးရန်လိုအပ်မှုနှင့် ပြည်ခိုင်ဖြိုးပါတီကို ရွေးချယ် မဲပေးသင့်သည့်အချက်များ၊ ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲအာမခံချက်များအား ရှင်းလင်းပြောကြားကာ မဲဆွယ်စည်းရုံးခဲ့ပြီး မဲပေးစက်ပုံစံတူဖြင့် မဲပေးခြင်းနည်းစနစ်များအား သရုပ်ပြ ရှင်းလင်းပါသည်။