
===================
ဘိလိယက် (၃) ယောက်တွဲ အမျိုးသားမှ ရွှေတံဆိပ်ရ
===================
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Thunder Dome Muang Thong Thani, Nothaburi ၌ ကျင်းပလျက်ရှိသည့် ဆီးဂိမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်နေသော ဘိလိယက် (၃) ယောက်တွဲ အမျိုးသား ဗိုလ်လုပွဲစဉ်တွင် မြန်မာအသင်း ရွှေတံဆိပ် ရရှိခဲ့သည်။
ဦးပေါက်စ၊ ဦးအောင်ဌေး၊ ဦးနေသွေးဦး တိုပါဝင်သော မြန်မာအသင်းက စင်ကာပူအသင်းကို (၁-၃) ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး ရွှေတံဆိပ်ဆုရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါရွှေတံဆိပ်ဆုသည် မြန်မာနိုင်ငံအတွက် ဆီးဂိမ်းပြိုင်ပွဲတွင်ရရှိခဲ့သော တတိယမြောက် ရွှေတံဆိပ် ဖြစ်လာသည်။




