ပိုးသတ္ေဆး (၂) မ်ိဳးကို မသုံးစြဲရန္ ေနျပည္ေတာ္အပါအဝင္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ (၇) ခုတြင္ တားျမစ္ထား

ပိုးသတ္ေဆး (၂) မ်ိဳးကို မသုံးစြဲရန္ ေနျပည္ေတာ္အပါအဝင္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ (၇) ခုတြင္ တားျမစ္ထား
====================
ေနျပည္ေတာ္အပါအဝင္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ (၇) ခုတြင္ အဆိပ္ရွိပစၥည္းႏွစ္မ်ိဳးျဖစ္ေသာ Thiamethoxam ႏွင့္ Clothianidin ပိုးသတ္ေဆးမ်ားကို သုံစြဲျခင္းမျပဳရန္ ျမန္မာႏိုင္ငံပိုးသတ္ေဆးမွတ္ပုံတင္အဖြဲမွ ထုတ္ျပန္ထားသည္။
အဆိုပါပိုးသတ္ေဆး (၂) မ်ိဳးကို လယ္ယာထြက္ကုန္မ်ားတြင္ ဓာတ္ႂကြင္းကင္းစင္ေရးေဆာင္႐ြက္ရန္ လိုအပ္ေသာေၾကာင့္ ပိုးသတ္ေဆးဥပေဒပုဒ္မ (၈) အရ စပါး၊ ပဲတီစိမ္းမတ္ပဲ အမ်ားဆုံးစိုက္ပ်ိဳးေသာ ေနျပည္ေတာ္၊ပဲခူးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္တိုအတြင္း (၂) ႏွစ္ သုံးစြဲျခင္းမျပဳရန္ တားျမစ္ပိတ္ပင္ထားျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါတားျမစ္ပိတ္ပင္ထားသည့္ အဆိပ္ရွိပစၥည္းႏွစ္မ်ိဳးျဖစ္ေသာ Thiamethoxam ႏွင့္ Clothianidin ပိုးသတ္ေဆးမ်ားကို ေနျပည္ေတာ္ေကာင္စီနယ္ေျမအပါအဝင္ တိုင္းေဒသႀကီး၊ ျပည္နယ္ (၇) ခုအတြင္း မည္သည့္အစိုးရဌာန၊ အဖြဲအစည္း၊ ပုဂၢလိကမ်ားမွ ျဖန႔္ျဖဴးျခင္း၊ ေရာင္းခ်ျခင္း၊ သုံးစြဲျခင္း လုံးဝမျပဳလုပ္ရန္ႏွင့္ လိုက္နာျခင္းမရွိသည္ကို စစ္ေဆးေတြ႕ရွိပါက ပိုးသတ္ေဆးဥပေဒအရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။ #Popular
ပိုးသတ်ဆေး (၂) မျိုးကို မသုံးစွဲရန် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် (၇) ခုတွင် တားမြစ်ထား
====================
နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် (၇) ခုတွင် အဆိပ်ရှိပစ္စည်းနှစ်မျိုးဖြစ်သော Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို သုံစွဲခြင်းမပြုရန် မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲမှ ထုတ်ပြန်ထားသည်။
အဆိုပါပိုးသတ်ဆေး (၂) မျိုးကို လယ်ယာထွက်ကုန်များတွင် ဓာတ်ကြွင်းကင်းစင်ရေးဆောင်ရွက်ရန် လိုအပ်သောကြောင့် ပိုးသတ်ဆေးဥပဒေပုဒ်မ (၈) အရ စပါး၊ ပဲတီစိမ်းမတ်ပဲ အများဆုံးစိုက်ပျိုးသော နေပြည်တော်၊ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တိုအတွင်း (၂) နှစ် သုံးစွဲခြင်းမပြုရန် တားမြစ်ပိတ်ပင်ထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတားမြစ်ပိတ်ပင်ထားသည့် အဆိပ်ရှိပစ္စည်းနှစ်မျိုးဖြစ်သော Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် (၇) ခုအတွင်း မည်သည့်အစိုးရဌာန၊ အဖွဲအစည်း၊ ပုဂ္ဂလိကများမှ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်း လုံးဝမပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိပါက ပိုးသတ်ဆေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ #Popular




