
============================
#Eleven / Photos: MSYA
ဒီဇင်ဘာ ၁၄ ရက် အားကစားပြိုင်ပွဲများကနေ မြန်မာအားကစားအဖွဲ ရွှေ ၁ ခု၊ ကြေး ၅ ခု ထပ်မံဆွတ်ခူး
============================
၂၀၂၅ ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့ မြန်မာအားကစားအဖွဲဟာ ဒီဇင်ဘာ ၁၄ ရက် အားကစားပြိုင်ပွဲများကနေ ရွှေ ၁ ခု၊ ကြေး ၅ ခု ထပ်မံဆွတ်ခူးခဲ့ပါတယ်။
ရွှေဆုကို ဘိလိယက်အားကစားနည်းကနေ ရရှိခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲမှာ မြန်မာအသင်းက စင်ကာပူအသင်းကို ၃-၁ ပွဲနဲ့ အနိုင်ရရှိခဲ့ပါတယ်။
မြန်မာအသင်းဟာ (ဦး)ပေါက်စ၊ (ဦး)အောင်ဌေး၊ (ဦး)နေသွေးဦးတို ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်။
ဒီရွှေဆုဟာ ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲကနေ တတိယမြောက်ရွှေဆုလည်း ဖြစ်ခဲ့ပါတယ်။
ကြေးတံဆိပ် ၄ ခုကို ပိုက်ကျော်ခြင်းအားကစားနည်းက ၂ ခု၊ မြင်းစီးအားကစားနည်းက ၁ ခု၊ ဂျူဒိုအားကစားနည်းက ၁ ခု ရရှိခဲ့ပါတယ်။
မြန်မာအားကစားအဖွဲဟာ ဒီဇင်ဘာလ ၁၄ ရက် ပြိုင်ပွဲများအပြီး ရွှေ ၃ ခု၊ ငွေ ၁၂ ခု၊ ကြေး ၂၀ ခုနဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။
#Eleven / Photos: MSYA




