ထိုင္းႏွင့္ နယ္စပ္အဝင္အထြက္အားလုံးကို ကေမာၻဒီးယားကဆိုင္းငံ့

ထိုင္းႏွင့္ နယ္စပ္အဝင္အထြက္အားလုံးကို ကေမာၻဒီးယားကဆိုင္းငံ့
======================
ထိုင္းႏိုင္ငံႏွင့္ နယ္စပ္အဝင္အထြက္အားလုံးကို ေနာက္ထပ္ေၾကညာခ်က္ တစုံတရာမထုတ္ျပန္မခ်င္း ဆိုင္းငံ့ထားမည္ျဖစ္ေၾကာင္း ကေမာၻဒီးယားျပည္ထဲေရးဝန္ႀကီးဌာနက စေနေန႔တြင္ သတင္းထုတ္ျပန္ခဲ့သည္။

အရပ္သားမ်ား ‌ေ-သေၾကထိခိုက္ခဲ့ၿပီး လူေနဧရိယာမ်ားႏွင့္ အေျခခံအေဆာက္အဦးမ်ားကို မခြဲျခားဘဲ ထိုင္းႏိုင္ငံဘက္မွတို-က္ခိုက္ကာ ကေမာၻဒီးယားႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာကို က်ဴးေက်ာ္ရန္စသည့္ လုပ္ရပ္မ်ားေၾကာင့္ ယခုကဲ့သို ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ ေျပာၾကားခဲ့သည္။

ဤကိစၥႏွင့္ပတ္သက္၍ ထိုင္းႏိုင္ငံတြင္ လက္ရွိေနထိုင္ အလုပ္လုပ္ကိုင္ေနေသာ ကေမာၻဒီးယားႏိုင္ငံသားမ်ားအေနျဖင့္ ပုံမွန္အတိုင္း ဆက္လက္ေနထိုင္လုပ္ကိုင္ၾကရန္ အႀကံျပဳထားသည္။ အလားတူပင္ ကေမာၻဒီးယားႏိုင္ငံတြင္ လက္ရွိေနထိုင္ အလုပ္လုပ္ကိုင္ေနေသာ ထိုင္းႏိုင္ငံသားမ်ားအေနျဖင့္လည္း အပ-စ္အခတ္ရပ္စဲေရးရသည္အထိ ကေမာၻဒီးယားတြင္ ပုံမွန္အတိုင္း ဆက္လက္ေနထိုင္ရန္ အႀကံျပဳထားေၾကာင္း ေဖာ္ျပခဲ့သည္။

Ref: ခမာတိုင္းမ္စ္


ထိုင်းနှင့် နယ်စပ်အဝင်အထွက်အားလုံးကို ကမ္ဘောဒီးယားကဆိုင်းငံ့
======================
ထိုင်းနိုင်ငံနှင့် နယ်စပ်အဝင်အထွက်အားလုံးကို နောက်ထပ်ကြေညာချက် တစုံတရာမထုတ်ပြန်မချင်း ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာနက စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အရပ်သားများ ‌ေ-သကြေထိခိုက်ခဲ့ပြီး လူနေဧရိယာများနှင့် အခြေခံအဆောက်အဦးများကို မခွဲခြားဘဲ ထိုင်းနိုင်ငံဘက်မှတို-က်ခိုက်ကာ ကမ္ဘောဒီးယားနိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးကျော်ရန်စသည့် လုပ်ရပ်များကြောင့် ယခုကဲ့သို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ဤကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံတွင် လက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေသော ကမ္ဘောဒီးယားနိုင်ငံသားများအနေဖြင့် ပုံမှန်အတိုင်း ဆက်လက်နေထိုင်လုပ်ကိုင်ကြရန် အကြံပြုထားသည်။ အလားတူပင် ကမ္ဘောဒီးယားနိုင်ငံတွင် လက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေသော ထိုင်းနိုင်ငံသားများအနေဖြင့်လည်း အပ-စ်အခတ်ရပ်စဲရေးရသည်အထိ ကမ္ဘောဒီးယားတွင် ပုံမှန်အတိုင်း ဆက်လက်နေထိုင်ရန် အကြံပြုထားကြောင်း ဖော်ပြခဲ့သည်။

Ref: ခမာတိုင်းမ်စ်