၂၀၂၅ ဆီးဂိမ္းစ္ၿပိဳင္ပြဲကေန ကေမာၻဒီးယားအားကစားအဖြဲ႕အားလုံး ႏုတ္ထြက္

၂၀၂၅ ဆီးဂိမ္းစ္ၿပိဳင္ပြဲကေန ကေမာၻဒီးယားအားကစားအဖြဲ႕အားလုံး ႏုတ္ထြက္
=====================
ထိုင္းႏိုင္ငံမွာ က်င္းပေနတဲ့ ၂၀၂၅ ဆီးဂိမ္းစ္ၿပိဳင္ပြဲကေန ကေမာၻဒီးယားအားကစားအဖြဲ႕အားလုံး ႏုတ္ထြက္ခဲ့ေၾကာင္း သိရပါတယ္။
ကေမာၻဒီးယားႏိုင္ငံဟာ အေစာပိုင္းကတည္းက ေဘာလုံးအပါအဝင္ အားကစားနည္းအခ်ိဳ႕ကေန ႏုတ္ထြက္ထားခဲ့ၿပီးျဖစ္တာေၾကာင့္ ၿပိဳင္ပြဲ(၁၂)မ်ိဳးမွာ ကစားသမား(၁၁၀)ဦး ပါဝင္ယွဥ္ၿပိဳင္ဖို႔သာ က်န္ရွိေနေပမဲ့ ဒီေန႔မွာေတာ့ လုံၿခဳံေရးအေၾကာင္းျပခ်က္နဲ႔ အားလုံးႏုတ္ထြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။
လက္ရွိအခ်ိန္မွာ ထိုင္းႏိုင္ငံနဲ႔ ကေမာၻဒီးယားႏိုင္ငံတို႔ဟာ နယ္စပ္အျငင္းပြားမႈကတစ္ဆင့္ အျပန္အလွန္တိုက္ခိုက္မႈေတြ ျဖစ္ပြားေနၿပီး ႏွစ္ဖက္စလုံးမွာ ေသဆုံးမႈေတြ ရွိေနေၾကာင္းလည္း သိရပါတယ္။
ဒါေၾကာင့္ ကေမာၻဒီးယားအိုလံပစ္ေကာ္မတီက ဆီးဂိမ္းစ္ၿပိဳင္ပြဲကေန လုံၿခဳံေရးအေၾကာင္းျပခ်က္နဲ႔ ႏုတ္ထြက္ေၾကာင္း ေၾကညာခဲ့ျခင္းျဖစ္ပါတယ္။
(၃၃)ႀကိမ္ေျမာက္ ဆီးဂိမ္းစ္ၿပိဳင္ပြဲကို ဒီဇင္ဘာ(၂၀)အထိ က်င္းပသြားမွာျဖစ္ၿပီး မေန႔က က်င္းပခဲ့တဲ့ ဖြင့္ပြဲအခမ္းအနားမွာ လုံၿခဳံေရးတင္းက်ပ္ခဲ့ေၾကာင္းလည္း သိရပါတယ္။ #Eleven
၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲကနေ ကမ္ဘောဒီးယားအားကစားအဖွဲ့အားလုံး နုတ်ထွက်
=====================
ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲကနေ ကမ္ဘောဒီးယားအားကစားအဖွဲ့အားလုံး နုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ အစောပိုင်းကတည်းက ဘောလုံးအပါအဝင် အားကစားနည်းအချို့ကနေ နုတ်ထွက်ထားခဲ့ပြီးဖြစ်တာကြောင့် ပြိုင်ပွဲ(၁၂)မျိုးမှာ ကစားသမား(၁၁၀)ဦး ပါဝင်ယှဉ်ပြိုင်ဖို့သာ ကျန်ရှိနေပေမဲ့ ဒီနေ့မှာတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ အားလုံးနုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ နယ်စပ်အငြင်းပွားမှုကတစ်ဆင့် အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပြီး နှစ်ဖက်စလုံးမှာ သေဆုံးမှုတွေ ရှိနေကြောင်းလည်း သိရပါတယ်။
ဒါကြောင့် ကမ္ဘောဒီးယားအိုလံပစ်ကော်မတီက ဆီးဂိမ်းစ်ပြိုင်ပွဲကနေ လုံခြုံရေးအကြောင်းပြချက်နဲ့ နုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်ပါတယ်။
(၃၃)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို ဒီဇင်ဘာ(၂၀)အထိ ကျင်းပသွားမှာဖြစ်ပြီး မနေ့က ကျင်းပခဲ့တဲ့ ဖွင့်ပွဲအခမ်းအနားမှာ လုံခြုံရေးတင်းကျပ်ခဲ့ကြောင်းလည်း သိရပါတယ်။ #Eleven




