

၁၀-၁၂-၂၀၂၅
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ-၁ နေပြည်တော်ကောင်စီနယ်မြေ၊ဒက္ခိဏသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၊ ဦးမြတ်ဟိန်း မဲဆန္ဒရှင် ပြည်သူများနှင့်တွေ့ဆုံ
၁၀-၁၂-၂၀၂၅
ပြည်ခိုင်ဖြိုး(USDP)ပါတီ၊ ဒုတိယဥက္ကဌ-၁ နေပြည်တော်ကောင်စီနယ်မြေ၊ဒက္ခိဏသီရိ မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြတ်ဟိန်းသည် ၁၀-၁၂-၂၀၂၅ ရက်နေ့ ညနေ ၃နာရီချိန်တွင် ဒက္ခိဏသီရိမြို့နယ်၊ စိုက်ခင်း၃ကျေးရွာ တွင် မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်ဟိန်း သည်ဒေသဖွံ့ဖြိုးရေးကဏ္ဍ၊ပညာရေး၊ကျန်းမာရေး၊စီးပွါးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မသန်စွမ်းဆိုင်ရာကူညီပံ့ပိုးရေး အခြေအနေများကို ဆွေးနွေးခဲ့ရာ မဲဆန္ဒရှင်ပြည်သူများကလည်း သိရှိလိုသောအကြောင်းအရာများကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့ပြီး ညနေ ၅နာရီချိန်တွင် အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။




