
===============
ဒီဇင်ဘာ ၁၀၊ ဇေယျာသီရိ




ဇေယျာသီရိမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင် ပေါက်ကုန်း၊ ကျည်တောင်၊ သာယာဝှမ်း ကျေးရွာများမှ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ
===============
ဒီဇင်ဘာ ၁၀၊ ဇေယျာသီရိ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဇေယျာသီရိမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီသည် ၇-၁၂-၂၀၂၅ ရက်နေ့နှင့် ၈-၁၂-၂၀၂၅ ရက်နေ့များတွင် ဇေယျာသီရိမြိုနယ်အတွင်းရှိ ပေါက်ကုန်းကျေးရွာ၊ ကျည်တောင်ကျေးရွာ၊ သာယာဝှမ်းကျေးရွာများမှ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင် ကိုယ်စားလှယ်လောင်းအချက်အလက်များနှင့် နှုတ်ခွန်းဆက်အမှာစကားပြောကြားကာ ရွေးကောက်ပွဲတစ်ခု၏ အရေးပါမှု၊ မဲပေးခြင်းဖြင့် ပြည်သူတစ်ဦး၏ တာဝန်ကျေပွန်မှု၊ မဲပေးရာတွင် သေချာစဉ်းစားဆုံးဖြတ်ပေးရန်လိုအပ်မှုနှင့် ပြည်ခိုင်ဖြိုးပါတီကို ရွေးချယ် မဲပေးသင့်သည့်အချက်များ၊ ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲအာမခံချက်များအား ရှင်းလင်းပြောကြားကာ မဲဆွယ်စည်းရုံးခဲ့ပါသည်။ ၎င်းနောက်တက်ရောက်လာသူများ၏ မေးမြန်းမှုများအား ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး မဲပေးစက်ဖြင့် မဲပေးခြင်းနည်းစနစ်များအား ရှင်းလင်း သရုပ်ပြခဲ့ပါသည်။

ထို့နောက် မဲဆွယ်စည်းရုံးရေးခရီးစဥ်များသို့ လိုက်ပါဝန်းရံခဲ့ကြသော အနုပညာရှင်များမှလည်း ပါဝင်အားဖြည့်ကာ ဖျော်ဖြေခဲ့ကြပါသည်။