ရန္ကုန္တိုင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕နယ္ ေဖာင္ႀကီးအေနာက္ေက်း႐ြာလူထုေတြ႕ဆုံပြဲသို႔ ပါတီဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိမ္းတက္ေရာက္



ရန္ကုန္တိုင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕နယ္ ေဖာင္ႀကီးအေနာက္ေက်း႐ြာလူထုေတြ႕ဆုံပြဲသို႔ ပါတီဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိမ္းတက္ေရာက္
===============================
လွည္းကူး ဒီဇင္ဘာ ၁၀
(၁၀-၁၂-၂၀၂၅)ေန႔ရက္နံနက္ပိုင္းက ရန္ကုန္တိုင္းေဒသႀကီး၊လွည္းကူးၿမိဳ႕နယ္၊ ေဖာင္ႀကီးအေနာက္ေက်း႐ြာအုပ္စု၊လိပ္ျပာေတာင္ၿခံဝန္း၌က်င္းပျပဳလုပ္ေသာလူထုေတြ႕ဆုံပြဲ႕သို႔ ျပည္ခိုင္ၿဖိဳးပါတီဒုတိယဥကၠ႒ဦးမ်ိဳးေဇာ္သိမ္း တက္ေရာက္ခဲ့ပါသည္။
ေတြ႕ဆုံပြဲအခမ္းအနားအား ႏိုင္ငံေတာ္အလံအား အေလးျပဳ၍ႏိုင္ငံေတာ္သီခ်င္းသီဆိုကာဖြင့္လွစ္ခဲ့ၿပီး
ပါတီဒုတိယဥကၠ႒ဦးမ်ိဳးေဇာ္သိမ္းမွႏႈတ္ခြန္းဆက္စကားေျပာၾကား၍လွည္းကူးၿမိဳ႕နယ္၊ျပည္ခိုင္ၿဖိဳးပါတီမွဝင္ေရာက္ယွည္ၿပိဳင္အေ႐ြးခံၾကမည့္ ကိုယ္စားေလာင္းမ်ားအားမိတ္ဆက္ေပးခဲ့ပါသည္။
၎ေနာက္ရန္ကုန္တိုင္းေဒသႀကီး၊ တိုင္းပါတီဥကၠ႒ဦးခင္ေမာင္စိုးမွေ႐ြးေကာက္ပြဲေၾကညာစာတမ္းအားရွင္းလင္းခဲ့ပါသည္။
ဆက္လက္၍ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေအာင္မ်ိဳးႏိုင္မွမဲေပးပုံမဲေပးနည္းစနစ္မွန္ကန္ေစေရးသ႐ုပ္ျပရွင္းလင္းခဲ့ၿပီးေႂကြးေၾကာ္သံမ်ားျဖင့္ေတြ႕ဆုံပြဲအား႐ုပ္သိမ္းခဲ့ေၾကာင္းသတင္းရရွိပါသည္။
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ဖောင်ကြီးအနောက်ကျေးရွာလူထုတွေ့ဆုံပွဲသို့ ပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းတက်ရောက်
===============================
လှည်းကူး ဒီဇင်ဘာ ၁၀
(၁၀-၁၂-၂၀၂၅)နေ့ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်၊ ဖောင်ကြီးအနောက်ကျေးရွာအုပ်စု၊လိပ်ပြာတောင်ခြံဝန်း၌ကျင်းပပြုလုပ်သောလူထုတွေ့ဆုံပွဲ့သို့ ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်း တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲအခမ်းအနားအား နိုင်ငံတော်အလံအား အလေးပြု၍နိုင်ငံတော်သီချင်းသီဆိုကာဖွင့်လှစ်ခဲ့ပြီး
ပါတီဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းမှနှုတ်ခွန်းဆက်စကားပြောကြား၍လှည်းကူးမြို့နယ်၊ပြည်ခိုင်ဖြိုးပါတီမှဝင်ရောက်ယှည်ပြိုင်အရွေးခံကြမည့် ကိုယ်စားလောင်းများအားမိတ်ဆက်ပေးခဲ့ပါသည်။
၎င်းနောက်ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းပါတီဥက္ကဋ္ဌဦးခင်မောင်စိုးမှရွေးကောက်ပွဲကြေညာစာတမ်းအားရှင်းလင်းခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်မျိုးနိုင်မှမဲပေးပုံမဲပေးနည်းစနစ်မှန်ကန်စေရေးသရုပ်ပြရှင်းလင်းခဲ့ပြီးကြွေးကြော်သံများဖြင့်တွေ့ဆုံပွဲအားရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။




