လပြတၱာၿမိဳ႕နယ္၌ ေဒသထြက္ေနလွန္းဆားမ်ား အေရာင္းအဝယ္ေကာင္းမြန္ေန

လပြတၱာၿမိဳ႕နယ္၌ ေဒသထြက္ေနလွန္းဆားမ်ား အေရာင္းအဝယ္ေကာင္းမြန္ေန
=================
(ျပည္တြင္း) ဒီဇင္ဘာ ၁၀
ဧရာဝတီတိုင္းေဒသႀကီး၊ လပြတၱာခ႐ိုင္ လပြတၱာၿမိဳ႕နယ္၌ ေဒသထြက္ေနလွန္းဆားမ်ား ဝယ္လိုအား ေကာင္းၿပီး အေရာင္းအဝယ္ေကာင္းမြန္ေနေၾကာင္း လပြတၱာၿမိဳ႕နယ္မွ ေနလွန္းဆားထုတ္လုပ္ေရာင္းဝယ္ေရး လုပ္ငန္းလုပ္ကိုင္သူထံမွ သိရပါတယ္။
လပြတၱာၿမိဳ႕နယ္၌ ယခုႏွစ္ ဒီဇင္ဘာလပထမပတ္မွ လက္ရွိအခ်ိန္ထိ ေနလွန္းဆားမ်ား အေရာင္းအဝယ္ ေကာင္းမြန္လ်က္ရွိၿပီး တစ္ရက္လွ်င္ ေနလွန္းဆားပိႆာခ်ိန္ ၂,၅၀၀ ကေန ၅,၀၀၀ ေက်ာ္အထိ အေရာင္းအဝယ္ ျဖစ္ေနပါတယ္။
အခုလို ဆားအေရာင္းအဝယ္ေကာင္းလာျခင္းေၾကာင့္ ဆားထုတ္လုပ္တဲ့လုပ္ငန္းနဲ႔ ဆက္စပ္တဲ့သူမ်ား အေနနဲ႔ အလုပ္အကိုင္အခြင့္အလမ္းရရွိၿပီး အဆင္ေျပလာေၾကာင္း သိရပါတယ္။
လပြတၱာၿမိဳ႕နယ္၌ ဆားလုပ္ငန္းလုပ္ကိုင္သူမ်ားက ေဒသထြက္ေနလွန္းဆားမ်ားကို စနစ္တက်သန႔္စင္ ထုတ္လုပ္ၿပီး ရန္ကုန္ေဈးကြက္သို႔ အဓိကထားတင္ပို႔ေရာင္းခ်လ်က္ရွိကာ အဆိုပါေဒသထြက္ ေနလွန္းဆားမ်ားကို ငါးပိ၊ ငါးေျခာက္၊ ငံျပာရည္ စတဲ့ လုပ္ငန္းမ်ားတြင္ အဓိကအသုံးျပဳၾကေၾကာင္း သိရပါတယ္။
=================
လပွတ္တာမြို့နယ်၌ ဒေသထွက်နေလှန်းဆားများ အရောင်းအဝယ်ကောင်းမွန်နေ
=================
(ပြည်တွင်း) ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ်၌ ဒေသထွက်နေလှန်းဆားများ ဝယ်လိုအား ကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း လပွတ္တာမြို့နယ်မှ နေလှန်းဆားထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူထံမှ သိရပါတယ်။
လပွတ္တာမြို့နယ်၌ ယခုနှစ် ဒီဇင်ဘာလပထမပတ်မှ လက်ရှိအချိန်ထိ နေလှန်းဆားများ အရောင်းအဝယ် ကောင်းမွန်လျက်ရှိပြီး တစ်ရက်လျှင် နေလှန်းဆားပိဿာချိန် ၂,၅၀၀ ကနေ ၅,၀၀၀ ကျော်အထိ အရောင်းအဝယ် ဖြစ်နေပါတယ်။
အခုလို ဆားအရောင်းအဝယ်ကောင်းလာခြင်းကြောင့် ဆားထုတ်လုပ်တဲ့လုပ်ငန်းနဲ့ ဆက်စပ်တဲ့သူများ အနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး အဆင်ပြေလာကြောင်း သိရပါတယ်။
လပွတ္တာမြို့နယ်၌ ဆားလုပ်ငန်းလုပ်ကိုင်သူများက ဒေသထွက်နေလှန်းဆားများကို စနစ်တကျသန့်စင် ထုတ်လုပ်ပြီး ရန်ကုန်ဈေးကွက်သို့ အဓိကထားတင်ပို့ရောင်းချလျက်ရှိကာ အဆိုပါဒေသထွက် နေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည် စတဲ့ လုပ်ငန်းများတွင် အဓိကအသုံးပြုကြကြောင်း သိရပါတယ်။




