ဂါဇာေဒသအပစ္အခတ္ရပ္စဲေရး ဒုတိယအဆင့္ေဆြးေႏြးရန္ အေမရိကန္သမၼတထရမ့္ႏွင့္ ေတြ႕ဆုံမည္ဟု ေနတန္ယာဟု ေျပာၾကား

ဂါဇာေဒသအပစ္အခတ္ရပ္စဲေရး ဒုတိယအဆင့္ေဆြးေႏြးရန္ အေမရိကန္သမၼတထရမ့္ႏွင့္ ေတြ႕ဆုံမည္ဟု ေနတန္ယာဟု ေျပာၾကား
===============
ဂါဇာေဒသအပစ္အခတ္ရပ္စဲေရး ဒုတိယအဆင့္ေဆြးေႏြးရန္ ယခုလေႏွာင္းပိုင္းတြင္ အေမရိကန္သမၼတ ထရမ့္ ႏွင့္ ေတြ႕ဆုံမည္ျဖစ္ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟု က ဒီဇင္ဘာလ ၇ ရက္တြင္ ေျပာၾကားသည္။
အေမရိကန္က ကမကထျပဳသည့္ အပစ္အခတ္ရပ္စဲေရးသည္ ယခုႏွစ္ေအာက္တိုဘာလ ၁၀ ရက္တြင္ စတင္ အသက္ ဝင္လာခဲ့ေသာ္လည္း အစၥေရးႏွင့္ ဟားမတ္စ္အၾကား အပစ္အခတ္ရပ္စဲေရးခ်ိဳးေဖာက္သည္ဟု အျပန္အလွန္ စြပ္စြဲမႈမ်ား ရွိခဲ့သည္။ ယခုေဆာင္႐ြက္မည့္ အပစ္အခတ္ရပ္စဲေရးဒုတိယအဆင့္သည္ ခက္ခဲေၾကာင္း ေဂ်႐ုဆလင္သို႔ အလည္အပတ္ေရာက္ရွိေနသည့္ ဂ်ာမနီဝန္ႀကီးခ်ဳပ္ ဖရက္ဒရက္မာစ္ ႏွင့္ေတြ႕ဆုံရာတြင္ ေနတန္ယာဟု က ေျပာၾကား ခဲ့သည္။ အေရွ႕အလယ္ပိုင္းေဒသတြင္ ၿငိမ္းခ်မ္းေရးရရွိေရးအတြက္ သမၼတ ထရမ့္ ႏွင့္ ဒီဇင္ဘာလကုန္တြင္ ေတြ႕ဆုံ ေဆြးေႏြးမည္ဟု ၎ကေျပာၾကားသည္။
ဂါဇာေဒသ အပစ္အခတ္ရပ္စဲေရးဒုတိယအဆင့္ကို လက္ရွိအခ်ိန္တြင္ ေဆာင္႐ြက္ရမည္ျဖစ္ၿပီး ႏွစ္ႏိုင္ငံေျဖရွင္းခ်က္ကို ဂ်ာမနီက ေထာက္ခံေၾကာင္း ဂ်ာမနီဝန္ႀကီးခ်ဳပ္က ေျပာၾကားသည္။ အပစ္အခတ္ရပ္စဲေရး ပထမအဆင့္တြင္ ဟားမတ္စ္အဖြဲ႕က ဓားစာခံ ၄၇ ဦးကို လႊတ္ေပးခဲ့သည္။
အပစ္အခတ္ရပ္စဲေရး ဒုတိယအဆင့္သည္ ခက္ခဲၿပီး ၎တြင္ ဟားမတ္စ္အဖြဲ႕ လက္နက္ျဖဳတ္သိမ္းေရး၊ အစၥေရးတပ္ဖြဲ႕မ်ား ဆုတ္ခြာေရးႏွင့္ ႏိုင္ငံတကာၿငိမ္းခ်မ္းေရးထိန္းသိမ္းေရး တပ္ဖြဲ႕မ်ား တပ္စြဲေရးတို႔ကို ေဆာင္႐ြက္ ရမည္ျဖစ္သည္။
ဂါဇာေဒသတြင္ အစၥေရးက နယ္ေျမမ်ားရယူျခင္းမွ အဆုံးသတ္ခဲ့ပါက ဟားမတ္စ္အေနျဖင့္ လက္နက္ခ်မည္ဟု ဟားမတ္စ္ေခါင္းေဆာင္ ခါလီအယ္လ္ဟာရာ က ေျပာသည္။ မိမိတို႔ လက္နက္စြဲကိုင္ထားျခင္းသည္ ဂါဇာေဒသတြင္ အစၥေရးက နယ္ေျမမ်ားရယူျခင္းႏွင့္သက္ဆိုင္ၿပီး ၎ေဒသတြင္ အစၥေရးက နယ္ေျမမ်ားရယူျခင္းမွ အဆုံးသတ္ပါက ဟားမတ္စ္အေနျဖင့္ လက္နက္မ်ားကို တာဝန္ရွိသူ မ်ားထံ လႊဲေျပာင္းေပးမည္ဟု ၎ကေျပာသည္။
ဟားမတ္စ္အဖြဲ႕သည္ ယခင္က လက္နက္ခ်ရန္ ျငင္းဆန္ခဲ့ၿပီး ၎ကဲ့သို႔ ျငင္းဆန္ျခင္းေၾကာင့္ ဂါဇာေဒသ ဒုတိယအဆင့္အပစ္အခတ္ရပ္စဲေရး ေဆာင္႐ြက္ရန္ အခက္အခဲရွိေနသည္ ဟု အစၥေရးကေျပာေၾကာင္း ဆင္ဟြာသတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။
ဂါဇာဒေသအပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်ဆွေးနွေးရန် အမေရိကန်သမ္မတထရမ့်နှင့် တွေ့ဆုံမည်ဟု နေတန်ယာဟု ပြောကြား
===============
ဂါဇာဒေသအပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်ဆွေးနွေးရန် ယခုလနှောင်းပိုင်းတွင် အမေရိကန်သမ္မတ ထရမ့် နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က ဒီဇင်ဘာလ ၇ ရက်တွင် ပြောကြားသည်။
အမေရိကန်က ကမကထပြုသည့် အပစ်အခတ်ရပ်စဲရေးသည် ယခုနှစ်အောက်တိုဘာလ ၁၀ ရက်တွင် စတင် အသက် ဝင်လာခဲ့သော်လည်း အစ္စရေးနှင့် ဟားမတ်စ်အကြား အပစ်အခတ်ရပ်စဲရေးချိုးဖောက်သည်ဟု အပြန်အလှန် စွပ်စွဲမှုများ ရှိခဲ့သည်။ ယခုဆောင်ရွက်မည့် အပစ်အခတ်ရပ်စဲရေးဒုတိယအဆင့်သည် ခက်ခဲကြောင်း ဂျေရုဆလင်သို့ အလည်အပတ်ရောက်ရှိနေသည့် ဂျာမနီဝန်ကြီးချုပ် ဖရက်ဒရက်မာစ် နှင့်တွေ့ဆုံရာတွင် နေတန်ယာဟု က ပြောကြား ခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသတွင် ငြိမ်းချမ်းရေးရရှိရေးအတွက် သမ္မတ ထရမ့် နှင့် ဒီဇင်ဘာလကုန်တွင် တွေ့ဆုံ ဆွေးနွေးမည်ဟု ၎င်းကပြောကြားသည်။
ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးဒုတိယအဆင့်ကို လက်ရှိအချိန်တွင် ဆောင်ရွက်ရမည်ဖြစ်ပြီး နှစ်နိုင်ငံဖြေရှင်းချက်ကို ဂျာမနီက ထောက်ခံကြောင်း ဂျာမနီဝန်ကြီးချုပ်က ပြောကြားသည်။ အပစ်အခတ်ရပ်စဲရေး ပထမအဆင့်တွင် ဟားမတ်စ်အဖွဲ့က ဓားစာခံ ၄၇ ဦးကို လွှတ်ပေးခဲ့သည်။
အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်သည် ခက်ခဲပြီး ၎င်းတွင် ဟားမတ်စ်အဖွဲ့ လက်နက်ဖြုတ်သိမ်းရေး၊ အစ္စရေးတပ်ဖွဲ့များ ဆုတ်ခွာရေးနှင့် နိုင်ငံတကာငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့များ တပ်စွဲရေးတို့ကို ဆောင်ရွက် ရမည်ဖြစ်သည်။
ဂါဇာဒေသတွင် အစ္စရေးက နယ်မြေများရယူခြင်းမှ အဆုံးသတ်ခဲ့ပါက ဟားမတ်စ်အနေဖြင့် လက်နက်ချမည်ဟု ဟားမတ်စ်ခေါင်းဆောင် ခါလီအယ်လ်ဟာရာ က ပြောသည်။ မိမိတို့ လက်နက်စွဲကိုင်ထားခြင်းသည် ဂါဇာဒေသတွင် အစ္စရေးက နယ်မြေများရယူခြင်းနှင့်သက်ဆိုင်ပြီး ၎င်းဒေသတွင် အစ္စရေးက နယ်မြေများရယူခြင်းမှ အဆုံးသတ်ပါက ဟားမတ်စ်အနေဖြင့် လက်နက်များကို တာဝန်ရှိသူ များထံ လွှဲပြောင်းပေးမည်ဟု ၎င်းကပြောသည်။
ဟားမတ်စ်အဖွဲ့သည် ယခင်က လက်နက်ချရန် ငြင်းဆန်ခဲ့ပြီး ၎င်းကဲ့သို့ ငြင်းဆန်ခြင်းကြောင့် ဂါဇာဒေသ ဒုတိယအဆင့်အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရန် အခက်အခဲရှိနေသည် ဟု အစ္စရေးကပြောကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။




