ဂျပန်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်

ဂျပန်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်
——————
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဒီဇင်ဘာ ၈ရက် ညက ပြင်းအား ၇ ဒသမ ၆အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ဟော့ကိုင်းဒိုး ကမ်းရိုးတန်းဒေသတွေအပြင် အောအိုမိုရီနဲ့ အီဝါတေ စီရင်စုတွေမှာ ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဂျပန်စံတော်ချိန် ည ၁၁ နာရီ ၁၅ မိနစ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဆူနာမီ ၃ မီတာအထိ လှိုင်းကြီးနိုင်တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အောအိုမိုရီရဲ့ ကီလိုမီတာ ၅၀ အနက်မှာ လှုပ်ခတ်ခဲ့တဲ့ အဲဒီငလျင်ကို တိုကျိုမြို့လယ်အထိ ခံစားခဲ့ရတယ်လို့လည်း နစ်ကီအေးရှား သတင်းမှာ ဖော်ပြထားပါတယ်။