ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲကြေညာစာတမ်းရှင်းလင်းခြင်းနှင့် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်အပ်နှံခြင်းအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီတက်ရောက်



ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲကြေညာစာတမ်းရှင်းလင်းခြင်းနှင့် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်အပ်နှံခြင်းအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီတက်ရောက်
========================
ဒီဇင်ဘာ ၇၊ မကွေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၆-၁၂-၂၀၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြို့တော်ခန်းမတွင် ပြုလုပ်ကျင်းပသော ရွေးကောက်ပွဲကြေညာစာတမ်းရှင်းလင်းခြင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်မြေအသီးသီးမှ ပါတီကိုယ်စားပြု ဝင်ရောက်အရွေးချယ်ခံကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ပြည်သူ့ထံသို့ မိတ်ဆက်အပ်နှံခြင်းအခမ်းအနားသို့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဋ္ဌေးတို့နှင့်အတူ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဋ္ဌေး၊ တိုင်းပါတီကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မဲဆန္ဒရှင်ပြည်သူများ၊ ပါတီဝင်များနှင့် ဝန်းရံသူများ စုစုပေါင်းအင်အား (၅၀၀၀)ကျော် တက်ရောက်ပြီး အခမ်းအနားကို အစီအစဉ်(၈)ရပ်ဖြင့်ကျင်းပပြုလုပ်ပါသည်။
အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်း အစီအစဉ်ဖြင့် စတင်ဖွင့်လှစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်မြေအသီးသီးမှ ပါတီကိုယ်စားပြု ဝင်ရောက်အရွေးချယ်ခံကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ပြည်သူများထံသို့ သက်ဆိုင်ရာနယ်မြေနှင့် လွှတ်တော်အလိုက် မိတ်ဆက်အပ်နှံပါသည်။ ၎င်းနောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက ပါတီ၏ရွေးကောက်ပွဲကြေညာစာတမ်းအား ဖတ်ကြားရှင်းလင်းပြီး မကြာခင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် ပြည်သူလူထုတစ်ရပ်လုံးအတွက် အလွန်အရေးကြီးသည့် ရွေးကောက်ပွဲဖြစ်ကြောင်း၊ ပြည်သူလူထုအားလုံးကလည်း မပျက်မကွက် ဆန္ဒမဲပေးကြရန်လိုကြောင်း၊ ဆန္ဒပြုရာတွင်လည်း အသည်းကြားက မဲတစ်ပြား ဆိုသည့် ခံစားချက်ဖြင့်ပေးသည့်မဲထက် သေချာစွာစဉ်းစားချင့်ချိန် ဆုံးဖြတ်ပြီး အမှန်တကယ်ဆောင်ရွက်နိုင်သော အတွေ့အကြုံရှိသော ပုဂ္ဂိလ် အဖွဲ့အစည်းများကို ရွေးချယ်ပေးရန်လိုကြောင်း ပြောကြားပါသည်။
ဆက်လက်ပြီးပါတီဥက္ကဋ္ဌ ဦးခင်ရီက ထိုကဲ့သို့ နိုင်ငံတော်အတွက် ဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းဟာ ပြည်ခိုင်ဖြိုးပါတီပင်ဖြစ်ကြောင်း၊ ပါတီတွင် အတွေ့အကြုံရှိသူ အရည်အချင်းပြည့်ဝသူတွေများစွာပါဝင်ကြောင်း၊ ပြည်သူများ၏ အနာဂတ်ဘဝတွေ ဖွံ့ဖြိုးတိုးတက်ပြီး ပိုမိုခိုင်မာစေဖို့အာမခံကြောင်းနှင့် မိမိတို့ ဆောင်ရွက်ပေးနိုင်ပါကြောင်း၊ မိမိတို့ပါတီက ကိုယ်စားလှယ်များကို ယုံကြည်စိတ်ချစွာ ဆန္ဒမဲပေးကြရန် ပြောကြားပါသည်။
ဆက်လက်ပြီး ပါတီဥက္ကဋ္ဌမှ ပါတီအောင်နိုင်ရေးအလံအား ပေးအပ်ရာ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဋ္ဌေးတို့မှ လက်ခံယူခဲ့ပြီး အနာဂတ်ရောင်ခြည် သီချင်းဖြင့် သံပြိုင်သီဆိုဂုဏ်ပြုပါသည်။ ၎င်းနောက် ပြည်ခိုင်ဖြိုးပါတီ နိုင်ရမည် ဟူသောကြွေးကြော်သံများ ကြွေးကြော်ပြီး နေ့လည် ၁၁၃၀ အချိန်တွင် အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲကြောင်း သတင်းရရှိပါသည်။




