မာက္ကိုရီးယားႏွင့္ဆက္သြယ္ေရးလိုင္းမ်ား ျပန္ဖြင့္ႏိုင္ေရး ေတာင္ကိုရီးယားကမ္းလွမ္း

မာက္ကိုရီးယားႏွင့္ဆက္သြယ္ေရးလိုင္းမ်ား ျပန္ဖြင့္ႏိုင္ေရး ေတာင္ကိုရီးယားကမ္းလွမ္း
=========================
ေတာင္ကိုရီးယားသမၼတလီေဂ်းေျမာင္သည္ ေျမာက္ကိုရီးယားႏိုင္ငံႏွင့္ခ်ိတ္ဆက္ထားသည့္ ဆက္သြယ္ေရး လိုင္းမ်ားျပန္ဖြင့္ႏိုင္ေရးအတြက္ ဒီဇင္ဘာလ ၂ ရက္တြင္ ကမ္းလွမ္းလိုက္ေၾကာင္းသိရသည္။
ေတာင္ကိုရီးယား သမၼတသည္ ႏိုင္ငံ၏ ၂၂ ႀကိမ္ေျမာက္ ၿငိမ္းခ်မ္းစြာေပါင္းစည္းေရး အတိုင္ပင္ခံေကာင္စီက်မ္းသစၥာက်ိန္ဆိုပြဲ အခမ္း အနား၌ ယခုကဲ့သို႔ေျပာလိုက္ျခင္း ျဖစ္သည္။

အဆိုပါေကာင္စီသည္ ေျမာက္ကိုရီးယားႏွင့္ေပါင္းစည္းႏိုင္ေရး ကိစၥ ရပ္မ်ားႏွင့္ပတ္သက္၍ သမၼတကို အႀကံဉာဏ္ေပးသည့္အဖြဲ႕ ျဖစ္သည္။

ထို႔ျပင္ ရပ္ဆိုင္းထားသည္မွာ ခုနစ္ႏွစ္ၾကာျမင့္ေနၿပီျဖစ္သည့္ ကိုရီးယားႏွစ္ႏိုင္ငံၾကားေဆြးေႏြးပြဲကို ျပန္လည္စတင္ရန္ တိုက္တြန္းထားၿပီး ယင္းေဆြးေႏြးပြဲသည္ ကိုရီးယားႏွစ္ႏိုင္ငံၾကား ၿငိမ္းခ်မ္းစြာအတူ ယွဥ္တြဲ ေနထိုင္ႏိုင္ေရးအတြက္ စမွတ္ျဖစ္လာမည္ဟု ေကာင္စီက အေလးေပးေျပာထားသည္။

အလားတူ ႏွစ္ႏိုင္ငံၾကား စစ္ဘက္ဆိုင္ရာမေတာ္တဆျဖစ္စဥ္မ်ားကို တားဆီးႏိုင္ရန္၊ ကိုရီးယားကြၽန္းဆြယ္ႏွစ္ပိုင္းကြဲမႈေၾကာင့္ စိတ္ထိခိုက္ ခံစားရသူမ်ားကို ေျဖသိမ့္ေပးႏိုင္ရန္ႏွင့္ ရပ္ဆိုင္းထားသည့္ကိစၥရပ္မ်ားစြာကိုေဆြးေႏြးရန္ ေဆြးေႏြးမႈမ်ားကို စတင္ လုပ္ေဆာင္သင့္သည္ဟု ေတာင္ကိုရီးယားသမၼတက ေျပာထားေၾကာင္း ဆင္ဟြာသတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။


“မြောက်ကိုရီးယားနှင့်ဆက်သွယ်ရေးလိုင်းများ ပြန်ဖွင့်နိုင်ရေး တောင်ကိုရီးယားကမ်းလှမ်း”
=========================
တောင်ကိုရီးယားသမ္မတလီဂျေးမြောင်သည် မြောက်ကိုရီးယားနိုင်ငံနှင့်ချိတ်ဆက်ထားသည့် ဆက်သွယ်ရေး လိုင်းများပြန်ဖွင့်နိုင်ရေးအတွက် ဒီဇင်ဘာလ ၂ ရက်တွင် ကမ်းလှမ်းလိုက်ကြောင်းသိရသည်။
တောင်ကိုရီးယား သမ္မတသည် နိုင်ငံ၏ ၂၂ ကြိမ်မြောက် ငြိမ်းချမ်းစွာပေါင်းစည်းရေး အတိုင်ပင်ခံကောင်စီကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်း အနား၌ ယခုကဲ့သို့ပြောလိုက်ခြင်း ဖြစ်သည်။

အဆိုပါကောင်စီသည် မြောက်ကိုရီးယားနှင့်ပေါင်းစည်းနိုင်ရေး ကိစ္စ ရပ်များနှင့်ပတ်သက်၍ သမ္မတကို အကြံဉာဏ်ပေးသည့်အဖွဲ့ ဖြစ်သည်။

ထို့ပြင် ရပ်ဆိုင်းထားသည်မှာ ခုနစ်နှစ်ကြာမြင့်နေပြီဖြစ်သည့် ကိုရီးယားနှစ်နိုင်ငံကြားဆွေးနွေးပွဲကို ပြန်လည်စတင်ရန် တိုက်တွန်းထားပြီး ယင်းဆွေးနွေးပွဲသည် ကိုရီးယားနှစ်နိုင်ငံကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် စမှတ်ဖြစ်လာမည်ဟု ကောင်စီက အလေးပေးပြောထားသည်။

အလားတူ နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာမတော်တဆဖြစ်စဉ်များကို တားဆီးနိုင်ရန်၊ ကိုရီးယားကျွန်းဆွယ်နှစ်ပိုင်းကွဲမှုကြောင့် စိတ်ထိခိုက် ခံစားရသူများကို ဖြေသိမ့်ပေးနိုင်ရန်နှင့် ရပ်ဆိုင်းထားသည့်ကိစ္စရပ်များစွာကိုဆွေးနွေးရန် ဆွေးနွေးမှုများကို စတင် လုပ်ဆောင်သင့်သည်ဟု တောင်ကိုရီးယားသမ္မတက ပြောထားကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။