တ႐ုတ္ႏွင့္ဗီယက္နမ္တို႔နယ္စပ္ျဖတ္ေက်ာ္ QR ကုဒ္ျဖင့္ေငြေပးေခ်

တ႐ုတ္ႏွင့္ဗီယက္နမ္တို႔နယ္စပ္ျဖတ္ေက်ာ္ QR ကုဒ္ျဖင့္ေငြေပးေခ်
=================
တ႐ုတ္ႏွင့္ဗီယက္နမ္တို႔သည္ အဂၤါေန႔တြင္ ႏွစ္ႏိုင္ငံ QR ကုဒ္ေငြေပးေခ်မႈဝန္ေဆာင္မႈကို ဗီယက္နမ္ႏိုင္ငံ ၿမိဳေတာ္ ဟႏြိင္းတြင္ တရားဝင္မိတ္ဆက္ခဲ့ၿပီး ဝန္ေဆာင္မႈကို ဗီယက္နမ္ေဈးကြက္တြင္ စတင္အသုံးျပဳႏိုင္ၿပီျဖစ္သည္။
အဆိုပါ စီမံခ်က္သည္ ဗီယက္နမ္ရွိ တ႐ုတ္၏မိုဘိုင္းေငြေပးေခ်မႈကိရိယာမ်ားကို အသုံးျပဳ၍ ဗီယက္နမ္ႏိုင္ငံဆိုင္ရာ ဗီယက္နမ္ QR ကုဒ္စနစ္ ဗီယက္ၾကဴအာ (VietQR) ကို လက္ခံသည့္ ကုန္သည္မ်ားထံ ေငြေပးေခ်ႏိုင္ေစမည့္ စီမံကိန္းျဖစ္သည္။
အခမ္းအနားတြင္ ဗီယက္နမ္ ႏိုဂ္ငံေတာ္ေငြေပးေခ်မႈေကာ္ပိုေရးရွင္း အမႈေဆာင္အရာရွိခ်ဳပ္ ငုယင္ကြမ္မင္းက ႏွစ္ႏိုင္ငံၾကား QR ကုဒ္ေငြေပးေခ်မႈစနစ္ကို စတင္မိတ္ဆက္ျခင္းသည္ ႏွစ္ႏိုင္ငံၾကား ဘ႑ာေရးဆိုင္ရာ ခ်ိတ္ဆက္မႈကို အားေကာင္းခိုင္မာေစမည့္ မွတ္တိုင္တစ္ခုျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
UnionPay International အမႈေဆာင္အရာရွိခ်ဳပ္ ဝမ္လီရွင္းက အဆိုပါစီမံခ်က္သည္ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ စားသုံးသူမ်ားအတြက္ အျပန္အလွန္အက်ိဳးျဖစ္ထြန္းေစေၾကာင္း အေလးေပးေျပာၾကားခဲ့သည္။
Ref: ရွင္းဟြာ
တရုတ်နှင့်ဗီယက်နမ်တို့နယ်စပ်ဖြတ်ကျော် QR ကုဒ်ဖြင့်ငွေပေးချေ
=================
တရုတ်နှင့်ဗီယက်နမ်တို့သည် အင်္ဂါနေ့တွင် နှစ်နိုင်ငံ QR ကုဒ်ငွေပေးချေမှုဝန်ဆောင်မှုကို ဗီယက်နမ်နိုင်ငံ မြိုတော် ဟနွိင်းတွင် တရားဝင်မိတ်ဆက်ခဲ့ပြီး ဝန်ဆောင်မှုကို ဗီယက်နမ်ဈေးကွက်တွင် စတင်အသုံးပြုနိုင်ပြီဖြစ်သည်။
အဆိုပါ စီမံချက်သည် ဗီယက်နမ်ရှိ တရုတ်၏မိုဘိုင်းငွေပေးချေမှုကိရိယာများကို အသုံးပြု၍ ဗီယက်နမ်နိုင်ငံဆိုင်ရာ ဗီယက်နမ် QR ကုဒ်စနစ် ဗီယက်ကြူအာ (VietQR) ကို လက်ခံသည့် ကုန်သည်များထံ ငွေပေးချေနိုင်စေမည့် စီမံကိန်းဖြစ်သည်။
အခမ်းအနားတွင် ဗီယက်နမ် နိုဂ်ငံတော်ငွေပေးချေမှုကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ် ငုယင်ကွမ်မင်းက နှစ်နိုင်ငံကြား QR ကုဒ်ငွေပေးချေမှုစနစ်ကို စတင်မိတ်ဆက်ခြင်းသည် နှစ်နိုင်ငံကြား ဘဏ္ဍာရေးဆိုင်ရာ ချိတ်ဆက်မှုကို အားကောင်းခိုင်မာစေမည့် မှတ်တိုင်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
UnionPay International အမှုဆောင်အရာရှိချုပ် ဝမ်လီရှင်းက အဆိုပါစီမံချက်သည် စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအတွက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေကြောင်း အလေးပေးပြောကြားခဲ့သည်။
Ref: ရှင်းဟွာ




