


==============
ဒီဇင်ဘာ ၂၊ နေပြည်တော်
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုလှုပ်ရှားမှု မသန်စွမ်းအားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး
==============
ဒီဇင်ဘာ ၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီ၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှဆွေ၊ အမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင်၊ ပျဥ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဌေးနှင့် ပါတီတာဝန်ရှိသူများသည် ၁-၁၂-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ပျဥ်းမနားမြို့၊ ပေါင်းလောင်းအားကစားကွင်းတွင်ကျင်းပသော “အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုလှုပ်ရှားမှု မသန်စွမ်းအားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား” သို့ တက်ရောက်ခဲ့ပြီး အားကစားပွဲများယှဉ်ပြိုင်နေမှုများ၊ အလှူငွေများ လှူဒါန်းခြင်းနှင့် ဆုချီးမြှင့်ခြင်းတို့အား ကြည့်ရှုအားပေးခဲ့ပါသည်။




