
===============
နိုဝင်ဘာ ၃၀၊ ဇေယျာသီရိ




ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီ ဆံပင်လုပ်ငန်းခွင် လုပ်ကိုင်ဆောင်ရွက်နေသူများနှင့်တွေ့ဆုံ
===============
နိုဝင်ဘာ ၃၀၊ ဇေယျာသီရိ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီသည် ၃၀-၁၁-၂၀၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် ဇေယျာသီရိမြို့နယ်အတွင်းရှိ ဆံပင်လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေသူများနှင့် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ရွေးကောက်ပွဲတစ်ခု၏ အရေးပါမှု၊ မဲပေးခြင်းဖြင့် ပြည်သူတစ်ဦး၏ တာဝန်ကျေပွန်မှု၊ မဲပေးရာတွင် သေချာစဉ်းစားဆုံးဖြတ်ပေးရန်လိုအပ်မှုနှင့် ပြည်ခိုင်ဖြိုးပါတီကို ရွေးချယ်သင့်သည့်အချက်များ၊ ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲအာမခံချက်များထဲမှ အလုပ်သမားနှင့် လုပ်ငန်းခွင်၊ အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍများအား ပြောကြားပါသည်။ ၎င်းနောက်မဲပေးစက်ဖြင့် မဲပေးခြင်းနည်းစနစ်များအား ရှင်းလင်း သရုပ်ပြပြီး တွေ့ဆုံပွဲအား ရုတ်သိမ်းခဲ့ပါသည်။