
======================




အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်း ထိုင်းနိုင်ငံသို့ထွက်ခွာ
======================
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်မည့် မြန်မာအမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်းသည် မနေ့က ထိုင်းနိုင်ငံ ချွန်ဘူရီမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့ပါတယ်။

အဆိုပါမြန်မာနိုင်ငံကိုယ်စားပြု မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အားကစားချစ်မြတ်နိုးသူ ပြည်သူများ၊ ပရိသတ်များက လာရောက်တွေ့ဆုံ အားပေးခဲ့ကြောင်းသိရပါတယ်။

မြန်မာအမျိုးသမီးဘောလုံး အသင်းသည် ဒီဇင်ဘာလ ၅ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ အသင်းနှင့် လည်းကောင်း၊ ဒီဇင်ဘာလ ၈ ရက်တွင် မလေးရှားနိုင်ငံ အသင်းနှင့်လည်းကောင်း၊ ဒီဇင်ဘာလ ၁၁ ရက်တွင် ဗီယက်နမ်နိုင်ငံအသင်းနှင့် လည်းကောင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါတယ်။