အိႏၵိယက တာေဝးဒ႐ုန္းမ်ားကို ျပည္တြင္း၌တည္ေဆာက္ရန္ ျပင္ဆင္

အိႏၵိယက တာေဝးဒ႐ုန္းမ်ားကို ျပည္တြင္း၌တည္ေဆာက္ရန္ ျပင္ဆင္
=======================
အိႏၵိယႏိုင္ငံက တာေဝးသြားဒ႐ုန္းမ်ားကို တည္ေဆာက္သြားရန္ျပင္ဆင္ေနသည္ဟု Economic Times သတင္းဌာနက ဒီဇင္ဘာလ ၁ ရက္တြင္ေဖာ္ျပထားသည္။ ယင္းသို႔ တာေဝးသြားဒ႐ုန္းမ်ားကိုတည္ေဆာက္ရာတြင္ ျပည္တြင္းျဖစ္အင္ဂ်င္မ်ား ကိုအသုံးျပဳသြားမည္ျဖစ္ေၾကာင္း သတင္းဌာနက ဆက္လက္ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ အမ်ိဳးသားေလေၾကာင္း အာကာသသုေတသနဌာနက ျပည္တြင္းျဖစ္ Wankel အင္ဂ်င္မ်ားကို အသုံးျပဳ ႏိုင္ေရးအတြက္ ျပည္တြင္းပုဂၢလိကကုမၸဏီတစ္ခုႏွင့္သေဘာတူညီခ်က္တစ္ခုကိုလက္မွတ္ထိုးထားသည္။
အဆိုပါသေဘာတူညီခ်က္အရ အမ်ိဳးသားေလေၾကာင္းအာကာသသုေတသနဌာနက ၎တို႔၏ ျမင္းေကာင္ ေရ ၃၀ အားရွိ သည့္ Wankel အင္ဂ်င္နည္းပညာကို ပုဂၢလိကကုမၸဏီသို႔လႊဲေျပာင္းေပးမည္ျဖစ္ၿပီး ယင္းကုမၸဏီ အေနျဖင့္ ေဝဟင္ေပၚတြင္ ကိုးနာရီၾကာပ်ံသန္းႏိုင္မည့္ဒ႐ုန္းမ်ားကို ထုတ္လုပ္ေပးရမည္ျဖစ္သည္။
အဆိုပါဒ႐ုန္း မ်ားအေနျဖင့္ မိုင္ ၅၆၀ အကြာအေဝးရွိပစ္မွတ္မ်ားကို ပစ္ခတ္ႏိုင္ စြမ္းရွိမည္ျဖစ္ၿပီး လက္ရွိတြင္ ထိုအင္ဂ်င္မ်ား အတြက္ အေရးႀကီးသည့္ စမ္းသပ္ပ်ံသန္းမႈဆိုင္ရာအတည္ျပဳမႈကိုရရွိထားၿပီျဖစ္ေၾကာင္းႏွင့္ ျမင္းေကာင္ေရ ၅၀ အားရွိသည့္ အင္ဂ်င္ကိုလည္း ဖန္တီးလ်က္ရွိေၾကာင္း RT သတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။
အိန္ဒိယက တာဝေးဒရုန်းများကို ပြည်တွင်း၌တည်ဆောက်ရန် ပြင်ဆင်
=======================
အိန္ဒိယနိုင်ငံက တာဝေးသွားဒရုန်းများကို တည်ဆောက်သွားရန်ပြင်ဆင်နေသည်ဟု Economic Times သတင်းဌာနက ဒီဇင်ဘာလ ၁ ရက်တွင်ဖော်ပြထားသည်။ ယင်းသို့ တာဝေးသွားဒရုန်းများကိုတည်ဆောက်ရာတွင် ပြည်တွင်းဖြစ်အင်ဂျင်များ ကိုအသုံးပြုသွားမည်ဖြစ်ကြောင်း သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။
ထို့ကြောင့် အမျိုးသားလေကြောင်း အာကာသသုတေသနဌာနက ပြည်တွင်းဖြစ် Wankel အင်ဂျင်များကို အသုံးပြု နိုင်ရေးအတွက် ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီတစ်ခုနှင့်သဘောတူညီချက်တစ်ခုကိုလက်မှတ်ထိုးထားသည်။
အဆိုပါသဘောတူညီချက်အရ အမျိုးသားလေကြောင်းအာကာသသုတေသနဌာနက ၎င်းတို့၏ မြင်းကောင် ရေ ၃၀ အားရှိ သည့် Wankel အင်ဂျင်နည်းပညာကို ပုဂ္ဂလိကကုမ္ပဏီသို့လွှဲပြောင်းပေးမည်ဖြစ်ပြီး ယင်းကုမ္ပဏီ အနေဖြင့် ဝေဟင်ပေါ်တွင် ကိုးနာရီကြာပျံသန်းနိုင်မည့်ဒရုန်းများကို ထုတ်လုပ်ပေးရမည်ဖြစ်သည်။
အဆိုပါဒရုန်း များအနေဖြင့် မိုင် ၅၆၀ အကွာအဝေးရှိပစ်မှတ်များကို ပစ်ခတ်နိုင် စွမ်းရှိမည်ဖြစ်ပြီး လက်ရှိတွင် ထိုအင်ဂျင်များ အတွက် အရေးကြီးသည့် စမ်းသပ်ပျံသန်းမှုဆိုင်ရာအတည်ပြုမှုကိုရရှိထားပြီဖြစ်ကြောင်းနှင့် မြင်းကောင်ရေ ၅၀ အားရှိသည့် အင်ဂျင်ကိုလည်း ဖန်တီးလျက်ရှိကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။



