အမ်ိဳးသမီး Nations League ခ်န္ပီယံဆုကို စပိန္အသင္း ႏွစ္ႀကိမ္ဆက္ဆြတ္ခူး

အမ်ိဳးသမီး Nations League ခ်န္ပီယံဆုကို စပိန္အသင္း ႏွစ္ႀကိမ္ဆက္ဆြတ္ခူး
================
စပိန္အမ်ိဳးသမီးအသင္းဟာ မေန႔က ယွဥ္ၿပိဳင္ခဲ့တဲ့ အမ်ိဳးသမီး Nations League ဗိုလ္လုပြဲဒုတိယအေက်ာ့မွာ ဂ်ာမနီအသင္းကို (၃-၀)ဂိုးနဲ႔ အႏိုင္ယူၿပီး ခ်န္ပီယံဆုကို ႏွစ္ႀကိမ္ဆက္ဆြတ္ခူးခဲ့ေၾကာင္း သိရပါတယ္။

အေဝးကြင္းမွာ ကစားခဲ့တဲ့ ပထမအေက်ာ့ပြဲစဥ္မွာ ဂိုးမရွိသေရက်ခဲ့ေပမဲ့ အိမ္ကြင္းမွာ ကစားရတဲ့ ဒုတိယအေက်ာ့မွာေတာ့ စပိန္အသင္းက ပီနာ(၂ ဂိုး)၊ လိုပက္ဇ္တို႔ရဲ႕ဂိုးေတြနဲ႔ အႏိုင္ယူၿပီး ခ်န္ပီယံဆု ရယူႏိုင္ခဲ့တာပါ။

အမ်ိဳးသမီး Nations League ၿပိဳင္ပြဲကို ၂၀၂၃-၂၄ ရာသီမွာမွ စတင္က်င္းပခဲ့တာျဖစ္ၿပီး အဲဒီရာသီမွာလည္း စပိန္အသင္းက ဗိုလ္စြဲခဲ့သလို၊ ဒုုတိယအႀကိမ္က်င္းပတဲ့ ဒီႏွစ္ၿပိဳင္ပြဲမွာလည္း ထပ္မံဗိုလ္စြဲခဲ့တာျဖစ္ပါတယ္။

ဒီႏွစ္ၿပိဳင္ပြဲရဲ႕ တတိယလုပြဲမွာေတာ့ ျပင္သစ္က ဆြီဒင္ကို ႏွစ္ေက်ာ့ေပါင္း(၄-၃)ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။

ဗိုလ္လုပြဲဒုတိယအေက်ာ့ရဲ႕ အေကာင္းဆုံးကစားသမားဆုကို ႏွစ္ဂိုးသြင္းခဲ့တဲ့ စပိန္တိုက္စစ္မႉး ကေလာ္ဒီယာပီနာက ရရွိခဲ့ၿပီး အခုႏွစ္ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးကစားသမားဆုကိုေတာ့ စပိန္ကြင္းလယ္ကစားသမား ပူတဲလက္စ္က ရရွိခဲ့ပါတယ္။


အမျိုးသမီး Nations League ချန်ပီယံဆုကို စပိန်အသင်း နှစ်ကြိမ်ဆက်ဆွတ်ခူး
================
စပိန်အမျိုးသမီးအသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသမီး Nations League ဗိုလ်လုပွဲဒုတိယအကျော့မှာ ဂျာမနီအသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဆုကို နှစ်ကြိမ်ဆက်ဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။

အဝေးကွင်းမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ ဂိုးမရှိသရေကျခဲ့ပေမဲ့ အိမ်ကွင်းမှာ ကစားရတဲ့ ဒုတိယအကျော့မှာတော့ စပိန်အသင်းက ပီနာ(၂ ဂိုး)၊ လိုပက်ဇ်တို့ရဲ့ဂိုးတွေနဲ့ အနိုင်ယူပြီး ချန်ပီယံဆု ရယူနိုင်ခဲ့တာပါ။

အမျိုးသမီး Nations League ပြိုင်ပွဲကို ၂၀၂၃-၂၄ ရာသီမှာမှ စတင်ကျင်းပခဲ့တာဖြစ်ပြီး အဲဒီရာသီမှာလည်း စပိန်အသင်းက ဗိုလ်စွဲခဲ့သလို၊ ဒုုတိယအကြိမ်ကျင်းပတဲ့ ဒီနှစ်ပြိုင်ပွဲမှာလည်း ထပ်မံဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ပြိုင်ပွဲရဲ့ တတိယလုပွဲမှာတော့ ပြင်သစ်က ဆွီဒင်ကို နှစ်ကျော့ပေါင်း(၄-၃)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဗိုလ်လုပွဲဒုတိယအကျော့ရဲ့ အကောင်းဆုံးကစားသမားဆုကို နှစ်ဂိုးသွင်းခဲ့တဲ့ စပိန်တိုက်စစ်မှူး ကလော်ဒီယာပီနာက ရရှိခဲ့ပြီး အခုနှစ်ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုတော့ စပိန်ကွင်းလယ်ကစားသမား ပူတဲလက်စ်က ရရှိခဲ့ပါတယ်။